အပိုင်း (၈၀၀)

184 28 0
                                    


#Unicode


မှော်ပညာအစစ်အမှန် နဲ့ အမျိုးသမီး အရိုးခြောက်များ။

"ရတနာတွေရဲ ့အန့ံဟုတ်လား" ရူဟန် က ဇဝေဇဝါ ဖြစ်သွားတယ်။

"ဟုတ်တယ်။ဒီနေရာမှာ ရတနာတစ်ချို့ သိမး်ဆည်းထားတယ်လို့ ငါအာရုံခံလို့ ရနေတယ်" ကြီးမြတ်တဲ့ အဖြူ က အကန့်အသတ်မဲ့ နတ်ဆိုးဂိုဏ်းရဲ့ ဘိုးဘွားမြေ နေရာကို ကြည့်ပြီး ပြောလိုက်တယ်။

သူ ကြည့်ရှုနေတဲ့ နေရာက သာမာန်ပုံစံပဲ ရှိတဲ ့အခန်းတွဲ အဆောက်အဦးတစ်ခု ပဲ ဖြစ်တယ်။ သာမာန်တပည့်တွေ နေထိုင်တဲ့ နေရာ နဲ ့ဘာမှမကွာခြားပါဘူး။ ဒါပေမဲ့ ကြီးမြတ်တဲ့အဖြူ ရဲ့ အလိုလို သိမြင်မှု က ဒီနေရာမှာ တန်ဖိုးအကြီးဆုံး ရတနာတွေ သိမ်းဆည်းထားတယ်လို့ ပြောနေတယ်။

"စီနီယာအဖြူ .. ဒီအကာအကွယ်မှာ အလွှာဘယ်လောက် ကျန်နေသေးလဲ။ အကန့်အသတ်မဲ့ နတ်ဆိုးဂိုဏ်းရဲ့ နောက်ထပ် တန်ပြန် တိုက်ခိုက်မှုက စတော့မယ်။ ဒီထဲက ရတနာတွေကို ဝင်လုမယ်ဆိုရင် ငါတို့ ဒီအကာအကွယ်ကို မြန်မြန် ဖျက်ဆီးမှ ဖြစ်မယ်နဲ့ တူတယ်။" အားရှီလျှူက သတိပေးလိုက်တယ်။

ကြီးမြတ်တဲ့ အဖြူ က ပြောလိုက်တယ် "ဒီအကာအကွယ် အစီအရင် နဲ့ ပတ်သက်ရင် အခုချိန်မှာ ဖျက်ဆီးဖို ့မကြိုးစားပဲ ဒီတိုင်း တိုက်ရိုက်ဝင်လိုက်တာ အကောင်းဆုံးပဲ။"

အစောပိုင်းတုန်းက ကြာပန်းူကျောက်ဆီက စွမ်းအင် ပမာဏ ဘယ်လောက်များများ ပြန်လည်ဖြည့်တင်းလို့ ရမလဲ ဆိုတာကို စမ်းသပ်ချင်တာကြောင့် ဒါကို ချိုးဖျက်ကြည့်နေတာပဲ ဖြစ်ပါတယ်။

အခုချိန်မှာတော ့စမ်းသပ်မှုက ပြီးမြောက်သွားပြီ ဖြစ်တာကြောင့် ဒီကြာပန်းကျောက်က ဂိမ်းထဲက P2W mana ပြန်ဖြည့်တဲ့ ကျောက်တုံးနဲ့ တူတူပဲ ဆိုတာကို သူသိရှိသွားခဲ့သည်။ (ဘာဂိမ်းလဲတော့ မိမိလည်း မသိပါ။- ဘာသာပြန်သူ)။ ဒါက အသုံးပြုသူကို စိတ်ဝိညာဉ် စွမ်းအင်တွေ အချိန်မရွေး ပြန်လည် ဖြည့်စည်းပေးနိုင်မယ်။ စွမ်းအင်တွေကိုသန့်စင်စရာ မလိုပဲ တိုက်ရိုက်စုပ်ယူနိုင်တယ်။ ဂိမ်းထဲမှာလို ပြောရရင် cooldown မရှိဘူးပေါ့။ ဒါ့အပြင် တခြားဘေးထွက်ဆိုးကျိုးတွေ ကိုလည်း သူရှာမတွေ့ပါဘူး။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now