အပိုင်း (၇၆၃)
168 39 0
#Unicode
တကယ်တော့ ငါက ဓားမော့ သယ်ဆောင်သူ စုဝမ်ကျူပဲ။
မိစ္ဆာကြွက်ဖြူက ကျောင်းတော်သားတွေရဲ့ စစ်ထုတ်ခြင်း ပိုက်ကွန်ရဲ့ အစွမ်း မသက်ရောက်တဲ့ အပြင် အဆင့်လေး ထိပ်ဆုံးမိစ္ဆာပါ။ သူ့ရဲ့ တိုက်ခိုက်မှုကို ရှောင်ရှားဖို့ မလွယ်ပါဘူး။
ရူဟန်နောက်မှာ ရှိနေတဲ့ အားရှီလျှူ တောင်မှ မိစ္ဆာကြွက်ဖြူကို ရပ်တန့်ဖို့ အချိန်မရလိုက်ပါဘူး။
ရူဟန်က မျက်လုံးပြူးသွာတယ်။ သူက မျက်လုံးချက်ကရာရဲ့ သန္ဓေစွမ်းအင် ဖြစ်တဲ့ ကျွမ်းကျင်အမြင် ကိုချက်ချင်း အသက်သွင်းလိုက်တယ်။ ဒီစွမ်းရည်က အရင်တုန်းကထက် ပိုမို အာကောင်းလာခဲ့ပါပြီ။ သူက တတိယအဆင့်ကိုတောင် ရောက်ရှိနေပြီဖြစ်တာကြောင့် ကျည်ဆန်ကိုတောင် မြင်ရတဲ့ အခြေအနေ ထိ ရောက်ရှိနေပြီဖြစ်တယ်။
သူ့မျက်လုံးချက်ကရာ ရဲ့ သန္ဓေစွမ်းအင်ကို ကျေးဇူးတင်ရပါတယ်။ ခက်ခက်ခဲခဲ နဲ့ ကြွက်ဖြူ ရဲ့ အရိပ်ကို မြင်လိုက်ရတယ်။ ဒါပေမဲ့ ကြွက်ဖြူက အရမ်းမြန်လွန်းတာကြောင့် သူ့ရတနာဓားမော့ကို မြှောက်ပြီး ကာကွယ်ဖို့ အချိန်တောင်မှ မရှိတော့ ပါဘူး။
ဒါကြောင့် ကြွက်ဖြူ ရဲ့ ညာဘက်ခြေထောက်က သူ့ရင်အုံကို ကန်ကျောက်လိုက်တာကို အကူအညီမဲ့စွာနဲ့ ကြည့်နေရပါတော့တယ်။
"ဘန်း" ရူဟန်က လွင့်စင်သွားတယ်။
ဒီကန်ချက် က တော်တော်ကြီး အထိနာပါတယ်။ ကြွက်ဖြူမိစ္ဆာက သေးငယ်ပြီး ချစ်စရာလေး ဆိုပေမဲ့ သူ့ရဲ ကန်ချက်ကတော့ ကြောက်ခမန်းလိလိပါပဲ။ ရူဟန်က ကားနဲ့ အတိုက်ခံလိုက်ရသလို ခံစားလိုက်ရြ့ပီး ရင်ဘတ်ဆီက စူးရှတဲ့နာကျင်မှုကို ခံစားလိုက်ရပြီး အသက်တောင် ကောင်းကောင်း မရှုနိုင်ဘူး ဖြစ်သွားတယ်။
လေထဲမှာတော့ မိစ္ဆာကြွက်ဖြူ က ပြုံးလိုက်တယ်။ သူ့ဟန်အမူအရာက လူသားတစ်ယောက်လိုပါပဲ။
ပြီးနောက် သူက လက်ကို ဆန့်တန်းပြီး ခါးမှ သွားကြားထိုးတံ ကို ထုတ်ယူလိုက်တယ်။ မဟုတ်ဘူး.. ဒါက သွားကြားထိုးတံ မဟုတ်ဘူး။ ချွန်ထက်တဲ့ ဓားတစ်ချောင်းပါ။
မိစ္ဆာအော်ရာတွေက သွားကြားထိုးတံ အရွယ်ဓားဆီကနေ ရုတ်တရက် ထွက်ပေါ်လာတယ်။ ဒါက အဆင့်လေး လူသားကျင့်ကြံသူ တွေဆီမှာ ရှိတဲ့ သန္ဓေအစစ်အမှန် ယန် စွမ်းအင်နွှဲ တူညီတဲ့ ငရဲပြည်ရဲ့ မိစ္ဆာအစစ်အမှန် ယန် စွမ်းအင်တွေပါ။
ပြီးနောက် မိစ္ဆာကြွက်ဖြူက သူ့ဓားကို ဝေ့ယမ်းပြီး နောက်ကျောဆီက ဝင်လာမယ့် တိုက်ခိုက်မှုကို ကာကွယ်လိုက်တယ်။
ဒီသေးငယ်တဲ့ သွားကြားထိုးတံ အရွယ် ဓားလေးက အားရှီလျှူ ရဲ့ ဓားမော့ အလင်းကို တားဆီးလိုက်တယ်။ ထပ်ပြောရရင် ဒီမိစ္ဆာက ဓားကို လက်တစ်ဖက် နဲ့ ကိုင်ဆွဲ အသုံးပြုနေတာပါ။
အားရှီလျှူ ရဲ့ တိုက်ခိုက်မှုကို ဖယ်ရှားပြီးတဲ့နောက် ကြွက်ဖြူ က ထူးမခြားနား သလို ပြောလိုက်တယ် "မင်းငါ့ကို မယှဉ်နိုင်ဘူး. မိန်းကလေး"
ပြောပြီးတဲ့နောက် သူက လက်ထဲက ဓားကို ဝေ့ယမ်းလိုက်တယ်။
နောက်တော့ အားရှီလျှူက သူမ ဓားမော့ဆီကို ပြင်းထန်တဲ့အားအင် သက်ရောက်လာတယ်လို့ ခံစားလိုက်မိပြီး နောက်ကို ခြေသုံးလှမ်းဆုတ်သွားတယ်။ သူမလက်ထဲက ဓားမော့က လွတ်ကျမလို တောင်ဖြစ်သွားတယ်။
ကြွက်ဖြူ မိစ္ဆာက ခန္ဓာကိုယ်သေးငယ်တယ် ဆိုပေမဲ့ ကြောက်စရာ စွမ်းအင်တွေကို ပိုင်ဆိုင်ပါတယ်။
❄️❄️❄️
"မိစ္ဆာသတ်ဖြတ်ခြင်း ကောင်းကင်ဘုံ နဂါး ခုတ်ပိုင်းချက်" ရူဟန်က နောက်ဆုံးမှာတော့ သူ့ကိုယ်သူ ထိန်းနိုင်ခဲ့ပြီ ဖြစ်တာကြောင့် တိုက်ခိုက်ဖို့ အခွင့်အရေးကို ရှာလိုက်တယ်။
သူက အေးစက်စက် အော်ဟစ်လိုက်ပြီး လက်ထဲက ရတနာဓားမော့ကို လှည့်လိုက်တယ်။ ဓားသွားပေါ်မှာ မီးတောက်တွေက စတင်တောက်ပလာခဲ့တယ်။ ပြီးနောက် ဓားမော့ခုတ်ပိုင်းချက် က မိစ္ဆာကြွက်ဖြူ ဆီကို ထောင့်ဖြတ် အနေအထား နဲ့ တိုးဝင်သွားတယ်။
မိစ္ဆာကြွက်ဖြူ ဒီလှပတဲ့ နာမည်ဆန်းဆန်းကို ကြားတော့ ရုတ်တရက် အံ့အားသင့်သွားတယ်။ သူရထားတဲ့ သတင်းအချက်တွေ ထဲမှာ ဒီရူဟန်က ဒီလို ဆနးပြားကောင်းမွန်တဲ့ နည်းစနစ်တွေကို မတတ်ကျွမ်းပါဘူး။ လတ်တလော သင်ယူထားတာလား။
ဒါပေမဲ့နောက်တော့ သူက ရူဟန် ရဲ့ ဓားမော့ ပေါ်က မီးတောက်တွေကို မြင်လိုက်တယ်။
"........" မိစ္ဆာကြွက်ဖြူ ရဲ့ နှုတ်ခမ်းတွေက တုန်ရီသွားတယ် "ငါက ကျောင်မတက်ခဲ့ရဘူးဆိုပြီး ကောင်းကောင်းလှည့်စားလို့ရမယ်လို့ ထင်တယ်ပေါ့။ ဒါက မီးတောက် ဓားမော့ နည်းစနစ် မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး မိစ္ဆာသတ်ဖြတ်ခြင်း ကောင်းကင်ဘုံ နဂါး ခုတ်ပိုင်းချက် ဖြစ်သွားတာလဲ"
သူက ဒီလို ကောင်းမွန်ဆနး်ပြားတဲ့ နာမည်ကို အော်လိုက်တာက သူ့ရဲ့ ယုံကြည်မှုကို တိုးမြင့်စေတယ်။ ပြီး တော့ ဒီလို နာမည်က ရန်သူက တွေဝေသွားနိုင်တယ် မဟုတ်လား။
ဒီလှည့်စားနည်းကို ရူဟန်က ချူမိသားစု နဲ့ မှော်ဓားကျောင်း တိုက်ပွဲမှာ တုန်းက ရခဲ့တာပါ။
မီးတောက်တွေ တောက်လောင်နေတဲ့ ဓားမော့ က မိစ္တာကြွက်ဖြူ ဆီကို ဝင်ရောက်သွားတယ်။
တစ်ချိန်မှာပဲ နောက်မှာ ရှိနေတဲ့ အားရှီလျှူ က သူမရဲ့ ဓားမော့အတိုလေးကို ဆုပ်ကိုင်ပြီး ရှေ့ကို ခုတ်ပိုင်းဖို့ အခွင့်အရေး စောင့်နေတယ်။ သူမ က ရူဟန်နဲ့ ပူးပေါင်းပြီး ထပ်မံခုတ်ပိုင်း လိုက်ပြန်တယ်။ အားရှီလျှူ နဲ့ ရူဟန်တို့ ပူးပေါင်း တိုက်ခိုက်မှုကို ရင်ဆိုင်စဉ်မှာတော့ ကြွက်ဖြူမိစ္ဆာ က ပြောင်စပ်စပ် နဲ့ ပြံုးလိုက်တယ် "အခု အချိန်ကျပြီ"
နောက်တော့ ရူဟန်ရဲ့ ရင်ဘတ်ဆီကနေ မျက်စိကန်းလောက်အောင် တောင်ပတဲ့ သင်္ကေတ ရောင်စဉ်တွေ ထွက်ပေါ်လာတယ်။ မိစ္ဆာကြွက်ဖြူ က ရူဟန်ကို ကန်ရင်း ဒီသင်္ကေတ တွေကို ချန်ထားခဲ့တာပါ။
သင်္ကေတ ရဲ့ အလင်းတွေက ရူဟန် နဲ့ မိစ္ဆာကြွက်ဖြူ တို့ကို ဖုံးလွှမ်းသွားတယ်။
❄️❄️❄️
"ဝှစ်"
အားရှီလျှူက မိစ္ဆာကြွက်ဖြူကို ခုတ်ပိုင်းလိုက်ချင်းချင်း မှာပဲ မျက်မှောင်ကုတ်သွားတယ်။ သူမရဲ့ ခုတ်ပိုင်းချက်က မိစ္ဆာကြွက်ဖြူရဲ့ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားတယ် ဆိုပေမဲ့ လေကို ခုတ်ပိုင်းမိသလိုပါပဲ။
ဒါက သင်္ကေတဆီက ထွက်လာတဲံ့ ဆန်းကျယ်တဲ့ အလင်းတွေကြောင့်ပါပဲ။
ရူဟန်ရဲ့ ရင်ဘတ်ဆီက ထူးဆန်းတဲ့ အလင်းတွေ သူနဲ့ မိစ္ဆာကြွက်ဖြူ တို့ကို ဖုံးအုပ်ပြီး သီးသန့် ကမ္ဘာကြီး တစ်ခုကို ရောက်ရှိသွားစေပါတယ်။ အားရှီလျှူကတော့ တခြားကမ္ဘာတစ်ခု မှာ ကျန်ခဲ့သလိုပါပဲ။
ဒါကြောင့် အားရှီလျှူ ရဲ့ ဓားမော့ တိုက်ခိုက်ချက်က မထိရောက်တာပါပဲ။
ဘာကြောင့် ဒီလို အဆင့်လေး မိစ္ဆာကြွက်ဖြူ က တည်နေရာစွမ်းအင်ကို အသုံးပြုနေနိုင်တာလဲ။
အားရှီလျှူက သူမရဲ့ ဓားမော့တိုလေးကို ပြန်သိမ်းလိုက်တယ်။
နောက်ောတ့ သူမ က ခေါင်းမော့ပြီး အဆင့်ငါး မိစ္ဆာအထပ်မှာ ရှိတဲ့ ကြီးမြတ်တဲ့အဖြူကို လျှိုှုဝှက် အသံပို့ နည်းစနစ် နဲ့ ဆက်သွယ်လိုက်တယ် "စီနီယာအဖြူ .."
ဒီအချိန်မှာတော့ သူတို့ က စီနီယာ အဖြူကို အကူအညီတောင်ရုံကလွဲပြီး တခြားမရှိတော့ ပါဘူး။ ပြီးတော့ တည်နေရာ စွမ်းအားကို အသုံးပြုနိုင်တာ စီနီယာ အဖြူ တစ်ယောက်တည်း ရှိပါတယ်။
❄️❄️❄️
အားရှီလျှူ ရဲ့ ဓားမော့ တိုက်ခိုက်ချက်က ပစ်မှတ်ကို လွဲသွားပြီးနောက် ရူဟန်ရဲ့ မီးတောက် ဓားမော့ နည်းစနစ် ကလည်း ဒီလိုပါပဲ။
ရူဟန်က သူ့ရင်ဘတ်ပေါ်က ထွက်လာတဲ့ မျက်စိကောင်းလောက်စေတဲ့ အလင်းတွေကြောင့် ခဏတာ ကန်းမလို ဖြစ်သွားတယ်။ ဒါကြောင့် မီးတောက်ဓားမော့ ရဲ့ တိုက်ခိုက်မှုကလည်း လွဲချော်သွားတယ်။
မိစ္ဆာကြွက်ဖြူ က ဓားကို ပြန်သိမ်းလိုက်ပြီး ရူဟန်ရှေ့မှာ တိတ်တဆိတ်ရပ်နေတယ်။ သူက ဓားမော့ တိုက်ခိုက်မှုကို မရှောင်ပါဘူး။ ဒီတိုက်ခိုက်ချက် က သူ့ကို မထိခိုက်မိစေဘူး ဆိုတာကို ကြိုသိနေပုံ ပေါ်တယ်။
သူ့ရဲ့ ဓားမော့ တိုက်ခိုက်ချက်က ပစ်မှတ်ကို မထိမိစေဘူး ဆိုတာ သိလိုက်တဲ့နောက် ရူဟန် က ချက်ချင်း ပဲ နောက်ဆုတ်လိုက်တယ်။ သူက ကြွက်ဖြူ မိစ္ဆာရဲ့ အမြန်နှုန်းကို မြင်ဖူးပြီးသားပါ။ ဒါကြောင့် တဖက်ရန်သူကို အခွင့်အရေး ပေးလို့ မဖြစ်ပါဘူးး။
ဒါပေမဲ့ မိစ္ဆာကြွက်ဖြူ က အခွင့်အရေးကို အရယူပြီး တန်ပြန် မတိုက်ခိုက်ပါဘူး။
လက်နောက်ပစ်ကာ သက်တောင့်သက်သာ နဲ့ နေရာမှာပဲ ရပ်နေတယ်။
သူ့အမြင်တွေ ပြန်ရပြီးတဲ့နောက် ရူဟန်က ဘာမှမပြောဘဲ လက်နောက်ပစ်ကာ ရပ်နေတဲ့ ကြွက်ဖြူမိစ္ဆာ ကို ကြည့်လိုက်တယ်။
ဒါပေမဲ့ ဒီအချိန်မှာပဲ မိစ္ဆာက ပါးစပ်ဟပြီး ပြောလိုက်တယ် "တိုက်ပွဲ စင်မြင့်က ဖန်တီးပြိးသွားပြီ။ မင်းက စွန်းရူဟန် မဟုတ်လား။ မင်းနဲ့ ငါနဲ့ သေတဲ့ အထိ တိုက်ခိုက်ကြတာပေါ့"
ပြီးနောက် ရူဟန် နဲ့ မိစ္ဆာကြွက်ဖြူ တို့က ထူးဆနး်တဲ့ အလင်းတန်းတွေရဲ ဆွဲငင်ခြင်းကို ခံလိုက်ရပြီး အဆင့်လေး မိစ္ဆာတွေရှိတဲ့အထပ်ရဲ့ အပေါ်လေဟာနယ် ထဲကို ရောက်ရှိသွားတယ်။ မကြာမီမှာပဲ ထူးဆန်းတဲ့ အလင်းတွေက ပြန့်နှံ့သွားပြီး ကြီးမားတဲ့ ပြိုင်ကွင်းကြီး တစ်ခု အဖြစ် ပြောင်းလဲသွားတယ်။
အားရှီလျှူ နဲ့ တခြားလူတွေက ပြိုင်ကွင်းကြီးကို ကောင်းကောင်းမြင်နေရပါတယ။် ဒါပေမဲ့ တခြားဒိုင်းမေးရှင်း တစ်ခုကို ရောက်ရှိနေတာကြောင့် ထိကိုင်လို့ မရပါဘူး။
"တကယ်တော့ ငါက ရူဟန် မဟုတ်ဘူး" ရူဟန်က ခပ်တည်တည် နဲ ပြောလိုက်တယ်။ "ငါက ဓားမော့ သယ်ဆောင်သူ စုဝမ်ကျူပဲ"
မိစ္ဆာကြွက်ဖြူ က ကြောင်တောင်တောင် ဖြစ်သွားတယ်။ သူတို့ ပထမဆုံး ဆုံကြတယ် ဆိုပေမဲ့ ဒီကြွက်ဖြူက သူမျက်စိကန်းမလို ဖြစ်နေတာကို အခွင့်ကောင်း ယူြ့ပီး မတိုက်ခိုက်ပါဘူး။ ဒါအပြင် ထူးဆန်းတဲ့ ပြိုင်ကွင်းတစ်ခုကို ဖန်တီးခဲ့ပါသေးတယ်။ ဒါက ထူးဆန်းတယ်။ အရမ်း ထူးဆန်းတယ်။ ဒါကြောင့် ရူဟန် က သူ စွန်းရူဟန် ဖြစ်ကြောင့် ငြင်းဆိုလိုက်တာ ပဲ ဖြစ်တယ်။
အောက်မှာတော့ အားရှီလျှူ၊ ယုကျောင်းကျောင်း၊ ဆေးဆရာ နဲ့ ခရမ်းရောင်မြူနှင်းတို့က အတူတူ စုစည်းမိသွားကြတယ်။
ထူးဆန်းတဲ့ အလင်းတွေ နဲ့ ပြုလုပ်ထားတဲ့ပြိုင်ကွင်းက တခြား ဒိုင်မေးရှင်း တစ်ခုမှာ တည်ရှိနေတာ ဖြစ်ပြိး အသံတောင်မှ ဖြတ်သန်း မသွားပါဘူး။
ဒါပေမဲ့ အားရှိလျှူ နဲ့ ကျန်တဲ့သူတွေက ရူဟန်ရဲ့ နှုတ်ခမ်းကို ဖတ်နိုင်ပါတယ်။
ရူဟန် ရဲ့ နှုတ်ခမ်း အသွားအလာ ကို ဖတ်ပြီးတဲ့နောက် အားလုံးက ဆွံ့အသွားကြတယ်။
❄️❄️❄️
"ဓားမော့သယ်ဆောင်သူ စုဝမ်ကျူ လား။ မင်းက စွန်းရူဟန် မဟုတ်ဘူးပေါ့" မိစ္ဆာကြွက်ဖြူ က ဆွံံအသွားတယ်။
ချီးတဲ့မှ .. ငါ တကယ်ပဲ လူမှားခဲ့တာလား။
ချီးလိုပဲ .. ဒီလူသားတွေက တစ်ပုံစံ တည်းပဲ။ ခွဲဖို့ သိပ်မလွယ်ဘူး။
".........." မျက်နှာပေါ်မှာခပ်တည်တည် နဲ့ ပဲ ရူဟန်က ဆက်ပြောလိုက်တယ် "ငါက နာမည်ရော၊ မျိုးရိုး နာမည်ရော မပြောင်းခဲ့ဘူး။ ငါက ဓားမော့သယ်ဆောင်သူ စုဝမ်ကျူပဲ။ မိစ္ဆာ .. မင်းဘာလို့ သူငယ်ချင်းလေး ရူဟန်ကို ရှာနေတာလဲ။."
"မင်းက ဒီကြွက်ဖြူကို လှည့်စားချင်တာလား" မိစ္ဆာကြွက်ဖြူ က ရုတ်တရက် ခေါင်းမော့ ပြီး ပြောလိုက်တယ် "ရူဟန် .. မင်းက အရှက်မဲ့တဲ့ ကောင်ပဲ။ ငါက သတင်းအချက်အလက်တွေကို အထပ်ထပ်စစ်ဆေးပြီးသား .. မင်းက ... လုံးဝကို စွန်းရူဟန်ပဲ။"
"......." စွန်းရူဟန်။
သူက ငါ့အချက်အလက်တွေကို အထပ်ထပ် စစ်ဆေးထားတယ်ဟုတ်လား။ နောက်ဆုံးမှာ ငရဲပြည်က ဒီမိစ္ဆာရဲ့ ရည်ရွယ်ချက်က ဘာလဲ။
ဒါက နောက်ဘဝ တောင်တနး်က မိစ္ဆာတစ်ကောင်ဖြစ်ပြီး သူက ဂျင်ဂန် ဘုရားကျောင်းက မိစ္ဆာကယ်တင်သူလို့ ထင်လို့ သတ်ဖို့ ကြိုးစားတာလား။
"စွန်းရူဟန် .. စကားပြောတာ တော်တော့ .. ပြိုင်ကွင်းကလည်း အဆင်သင့် ဖြစ်နေပြီ။ တိုက်ပွဲ စကြစို့" မိစ္ဆာကြွက်ဖြူ က အေးစက်စက် ပြောလိုက်တယ် "ငါ့့ကို သတ်ဖို့ ကြိုစားပေတော့။ ဒီနည်းလမ်းနဲ့ ငါက မင်းကို ဂုဏ်သိက္ခာရှိရှိ သေဆုံးစေမယ်။"
သတ်ဖြတ်ခြင်း ဆန္ဒတွေ ပေါက်ကွဲ ထွက်လာပြိးတဲ့နောက် မိစ္တာကြွက်ဖြူ က ဒီတစ်ြံကိမ်မှာ တကယ်ပဲ ဒေါသထွက်နေပါတယ်။
ရူဟန်က သူ့ရဲ့ ရတနာဓားနော့ ကို ခပ်ဖွဖွ ကိုင်လိုက်တယ်။ သူက ဓားမော့ ဆန္ဒကို မစုဖွဲ့နိုင်သေးပါဘူး။ ဒါကြောင့် သူ့ရဲ့ ကောင်းကင်လောင်ကျွမ်းခြင်း မီးတောက်ဓားမော့ က လုံလောက်တဲ့ စွမ်းရည်ကို မရောက်ရှိသေးပါဘူး။ သန်မာတဲ့ လေပြင်း ဓားမော့ကလည်း စဦး အဆင့်ပဲ ရှိနေပါသေးတယ်။
ဒါကြောင့် သူက လက်သီးကိုပဲ အားကိုးရ ပါမယ်။
အခြေခံဗုဒ္ဓလက်သီး နည်းစနစ် နဲ့ မိစ္ဆာဖျက်ဆီးခြင်း ဗုဒ္ဓလက်သီး နည်းစနစ် တို့က ငရဲပြည်က မိစ္ဆာတွေ အတွက် ကြောက်မက်ဖွယ်ရာ နည်းစနစ်ပါပဲ။ ဒါကြောင့် မိစ္ဆာတွေနဲ့ ရင်ဆိုင်ရာမှာ ဒီနည်းလမ်းက ဓားမော့ နည်းစနစ်တွေထက် ပို အသုံးဝင်ပါတယ်။
ဒါကိုတွေးမိပြိးတဲ့နောက် ရူဟန်က ရတနာဓားမော့ကို ပြန်သိမ်းလိုက်တယ်။
"မင်းက ဓားမော့ မသုံးဖို့ ဆုံးဖြတ်ထားတယ်လား။" မိစ္ဆာကြွက်ဖြူက ခပ်ထေ့ထေ့ ပြောလိုက်တယ်။
ပြောပြိးတဲ့နောက် ကြွက်ဖြူ က သူ့လက်ကို ဝေ့ယမ်းလိုက်တယ်။ နောက်တော့ သူ့ခန္ဓာကိုယ်ပေါ်မှာ အဖြူရောင်ဝတ်စုံ တစ်ခုက ပေါ်လာတယ်။ ဒီမိစ္ဆာက သိုလှောင်အိတ်တောင်မှ ရှိနေတာပဲ။
ဒီဝတ်စုံကလည်း နှင်းလိုဖြူဖွေးပြီး အစက်အပျောက်တောင်မရှိအောင် သန့်ရှင်းနေပြန်တယ်။
တိုက်ပွဲမစခင် သူက ဝတ်စုံပါ လဲလိုက်တယ်။ ဘယ်လိုသောက်ရူးလဲ။
#Zawgyi
အပိုင်း (၇၆၃) တကယ်တော့ ငါက ဓားမော့ သယ်ဆောင်သူ စုဝမ်ကျူပဲ။
❄️❄️❄️
❄️❄️❄️
"ဝှစ်"
နောက်ောတ့ သူမ က ခေါင်းမော့ပြီး အဆင့်ငါး မိစ္ဆာအထပ်မှာ ရှိတဲ့ ကြီးမြတ်တဲ့အဖြူကို လျှိုဝှက် အသံပို့ နည်းစနစ် နဲ့ ဆက်သွယ်လိုက်တယ် "စီနီယာအဖြူ .."
❄️❄️❄️
❄️❄️❄️
"......." စွန်းရူဟန်။
ဒါက နောက်ဘဝ တောင်တန်းက မိစ္ဆာတစ်ကောင်ဖြစ်ပြီး သူက ဂျင်ဂန် ဘုရားကျောင်းက မိစ္ဆာကယ်တင်သူလို့ ထင်လို့ သတ်ဖို့ ကြိုးစားတာလား။
ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now