အပိုင်း (၇၈၄)

161 37 0
                                    


#Unicode


ငါတို့ရဲ့ ပထမဆုံးအကြိမ် ခွဲခွာခြင်းက နီးကပ်လာပြီ။ ချိန်းတွေ့ကြမလား။

"ဟမ့် .. စကားပြောတာ လုံလောက်ပြီ။ မင်းက မင်းအစီအစဉ် အတိုင်းဆက်လုပ်ပါ။ ပြီးတော့ မင်းက သခင်၊ ငါက နောက်လိုက်ပဲ။ ဒါကြောင့် ငါက မင်းရဲ့ အစီအစဉ်ကို ရပ်တန့်မှာ မဟုတ်ဘူး။ ငါက ဒီနှစ်တစ်ရာတွင်း ဒီကိစ္စတွေ နဲ့ ပတ်သက်ပြီး ငါတော်တော် စဉ်းစားခဲ့ပြီးပြီ" နဂါးကျားကြီးက အဆုံးသတ် ပြောလိုက်တယ်။

"မင်းဒီလို ပြန်ပြောမယ်ဆိုတာကို ငါသိတယ်" ကောင်းကင်ဆန္ဒအုပ်စိုးသူ နဂါးကြီးက ပြောင်စပ်စပ် နဲ့ ပြောလိုက်တယ် "ငါ့အစီအစဉ် အောင်မြင်ရင် မင်းက ပျောက်ကွယ်သွားမှာ ဆိုတော့ ငါ့စိတ်ထဲမှာ မတင်မကျ ဖြစ်နေတဲ့ မေးခွန်းတစ်ခုကို မေးချင်တယ်။"

"......" နဂါးကျား နှစ်။

"......" ရူဟန်။

သူက ကောင်းကင်ဆန္ဒအုပ်စိုးသူ နဲ့ နဂါးကျားကြီးကြားမှာ ရှိတဲ့ အလဲအလှယ်က ကြီးမားကြောင်း သတင်းကို ရရှိခဲ့ပါတယ်။

ကောငး်ကင်ဆန္ဒအုပ်စိုးသူ က အရာအားလုံးရဲ့ အရှင်ပါ။ ကျင့်ကြံသူတွေ၊ သမားတော်တွေ၊ မွန်းစတားတွေ၊ မိစ္ဆာတွေ၊ ဝိညာဉ်တွေ၊ ကမ္ဘာပေါ်မှာ ရှိတဲ့ အခြားဆန်းပြား သတ္တဝါတွေ အားလုံးရဲ့ ထိပ်မှာ ရပ်တည်နေသူပါ။ သူက ကိုယ်တိုင်လွတ်မြောက်ချင် တယ်ဆိုရင် တစ်ခုပဲ ရှိပါတယ်။ လွတ်မြောက်ချင်တဲ့နေရာက ကောင်းကင်ဆန္ဒအုပ်စိုးသူ တာဝန်ကပဲ ဖြစ်ပါလိမ့်မယ်။

ဒါပေမဲ့ ကောင်းကင်ဆန္ဒ အုပ်စိုးသူ တစ်ယောက် ဖြစ်ဖို့က ကျင့်ကြံသူတိုင်းရဲ့ ရည်မှန်းချက်လေ။ ဒါဆိုရင် ကောင်းကင်ဆန္ဒ အုပ်စိုးသူက ဒီတာဝန်ကနေ လွတ်မြောက်ချင်နေတာလဲ။

ငါ့ရဲ့ အဆင့်က အရမ်းနိမ့်လွန်းတာကြောင့်မို့ ကောင်းကင်ဆန္ဒ နဲ့ ပတ်သတ်ပြီး လုံလောက်တဲ့နားလည်မှု မရှိတာလား။ ဒါဆိုရင် ကောင်းကင်ဆန္ဒအုပ်စိုးသူက ပိုပြီးကြောက်ဖို့ ကောင်းတဲ့ အရာ၊ ဒါမှမဟုတ် ကောင်းကင်ဆန္ဒအုပ်စိုးသူ တောင်မှ ပြုလုပ်နိုင်မှု မရှိတဲ့ တစ်စုံတစ်ရာ ကနေ လွတ်မြောက်ချင်နေတာလား။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now