အပိုင်း (၇၇၂)

170 38 0
                                    


#Unicode


တောက်ပတဲ့ ကျောင်းတော်သား ပြန်လာခြင်း။

စီနီယာလှိုင်းသုံးခု ရဲ့ အကောင့် ထဲကို ငွေထည့်ပြီးတဲ့နောက် ရူဟန်က သူ့ဖုန်းကို ပြန်သိမ်း လိုက် တယ်။

တစ်ချိန်တည်းမှာပဲ ကြီးမြတ်တဲ့အဖြူ နဲ့ လိုင်ချီး တို့က ပုခုံးပေါ်မှာ ကင်မရာကို ထမး်ပြီး အဆင့်ငါး မိစ္တာတွေ ရှိတဲ့ အထပ်ကနေ ဆင်းသက်လာတယ်။ သူတို့ရဲ့ အမူအရာက အရမ်းကို စိတ်ကျေနပ်နေပုံပေါ်တယ်။ လမ်းမှာတော့ ကြီးမြတ်တဲ့အဖြူ က ရူဟန်တို့ သုံးယောက် အဖွဲ့ကို မြင်လိုက်တယ်။ လက်ဝေ့ယမ်း ပြလိုက်တယ် "အိုး.. ရူဟန် .. မင်းတို့ မိစ္ဆာဘယ်နှစ်ကောင် သတ်ပြီးပြီလဲ"

"ငါတို့ စုပြီး သတ်တာ အဆင့်လေး မိစ္ဆာ ၁၅၀၀ ကျော် သတ်နိုင်ခဲ့ပြီ။" ရူဟန်က ပြန်ပြောလိုက်တယ် "ဒါက မင်းရဲ့ ကြယ်ပျံဓားကျေးဇူးပဲ .. စီနီယာ"

"ဟားဟား .. ဒါဆို .. မင်းတို့တွေ ဆက်သတ်ကြ" ကြီးမြတ်တဲ့ အဖြူက ခေါင်းညိတ်ကာ ပြောလိုက်တယ်။

ကြည့်ရတာ သူက ကြယ်ပျံဓားကို ပြန်ယူဖို့ ရည်ရွယ်ချက် ရှိသေးပုံ မပေါ်ပါဘူး။ ပြီးတော့ ဒီအချိန်မှာ သူ့အတွက် အသုံးလည်း မလိုသေးပါဘူး။

"ကောင်းပြီ။ စီနီယာအဖြူ .. ကျောင်းတော်သားတွေဆိက စီနီယာ တော်တော်များများ က အဆင့်ရှစ် မိစ္ဆာတွေကို သတ်ဖို့ အခွင့်အလမ်း ရှိတယ်လို့ ထင်လား။" ရူဟန် က မေးလိုက်တယ်။

"အင်း .. ငါတို့က သာမာန်အဆင့်ရှစ် မိစ္ဆာတွေ အကြောင်းကို ပြောမယ်ဆိုရင် ကျောင်းတော်သား တွေက အနိုင်ယူနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီတစ်ခါလာတဲ့အဆင့်ရှစ် မိစ္ဆာတွေက နည်းနည်း ထူးဆန်းတယ်" ကြီးမြတ်တဲ့အဖြူ က သူ့မေးစေ့ကို ပွတ်လိုက်တယ်။

"အမ်.. တစ်ခုခု မှားနေ တာလား။ ဒါက သာမာန် အဆင့်ရှစ်တွေ မဟုတ်ဘူးပေါ့။ဒါဆို စိနီယာအဖြူ မင်းသူတို့နဲ့ တိုက်ခိုက်မယ် ဆိုရင် ရင်ဆိုင်ဖို့ နည်းလမ်းရှိလား။" ယုကျောင်းကျောင်း က စိတ်ဝင်တစား နဲ့ မေးလိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now