အပိုင်း (၈၆၀)

169 30 0
                                    


#Unicode


ဒီနေ့မှာတော့ လူတွေက 'စီနီယာအစ်ကိုကြိး ဂေါင်ရှန် သေသင့်တယ်' လို့ အော်ဟစ်ကြတယ်။

ညရောက်လာပါတော့မယ်။

ဒီအချိန်မှာတော့ ဘေဂျင်းမြို့ရဲ့ တားမြစ်မြို့တော် မှာ နိုင်ငံခြားသား ခရီးသွားတွေ မရှိတော့ပါဘူး။

မြောက်ပိုင်းမြစ်က ဖုန်းကို ပိတ်ပြီး ခံစားချက် အပြည့်နဲ့ သက်ပြင်းချ လိုက်တယ်။ သူက လှိုင်းသုံးခု ကို စာအမြန်ပို့ပြီး သတိပေးလိုက်တယ် ဆိုပေမဲ့ ခြေတစ်လှမ်း နောက်ကျသွားခဲ့ပါတယ်။

လှိုင်းသုံးခု ဆိုတဲ့ကောင်က ကုသလို့ မရတော့တဲ့ သူလို့ ပြောရမယ်။

သေလမ်းရှာတဲ့ နေရာမှာတော့ လှိုင်းသုံးခု ရဲ့ မှတ်ဉာဏ်က ရွှေ့ငါးတစ်ကောင်လိုပါပဲ။ အနာတောင် မကျက်သေးဘူး .. နာကျင်မှုကို မေ့သွားပါပြီ။ ထပ်ပြောရရင် နောက်ပိုင်းမှာ လှိုင်းသုံးခုက ပိုပိုပြီး အဆင်ခြင် မဲ့လာတယ်။ ဒါက တာအိုရောင်းရင်း လှိုင်းသုံးခုရဲ့ အမတ လမ်းစဉ် သို့ သွားမယ့် လမ်းသစ် တစ်ခုများလား။

ခဏလောက်ကြာတော့ မြောက်ပိုင်းမြစ် က သူ့မျက်စိရှေ့က ကြီးမားတဲ့ တားမြစ်မြို့တော် ကြီးကို ကြည့်ပြီး မျက်နှာပေါ်မှာ ပျော်ရွှင်တဲ့ အမူအရာတွေ ပေါ်ပေါက်နေတယ်။

"စက်တင်ဘာ အစ .. ငါတို့ရဲ့ တိုက်ပွဲနေ့မှာ ငါက ဒီသောက်တလွဲ ဗေဒင်ဆရာ ကို အံ့အားသင့်စရာ လက်ဆောင်ပေးရမယ်" မြောက်ပိုင်းမြစ် ရဲ့ နှုတ်ခမ်းထောင့်တွေက ကော့တက်သွားခဲ့တယ်။ သူက ထရွင်ဂန် နဲ့ တိုက်ခိုက်ဖို့ မစောင့်နိုင်တော့ သလိုဖြစ်နေတယ်။

အဲ့အချိန်ရောက်ရင် သောက်တလွဲဗေဒင်ဆရာကို ကောင်းကောင်း သင်ခန်းစာပေးရပါမယ်။

"တိုက်ပွဲကို တာအိုရောင်းရင်း ဘယ်နယောက် လာကြည့်ကြမှာလဲ။" မြောက်ပိုင်းမြစ် က တီးတိုးရေရွတ်လိုက်တယ်။

ဟုတ်ပါတယ်။ လူများများ လာကြည့်လေ ပိုကောင်းလေပါပဲ။ လူများများ ရှေ့မှာ ထရွင်ဂန် ကို ရိုက်နိုင်လေ ပိုကောင်းလေပါပဲ။ တွေးကြည့်ရုံ နဲ့တင် မြောက်ပိုင်းမြစ် က စိတ်လှုပ်ရှားနေပါပြီ။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now