အပိုင်း (၈၆၅)

173 27 0
                                    


#Unicode


သိပ္ပံနဲ့ နည်းပညာ က ကမ္ဘာကြီးကို တကယ်ပဲ ပြောင်းလဲနိုင်တယ်။ တစ်စုံတစ်ယောက် ရဲ့ ဘဝကိုရောပေါ့။

အမဲရောင် ကြာပန်း ကမ္ဘာထဲမှာတော့ ...

စီနီယာအဖြူနှစ် က အရမ်း ပျော်ရွှင်နေတယ်။ အမဲရောင် ကြာပန်း ကမ္ဘာရဲ ့ကိုယ်ပိုင်အမှတ်အသားကို ဖယ်ရှားဖို့က သူထင်ထားတာထက် ပိုပြီး လွယ်ကူနေတယ်။ အစောပိုင်း သူု တွက်ချက်ထားသလိုဆိုရင် သံရည်ဘောလုံးကြီး ချန်ထားတဲ့ အမှတ်ကို ဖယ်ရှားဖို့ နှစ်ပေါင်းများစွာ ကြာမြင့်လိမ့်မယ်လို့ပါ။

ဒါပေမဲ့ ဒီတစ်ကြိမ်မှာ သူ့ကံက တော်တော်ကြီး ကောင်းမွန်နေပါတယ်။ ဖျက်ဖို့ခက်ခဲမယ် ထင်ရတဲ့ လှည့်ကွက်တွေကို သူက မမျှော်လင့်ပဲ မှန်ကန်စွာ တွက်ချက် လုပ်ကိုင်နိုင်ခဲ့တယ်။

သူ ဒီလို ကံကောင်းတာ ဘယ်လောက်ကြာပြီလဲ။

အရမ်း .. အရမ်းကို ကြာမြင့်ခဲ့ပြီလို့ သူ ခံစားမိတယ်။ သေချာတော့ မမှတ်မိတော့ပါဘူး။

လူသားတွေ ပြောသလို ဆိုရင် ကောင်းကင်က သူ့ကို ကူညီနေတာပါ။ ဒီတစ်ကြိမ်မှာတော့ ဒါကို သူ လက်ခံမိတယ်။ သူ ပေါက်ကရတွေ လျှောက်ခန့်မှန်းလိုက်တာက တကယ်ပဲ မှန်ကန်ခဲ့တယ်။ အမဲရောင်ကြာပန်း ကမ္ဘာကြီးက လက်ရှိမှာ အဖြူ ဆိုတဲ ့မျိုးရိုးနာမည်နဲ့ သူ ပိုင်ဆိုင်တဲ့ အရာ ဖြစ်သွားပါပြီ။

အမှတ်အသား အသစ် က သံရည်ဘောလုံးကြီး ချန်ရစ်ခဲ့တဲ့ ကိုယ်ပိုင်အမှတ်အသားကို အဆင့်မြင့်တင် ထားတာပဲ ဖြစ်ပါတယ်။ ဥပမာပြောရမယ် ဆိုရင် သံရည်ဘောလုံးကြီးက နံပါတ်ခြောက်ခု ပါတဲ ့လျှို့ဝှက်ကုဒ် တစ်ခုကို ထားထားတယ်ဆိုရင် စီနီယာအဖြူ နှစ် ရဲ့ကိုယ်ပိုင်အမှတ်အသား အသစ်က နံပါတ်တွေ၊ စာတွေ၊ အထူးသင်္ကေတတွေ ပါဝင်တဲ့ စာလုံး တစ်ရာ ရှိတဲ့အရာ ဖြစ်တယ်။ လုံခြုံမှု အဆင့် က ကြီးမားတယ်။

အမဲရောင် ကြာပန်း ကမ္ဘာက ပိုင်ရှင် ပြောင်းသွားချိန်မှာတော့ စီနီယာအဖြူ နှစ် က ဒေါသတကြီး အော်ဟစ်သံကို ကြားလိုက်ရတယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now