အပိုင်း (၇၉၆)

168 34 0
                                    


#Unicode


အမှိုက်လေး.. မင်းက စွမ်းရည် တစ်ချို့တော ့ရှိတာပဲ။

စွမ်းအင် အရင်းအမြစ် အကြောင်းပြောရမယ် ဆိုရင် ဒီရတနာအိမ် က စိတ်ဝိညာဉ်ကျောက်တုံးတွေ အများဆုံးရှိနေတာ မဟုတ်လား။. ရူဟန်က ဆိုးရွားတဲ ့ခံစားချက်ကို ရရှိနေတယ်။

သူ့ခန္ဓာကိုယ်ထဲက ကလာပ်စည်း က ဒီစိတ်ဝိညာဉ်ကျောက်တုံးတွေကို မစုပ်ယူဘဲ စွမ်းအင် အရင်းအမြစ် အဖြစ် အသုံးပြုပြီး သေးငယ်တဲ ကမ္ဘာလေးကို ဖန်တီးလိုက်နိုင်မယ် မဟုတ်လား။

ဒါပေမဲ့ ဒီလိုသာ လုပ်မယ ်ဆိုရင် စိတ်ဝိညာဉ် ကျောက်တုံး ဘယ်လောက်များများ လိုမလဲ။

ချီးတဲ့မှ .. ဒါဆိုရင်တော့ ပြဿနာတက်ပြီ။

ကျောင်းတော်သားနယ်မြေ က ရွှေကြာပန်းကြီးကို နှစ်တစ်ထောင်လောက် ကျွေးမွေးခဲ့ရတာပါ။ သူတို့က မိစ္ဆာတွေကို လိုက်လံရှာဖွေ သတ်ဖြတ်ပြီး ညစ်စုတ် ရေကန် ထဲကို ပစ်ထည့်ပြီး လိုအပ်တဲ ့စွမ်းအင်တွေ ရအောင် ပြုလုပ်ခဲ့ရပါတယ်။

ဒီလို နှစ်တစ်ထောင်စာ စွမ်းအင်တွေကို စိတ်ဝိညာဉ်ကျောက်တုံးနဲ ့လဲလှယ်မယ်ဆိုရင် သေချာပေါက် ကြီးမားတဲ ့ကိန်းဂဏန်း ကြီး တစ်ခု ဖြစ်လာပါလိမ့်မယ်။

သူ့နှလုံးချက်ကရာထဲက ကလာပ်စည်းတွေက ဒီစိတ်ဝိညာဉ်ကျောက်တုံးတွေကို စုပ်ယူမယ် ဆိုရင် ကြီးထွားဖို့ ဘယ်လောက်တောင် လိုအပ်မလဲ။ ဒီ ရတနာအိမ် ထဲက စိတ်ဝိညာဉ် ကျောက်တုံးတွေတောင် လောက်ချင်မှ လောက်မှာပါ။

ထပ်ပြောရရင် ရွှေ့ကြာပန်း က စီနီယ ာအဖြူရဲ့ ရတနာအိမ်ထဲက စိတ်ဝိညာဉ်ကျောက်တုံးတွေကို စုပ်ယူလိုက်မယ်ဆိုရင် ရူဟန်က အကြိမ်ပေါင်းများစွာ ကိုယ့်ကိုယ်ကိုယ် ရောင်းပြီး ပြန်ဆပ်ရင်တောင် ဒါကို ဆပ်နိုင်မှာ မဟုတ်ပါဘူး။

ဒါကြောင့် သူက စိုးရိမ်တကြီး နဲ့ အော်လိုက်တယ် "စီနီယာ အဖြူ .. ဒီရတနာအိမ်ထဲက မြန်မြန်ထွက်သွား ရအောင်"

စီနီယာ အဖြူရဲ့ ရတနာအိမ်ထဲမှာရှိတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေကို သူ့နှလုံးချက်ကရာ ထဲက ကလာပ်စည်း က စုပ်ယူနေပြီ ဆိုရင် သူတို့ ထွက်သွားမှ ဖြစ်ပါလိမ့်မယ်.။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now