အပိုင်း (၈၆၄)

146 32 0
                                    


#Unicode


ဘက်ပြောင်းသွားတဲ့ အမဲရောင် ကြာပန်း ကမ္ဘာ။

ငါ့ရဲ့အားအင်တွေ တိုးပွားလာပြီးရင် စတီးပိုက်ကို မုန့်ကြိုးလိမ်လို ဆွဲလိမ်လို့ရလာလိမ့်မယ်။ အဲတာဆို ဟိုကောင် ကို လိုက်ရှာပြီး ကလဲ့စားချေရမယ်။ လူလိမ် က တွေးလိုက်တယ်။

ကံကောင်းခြင်း နဲ့ ကံမကောင်းခြင်း သံသရာစက်ဝိုင်းတစ်ခု ထဲမှာ လည်ပတ်နေတာပါ။ သူ့လက်ထဲမှာ ဒီလက်စွပ်ရှိမယ် ဆိုရင် ပိုပိုပြီး သန်မာ လာလိမ့်မယ်။ ဒါဆိုရင် သူက သေချာ ဟိုကောင်လေးကို ခြေထောက်မှာ ချနင်းနိုင်တော့မှာ ဖြစ်တယ်လေ။

ဒီအချိ်န်မှာပဲ လမ်းကျဉ်းလေး နဲ့ ဆက်စပ်နေတဲ့ အမိုးတစ်ခု ပေါ်မှာတော့ လူလိမ် လက်စွပ်ကို ဝတ်လိုက်တာ မြင်တော့ သဘောတကျ နဲ့ ပြုံးလိုက်တယ်။ စောနတုန်းက ပုံရိပ်ယောင် အသံပိုင်ရှင်က သူပဲ ဖြစ်ပါတယ်။

ခဏလောက်ကြာတော့ ထိုလူ က ခုန်ချပြီး အဝေးတစ်နေရာကို ထွက်ခွာသွားတယ်။ လူလိမ်ကို ဘာမှ မနှောက်ယှက်တော့ပါဘူး။ သူ့ရဲ ့ရည်ရွယ်ချက် က လက်စွပ် ဝတ်ဖို့ပါ။ ကျန်တာတွေက သူ့အလုပ်မဟုတ်ပါဘူး။ ငရဲပြည် က မိစ္ဆာစွမး်အင်တွေ နဲ့ ပုံရိပ်ယောင် အသံတို့က ပစ်မှတ်ကို လက်သင့်ခံအောင် ပြုလုပ်နိုင်ပါတယ်။

ဒီတစ်ကြိမ်မှာ ထိုလူ က အရေးကြီးတဲ ့တာဝန်တွေကို ပြုလုပ်ပေးဖို့ ရှိနေပါသေးတယ်။ ငရဲပြည်ကမိစ္ဆာ စွမ်းအင်တွေကို လူတွေ ပိုမို လက်ခံပြီး ကမ္ဘာကြီး ဘုရင် အဖြစ် ပြောင်းလဲပေးဖို့ပါ။

ထိုလူ ထွက်ခွာသွားပြီတဲ့နောက် နောက်ထပ် ပုံရိပ်တစ်ခု က မနီးမဝေး နေရာမှာ ပေါ်လာပြန်တယ်။

ဒီပုံရိပ်ကတော့ စီနီယာအစ်မရီ ပဲ ဖြစ်ပါတယ်။ သူမ က လက်ထဲမှာ ဗီဒီယို ကင်မရာ တစ်ခု ကို ကိုင်ဆောင်ထားတယ်။ စောန တုန်းက ဖြစ်ပျက်ခဲ့သမျှ အားလုံးကို သူ မက မှတ်တမ်းတင်ခဲ့ပြီးပြီ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ သူမ က ရူဟန်ကို စိတ်ခြင်း ဆက်သွယ်ပြီး မြင်သမျှကို သတင်းပို့ခဲ့ပြီးပြီ။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now