အပိုင်း (၇၆၂)

178 35 0
                                    

#Unicode


လှုပ်ရှားလာတဲ့ ကြွက်ဖြူ မိစ္ဆာ။

"မဖြစ်နိုင်ဘူး။" လိုင်ချီးက ခေါင်းခါပြီး ပြောလိုက်တယ် "ငါ့ရဲံ ဘိုးအေးတွေက ကောင်ကင်ဘုံမြို့ကို ဒေါသထွက်စေတယ် ဆိုရင်တောင်မှ ငါက ငါတို့မျိးရိုးရဲ့ ကျင့်ကြံခြင်း နည်းစနစ်တွေကို ကျင့်ကြံတာ မဟုတ်ဘူး။ ဒါကြောင့် ငါ့အော်ရာတွေက ဘိုးဘေးတွေ နဲ့ မတူညီဘဲ ခြားနားတယ်။ ပြီးတော့ ဒါကတွေ နတ်ဘုရားလက်နက်တွေ ဆိုရင်တောင်မှ အကျိုးအပြတ်တွေလေ။ မျိုးရိုးအဆက်ဆက် အာရုံခံနိုင်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး"

ဆေးဆရာ က ထပ်ပြောလိုက်တယ် "ရှေးကောင်ကင်ဘုံမြို့ က ကပ်ဘေးလွန် တွေက လိုင်ချီးရဲ့ ဘိုးဘေးတွေကို ကျိန်စာ တိုက်ခဲ့တယ်ဆိုရင်တောင်မှ အလကားပဲ။ ကျိန်စာ ဆိုတာက မျိုးရိုးတစ်ဆက်စာ ကိုပဲ ထိရောက်နိုင်တယ်။ ပြီးတော့ ကျိန်စာဆိုတာ မျိုးက ထောက်လှမ်းလို့ ရနိုင်တယ်။ ကျင့်ကြံသူတစ်ယောက်က သတိမထားမိဘူး ဆိုတာမဖြစ်နိုင်ဘူး"

ရူဟန်က မေးပွတ်ပြီဒး အတွေးနက်နေတယ်။

သူက သဲလွန်စတွေကို စုစည်းပြီးချိန်မှာတော့ ရုတ်တရက် ဉာဏ်အလင်းရလိုက်တယ်။

ရှေးကောင်းကင်ဘုံမြို့က ကပ်ဘေးလွန်တွေရဲ့ နတ်ဘုရား လက်နက် အပိုုင်းအစ တွေ ....

ကြည်လင်သလင်း ခန်းမဆောင် အတွက် ကလဲ့စား ...

ရီစင့်က လိုင်ချီး ခန္ဓာကိုယ်ဆီမှ မိခင်အငွေ့အသက်ကို ရတယ် ....

ဒီသဲလွန်စတွေကိုစုစည်းမိလိုက်တော့ ရူဟန်က ရီစင့်ကို မွေးဖွားပေးတဲ့ စိတ်ဝိညာဉ်ကောင်ကို မစဉ်းစားဘဲ နေလို့ မရတော့ပါဘူး။

ရီစင့်ရဲ့ မိသားစု အဆက်ဆက် လက်ဆင့်ကမ်းလာတဲ့ စိတ်ဝိညာဉ်ကောင် က ဘယ်ကမှန်း ဘာမှန်း မသိပါဘူး။ သူသိတာ တစ်ခုက ဒီစိတ်ဝိညာဉ်ကောင်ကို မိသားစု အဆက်ဆက် လက်ဆင့်ကမ်း ခဲ့တာ ဖြစ်ပြီး သူတို့နှစ်ယောက် က စိတ်ဝိညာဉ် သဘောတူညီမှု ပြုလုပ်ခဲ့ကြတာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် နီးကပ်တဲ့ ဆက်ဆံရေးမျိဲုး ရှိတယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now