အပိုင်း (၇၀၉)

187 35 1
                                    

#Unicode



ဆံပင်အပြာရောင်ရှိတဲ ့ စီနီယာ အမျိုးသမီး နဲ့ လိပ်ခွံ။

ချီးတဲ့မှ .. ငါက ငါ့ကိုယ်ငါ အသွင်ပြောင်းရင်ထိုး နဲ ့ပြောင်းဖို ့မေ့သွားတယ်။ ရူဟန် က စိတ်ထဲကနေ ကုန်းအော်လိုက်တယ်။

သူ့ရဲ့ ပေါက်ကွဲတော ့မတတ်ဖြစ်နေတဲ ့ကြွက်သား ဗလကြီးတွေကို တွေ့ရင် တုဘို ဘယ်လောက်ထိ အံသြကြောက်လန့်သွားမလဲ ဆိုတာကို တွေးကြည့်လို့ ရပါတယ်။

နေပါအုန်း.. သူက ဘယ်လိုလုပ်ပြီး ဒီဗလကြီးအကြောင်း တုဘိုကို ရှင်းပြရမလဲ။

အမှန်အတိုင်းပြောလိုက်ရမလား။ မဟုတ်ဘူး။ ဒါက လုံးဝ မဖြစ်နိုင်ဘူး။ ငါက ပိုးမျှင်တွေ ထုတ်ပြီး ပိုးအိမ်ဆောက်လိုက်လို့ ဒီလို ဗလကြီး ဖြစ်လာတာ ပါ ဆိုပြီး တုဘို ကို ရှင်းပြလိုက်မယ် ဆိုရင် သူ့ကို အရူးလို့ ထင်သွားနိုင်ပါတယ်။

ဒါကြောင့် ကျန်းမာရေးဆေးတွေ ရောင်းတွေ ကုမ္မဏီဆီပဲ အပြစ် ပုံချသင့်တယ်။

ကြွက်သားတွေ ကြီးမားဖို့ အသစ်ဖန်တီးထားတဲ့ ဆေးတွေ ရောင်းတဲကုမ္မဏီကြောင့် ငါ့ လက်မောင်း နဲ ့ခြေထောက်တွေက ဒီလို ဖြစ်သွားတာ။ ငါ အခု အားအင်တွေ ပြည့်နှက်နေပြီး ဆယ့်သုံးထပ်ကို တထိုင်တည်း ပြေးတက်လို့ရတယ်။ ဒီဆေးကို တစ်လသောက်လိုက်မယ် ဆိုရင် ဒီလို ဖြစ်သွားမှာပဲ။ အဲ့လိုပြောရမလား။.

နေအုန်း.. အဲ့လို ပြောလို့ လည်း မသင့်တော် ပြန်ဘူး။

ရူဟန် တွေဝေ နေုတုန်းမှာ အနောက်ဘက် ဆီက ဒေါင်ဖန်းခြောက်ရဲ ့အသံ က ပေါ်လာတယ် "ရူဟန်.. မင်းဘာလို့ ရူတင်သုံး ကြွက်သား ပစ္စည်းတွေကို ဝတ်ထားရတာလဲ။ မပူဘူးလား။ မင်းချွတ်သင့်နေပြီ" ဒေါင်ဖန်းခြောက်က ရူဟန်ကို ပြောရင်း မျက်လုံးမှိတ်ပြ လိုက်တယ်။

"ဟားဟား .. တုဘို က ရုတ်တရက် တံခါးခေါက်လိုက်တော ့ငါက တံခါးချက်ချင်း ပြေးဖွင့်လိုက်တာလေ။ ဒါကြောင့် ဒါကို ချွတ်ဖို့ မေ့သွားတယ်" ရူဟန် က ပြုံးကာ ပြောလိုက်တယ်။

ဒေါင်ဖန်း မိန်းကလေး. မင်းကောင်းကောင်း လုပ်ခဲ့တယ်။

ဒါ ရုပ်ရှင်ထဲမှာ သုံးတဲ ့ပစ္စည်းတွေလား။ ထူးဆနး်နေတာ အံသြစရာ မရှိဘူးပဲ။ တုဘိုက ကြိတ်ပြီး ခေါင်းညိတ်လိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now