အပိုင်း (၇၉၁)

173 39 0
                                    


#Unicode


ငါဟောပေးခဲ့တဲ့ ဟောကိန်းက တကယ်မှန်ခဲ့ တာပဲ။

သူက အသွင်ပြောင်းရင်ထိုးအစွမ်းနဲ့ ဟော့ခ် လို ခန္ဓာကိုယ်ကြီးကို ဖျောက်လို့ရပါတယ်။ ဒါပေမဲ့ မှော်နည်းစနစ် နဲ ့အနံ့ကိုဖျောက်လို့ မရပါဘူး။

ဒါကြောင့်ရေချိုးပြီး အနံ့ပျောက်အောင် လုပ်မှ ဖြစ်ပါလိမ့်မယ်။

အခု သူ့မှာ စီနီယာနှင်းဝံပုလွေ ပေးထားတဲ့ ပန်းတစ်ရာတောင်ကြား ဆပ်ပြာ ရှိနေပါပြီ။ ဒီအနံ့တွေ ပျောက်သွားရင် အကောင်းဆုံးပါပဲ။ အရောင်ပါကျွတ်သွားမယ် ဆိုရင် ပိုပြီး ကောင်းပါလိမ့်မယ်။

❄️❄️❄️

အခန်းနဲ့ အတူ တွဲပါနေတဲ ့ရေချိုးခန်းက တော်တော်ကြီး ကြီးမားပါတယ်။

ရေချိုးခန်းထဲကို ဝင်လိုက်ပြီးတဲ့နောက် သူက အနောက်တိုင်းသား ဘုန်းကြီးနဲ ့ လဲလှယ်ထားတဲ ့ တာအို ဝတ်စုံကို သိမ်းလိုက်တယ်။ ကံကောင်းတာက တာအိုဝတ်စုံက ဆွဲသားဖြစ်နေတာပါပဲ။ မဟုတ်ရင် သူ့ခန္ဓာကိုယ်ကြီးမားသွားချိန်မှာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားမှာပါ။

ဒါပေမဲ့ တာအိုဝတ်စုံ အောက်မှာ ရှိတဲ ံအဝတ်ကတော ့ကံမကောင်းပါဘူး။

ရူဟန်က စုတ်ပြတ်နေတဲ ့ဝတ်စုံကို လွှတ်ပစ်လိုက်ပြီး ရေချိုးကန်ထဲ ဆင်းဖို့ ပြင်လိုက်တယ်။

ဒါပေမဲ့ နောက်တော့ သူရုတ်တရက် ရပ်တန့်သွားပါတယ်။

ရေချိုးခန်း မှန်ရှေ့မှာ ဆံပင်အပြာ နဲ့ အမျိုးသမီး တစ်ယောက်က ထိုင်နေတာကို သူြုမင်လိုက်ရတယ်။ ကြည့်ရတာ မိတ်ကပ်လိမ်းနေပုံပါပဲ။

အမျိုးသမီးရဲ ့အပြာရောင်ဆံပင်တွေက အရမ်းရှည်လျားပြီး တောက်ပ နူးညံ့တယ်။

သူမ က မှန်ရှေ့မှာ ထိုင်နေချိန်မှာတော့ သူမရဲ ့ဆံပင်အပြာရောင်တွေက မြေပြင်နဲ့ ထိတွေ့နေတယ်။ ပုခုံးပေါ်ကနေ ဝတ်ရုံတစ်ခု ချထားသလို ပါပဲ။

သူမ ရဲ ့အသားအရောင် က နှင်းလို ဖြူဖွေးနေတယ်။ သူမ က တရုတ်ကပြားပုံစံ ပေါက်နေပါတယ်။ သူမ ရဲ ့မျက်နှာသွင်ပြင် ကတော့ အရှေ့တိုင်းသား အသွင် ရှိတယ် ဆိုပေမဲ့ ကို်ယ်ခန္ဓာတည်ဆောက်ပုံကတော့ အနောက်တိုင်းသားတွေ လိုပါပဲ။ သူမ ရဲ ့မျက်တောင်တွေကလည်း အပြာရောင်ဖြစ်ပြီး ကြည့်ကောင်းလှတယ် ။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now