အပိုင်း (၈၄၄)

150 32 0
                                    


#Unicode


လူငယ်လေး ။ မင်းကို ရွှေဒင်္ဂါး ငါးစေ့ နဲ့ ရောင်းပေးမယ်။ လိုချင်လား။

လက်ဝါးရိုက်ချက် က အလွန့်အလွန် အားကောင်းလှတယ်။ သန်မာတဲ့ ခန္ဓာကိုယ်ရှိပြီး လိပ်ကို အကာအကွယ် ကောင်းတဲဲ့ ခေါင်းတုံးကြီးက မြေပေါ်ကို ဒူးထောင်ကျသွားတယ်။

ခေါင်းတုံးကြီးရဲ့ မျက်လုံးတွေက မျက်တွင်းထဲက ထွက်ကျလုမတတ် ဖြစ်သွားတယ်။ ကြည့်ရတာ ဒီနာကျင်မှုကို စကားလုံးနဲ့တောင် ဖော်ပြလို့ မရနိုင်ပုံပေါ်တယ်။ သူက အော်လဲမအော်ပါဘူး။ နေရာမှာ တစ်ချက်တည်း မေ့မျောသွားခဲ့တယ်။

လူကြီးက သူ့လက်ကို ဆန့်တန်းပြီး ခေါင်းတုံးကြီး မြေကြီး နဲ့ မျက်နှာ နဲ့ ရိုက်ပြီး အသက်ထွက် မသွားအောင် လှမ်းဆွဲထားလိုက်တယ်။

ပြီးနောက် ခေါင်းတုံးကြီးကို ဘေးတစ်ဖက်ဆီ ပစ်လွှတ်လိုက်တယ်။

"တာအိုရောင်းရင်းလေး .. မင်းအဆင်ပြေလား" စီနီယာက ပြုံးကာ မေးလိုက်တယ်။

မွန်းစတား အမဲလိုက်သူ လူငယ် က သူ့ရှေ့က စီနီယာကို ကြည့်လိုက်တယ်။ တစ်ဖက်လူက အားကောင်းလှပြီး ခိုင်မာတဲ့ တောင်တန်းကြီးတစ်ခု လို အားကောင်းလှတဲ့ အမူအရာ တွေ ထင်ပေါ်နေတယ် "စီနီယာ.. ငါ့အသက်ကို ကယ်ပေးတာ ကျေးဇူးပါ"

"သူငယ်ချင်းလေး .. အားနာစရာ မလိုပါဘူး။" စီ်နီယာက ပြုံးလိုက်တယ်။ ပြီးနောက် ပြောလိုက်ပါတယ် "ငါက အစစ်အမှန် နတ်ဘုရား တောင်ဝါကြီးပါ။ ဒီနေရာက ဖြတ်သွားတုန်း မင်းတို့ ဖြစ်ပျက်နေတာကို မြင်ခဲ့ရတာ။ တာအိုရောင်းရင်းလေး မင်းရဲ့ စိတ်ဓာတ် အမူအကျင့်က တော်တော်ကောင်းတယ်။

အခု ရောက်လာသူကတော့ ကိုးစီရင်စု မာဖီးယားဂရုရဲ့ ဂိုဏ်းချုပ် ... အဟွတ်.. ဂရုတည်ထောင်သူ အစစ်အမှန် နတ်ဘုရား တောင်ဝါကြီးက လွဲပြီး တခြားသူ မဟုတ်ပါဘူး။

မနေ့တုန်းက သူ့အနေနဲ့ တစ်ချို့သော ကိစ္စသေးလေး တွေကို ပြုလုပ်ပြီးနောက် ဝန်ကျန်း မြို့ဆီ ဦးတည်လာခဲ့တာ ဖြစ်တယ်။ သူ့ရဲ့ရည်ရွယ်ချက်က ကြီးမြတ်သူ အဆင့်ကို တက်လှမ်းဖို့ တံခါးပိတ် ကျင့်ကြံမှု မပြုခင်မှာ လူတစ်ယောက်ကို ဖမ်းဆီးဖို့ပါ။ တံခါးပိတ်ကျင့်ကြံနေတုန်း သူ့အိမ်ကို ပြောင်သလင်းခါအောင် လုပ်သွားမယ့် လူကို လွှတ်ထားလို့ မဖြစ်ပါဘူး။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now