အပိုင်း (၈၀၄)

163 34 0
                                    

#Unicode

ထွက်လာပြီ။ သူထွက်လာပြီ။
ဒီအေးစက်ပုံပေါ်တဲ့ ငွေချပ်ဝတ်တန်ဆာ နဲ့ အမျိုးသမီး က အရူးလုပ်ရ လွယ်သားပဲ။ သူမ က ဒီလို မြေအောက်နေရာတစ်ခုမှာ အကြာကြီးနေခဲ့တာ ကြောင့် ဒူသွားတာ ဖြစ်ရမယ်။
ငါက သူမကို အရူးလုပ်နိုင်ပြီဆိုတော့ နှုတ်ဆက်ပြီး ဒီကျောက်စိမ်းရေကန် က ထွက်သွားဖို့ အခွင့်အရေးရှာရမယ်။ ဒီအမျိုးသမီးတွေ ထပ်ပြီး ရူးသွပ်သွားစေလို့ မဖြစ်ဘူး။ ဒီကိစ္စကို စဉ်းစားရင်း စဉ်းစားရင် သူမ စိတ်ပြောင်းရင် ပြောင်းသွားနိုင်တယ်။
ဒါကို တွေးမိတော့ ရူဟန်က လက်နှစ်ဖက်ကို ဆုပ်ရင်း နှုတ်ဆက်ဖို့ ပြင်လိုက်တယ်။
ဒါပေမဲ့ ဒီအချိန်မှာပဲ သူ့နောက်ကျောကို တစ်စုံတစ်ယောက်က ထွေးပိုက်လိုက်တာကြောင့် နွေးထွေးတဲ့ ခံစားချက် ဖြစ်ပေါ်လာတယ်။
ထွက်သွားဖို့ ပြင်ဆင်နေတဲ့ ရူဟန်က ကြောင်တောင်တောင် နဲ့ နေရာမှာတင် ရပ်တန့်သွားတယ်။
အသက်ရှုရှိုက်စာ အနည်းငယ်ကြာတော့ ဒီနွေးထွေးတဲ့ ခံစားချက် က ပျောက်ကွယ်သွားြ့ပီး တခြား ခံစားချက် တစ်မျိုး ဖြစ်ပေါ်လာပြန်တယ်။ တစ်စုံတစ်ခုက သူ့နောက်ကျောကနေ ထွက်ခွာသွား တော့မလို ဖြစ်နေတာပါ။
ဒါပေမဲ့ ဒီအချိန်မှာတော့ သူ့နောက်ကျော ဆီက နာကျင်မှု ကို မခံစားရပါဘူး။ ပြောရမယ် ဆိုရင် အားနည်းပြီး ထုံကျင်တဲ့ခံစားချက် တစ်ခုကို အဲ့နေရာကနေ ရရှိနေတယ်။
တစ်ချိန်တည်းမှာပဲ သူက လှုပ်လို့ မရတော့ဘူး ဆိုတာကို သိရှိလိုက်တယ်။ တစ်စုံတစ်ယောက်က သူ့ကို လှုပ်မရဖြစ်စေတဲ့ နည်းစနစ်ကို အသုံးပြုခဲ့ပုံပေါ်တယ်။
"ဘာဖြစ်တာလဲ..." ရူဟန်က သူ့လက်ကို လှုပ်ရှားဖို့ ပြင်လိုက်တယ်။ ဒါပေမဲ့ သူက လက်ချောင်းလေးတွေကိုသာ လှုပ်လို့ ရနိုင်ပြီး လက်မောင်းတွေကို မြှောက်လို့ မရတော့မှန်း သိရှိသွားခဲ့တယ်။ သူ့ခန္ဓာကိုယ် တစ်ခုလုံက အတော်ကြီး လေးလံမှုကို ခံစားနေရတယ်။
"မင်းဘာဖြစ်တာလဲ။ မင်းခန္ဓာကိုယ် တစ်ခုလုံးက ဖြူရော်နေပြိ" ငွေချပ်ဝတ် တန်ဆာ နဲ့ အမျိုးသမီးက မေးလိုက်တယ်။
ရူဟန်က မျက်မှောင်ကုတ်ပြီး ပြန်ပြောလိုက်တယ် "ငါခန္ဓာကိုယ်က လှုပ်မရတော့ဘူး"
"အမ် .. ငါကြည့်ကြည့်မယ်... အမ်.. မင်းခန္ဓာကိုယ်က အစစ်အမှန် ချီတွေ အားလုံးက နောက်ကျောကို ရောက်နေတယ်။ မင်းက ပိုးအိမ်ချိုးဖောက်ပြီး အသစ်ပြန်လည် မွေးဖွားတာတို့၊ အရေခွံလဲတာတို့ နဲ့ သက်ဆိုင်တဲ့ ကျင့်ကြံြုခင်း နည်းစနစ်ကို လေ့ကျင့်သေးလား။ ဥပမာအားဖြင့် ပိုုးကောင်ကြီးရဲ့ အသွင်ပြောင်းလဲခြင်းကိုးမျိုး၊ ခူကောင်ရဲ့ ပုံသဏ္ဍာန်ပြောင်းလဲ ခြင်း အဆင့်ဆင့်၊ ဒါမှမဟုတ် ကျောက်စိမ်းမြွေရဲ့ အသက်သုံးခု စတဲ့နည်းစနစ်တွေလေ" ငွေချပ်ဝတ်တန်ဆာ အမျိုးသမီး အစောင့်က ပြောလိုက်တယ်။
ရူဟန် က ပြန်ပြောလိုက်တယ် "မဟုတ်ဘူး။ ငါမလေ့ကျင့်ဖြစ်ဘူး။ ဒီလို ထူးဆန်းတဲံ့ ကျင့်ကြံခြင်း နည်းစနစ်တွေကို ငါတစ်ခါမှ မကျင့်ကြံဖြစ်ဘူး။"
ငွေချပ်ဝတ် နဲ့ အမျိုးသမီး က ခဏလောက်စဉ်းစားပြီး ပြောလိုက်တယ် "ဒါဆိုရင် ဒီအခြေအနေက အရေးကြီးနေပြီး မင်းသေတော့မယ် နဲ့ တူတယ်။ မင်းနောက်ကျောကနေ တစ်စုံတစ်ခုက ထိုးထွက်လာနေတယ်လို့ ငါခံစားမိတယ်။ ထပ်ပြောရရင် မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အစစ်အမှန် ချီတွေ အားလုံးကလည်း နောက်ကျောမှာ သွားစုနေတယ်။ ကြည့်ရတာ ဒီအရာကို စုပ်ယူပြီး အားအင်အဖြစ် အသုံးပြုနေတာ ဖြစ်မယ်။ ဒီအရာ မင်းခန္ဓာကိုယ်ထဲကနေ ထွက်လာရင် မင်းသေပြီ။"
"......." ရူဟန်။
ချီးတဲ့မှ.. ဘာတွေဖြစ်နေတာလဲ။ ငါ့ခန္ဓာကိုယ်ထဲကနေ ဘာကြောင့် တစ်စုံတစ်ခု က ထွက်လာချင်နေရတာလဲ။
ရူပ်ရှင်ထဲကလို ဂြိုလ်သားတွေ လား။
ဒီကောင်းကင်ဘုံမြို့ အစိတ်အပိုင်းထဲကို ဝင်ရောက်ပြီးနောက်မှာ သူ့ခန္ဓာကိုယ်ကို ကပ်ပါးကောင်း အမျိုးအစား တစ်ခုခုက တွယ်ကပ်ခဲ့တာလာ. ဒီလိုလည်း မဟုတ်ဘူး။ ကပ်ပါးကောင် တွယ်ကပ်လာပြီ ဆိုရင် ကြီးမြတ်တဲ့ အဖြူ က ကျိန်းသေပေါက် သတိပြုမိမှာပေါ့။
ဒါဆိုရင် ကြီးမြတ်တဲ့ အဖြူ နဲ့ လမ်းခွဲသွားတုန်းမှာ တစ်စုံတစ်ယောက် ဒါမှမဟုတ် တစ်ခုခုက သူ့ကို တစ်စုံတစ်ရာ ပြုလုပ်ခဲ့တာလား။
ရူဟန်က ချက်ချက်းပဲ ပျက်ဆီးသွားတဲ့ အင်ပါယာပုလဲကို တွေးလိုက်မိတ်ယ။
အစောပိုင်းတုန်းက အင်ပါယာပုလဲက ရုတ်တရက် ပျက်ဆီးသွားခဲ့တယ်။ ဒီကိစ္စက တော်တော်ကြီး ထူးဆန်းနေတယ်လို့ သူခံစားမိနေတယ်။ အင်ပါယာပုလဲက ကောင်းကင်ဘုံအင်ပါယာ အသက်ပြန်လည်ရှင်သန်နိုင်ဖို့ ချန်ထားခဲ့တဲ့ နည်းလမ်း တစ်ခုများလား။ သင့်တော်တဲ့ ခန္ဓာကိုယ် တစ်ခုကို ရှာတွေ့ပြီး အတင်းအားသုံးကာ ပြန်လည် မွေးဖွားစေတာ ဖြစ်နိုင်တယ်။
ကောင်းကင်ဘုံ အင်ပါယာ က သူ့ခန္ဓာကိုယ်ကို အသုံးပြုပြီး ပြန်လည်မွေးဖွားဖို့ စဉ်းစားလိုက်တာ ဆိုရင် သူတော်တော် ကံမကောင်းတာပဲ။
ဒါက တွေးကြည့်လေ ၊ ဖြစ်နိုင်လေ လို့ သူခံစားမိတယ်။
နောက်တော့ သူ ကောင်းမွန်လွန်းတာကြောင့် ထပ်ပြီး မကောင်းမွန် နိုင်တော့တဲ့ ကောင်းမွန်တဲ့ ကံတရားကို သူ ပိုင်ဆိုင်ခဲ့ရတာပဲ။
ဒါက ရေတွက်လို့ မရတဲ့ ဝတ္တုတွေ၊ ရုပ်ရှင်တွေ၊ မန်ဂါတွေ မှာ နဲ့ ဆင်တူနေပါတယ်။ အင်ပါယာက သူ့ခန္ဓာကိုယ်ကို အသုံးပြုပြီး ပြန်လည်မွေးဖွားမယ် ဆိုတဲ့ သီအိုရီ က ဖြစ်နိုင်ချေ အရှိဆုံးပါပဲ။
ဒါက ရုပ်ရှင်၊ ဝတ္တုတော်တော်များများ ဖြစ်နေကျ ဇာတ်လမ်းအတိုင်းပဲ ကောင်းကင်ဘုံ အင်ပါယာက သူ့ခန္ဓာကိုယ် ကို သိမ်းပိုက်ပြီး စွန်းရူဟန် အဖြစ် ဆက်လက် အသက်ရှင်သန်မယ်။ ပြီးရင် ကောင်းကင်ဘုံမြို့ အစိတ်အပိုင်းတွေကို လိုက်လံစုဆောင်းပြီး ပိုပြီး စွမ်းအားမြင့်မားတဲ့ ကောငး်ကင်ဘုံမြို့ှုကြီးကို ပြန်လည်တည်ဆောက်မယ်။
ဒါတွေကို တွေးကြည့်ပြီးတဲ့နောက် သူ့အခြေအနေ က ဆိုးရွားလာတယ်လို့ ရူဟန် က စဉ်းစားလိုက်မိတယ်။
"နတ်မိမယ်လေး . မင်းဆီမှာ ဒီအခြေအနေ ကို ဖြေရှင်းဖို့ နည်းလမ်း ရှိလား။ ငါ့ကို ကယ်လို့ ရသေးလား" ရူဟန်က ငွေချပ်ဝတ် တန်ဆာ နဲ့ အမျိုးသမီးကို ကြည့်ပြီး ပြောလိုက်တယ်။
တစ်ချိန်တည်းမှာပဲ သူက မိုင်တစ်ထောင်အသံလွင့် ပစ္စည်းကို အသုံးပြုပြီး စီနီယာ အဖြူ နဲ့ အားရှီလျှူ တို့ကို မြန်မြန်လာဖို့ နဲ့ မဟုတ်ရင် သူ့အသက်ကို မှီမှာ မဟုတ်တော့မှန်း လှမ်းပြောလိုက်တယ်။ ပြီးနောက် သူ့ရဲ့ စိတ်စွမ်းအင်တွေကို အရွယ်အစာ လျော့ချခြင်း အိတ်အတွင်းကို ပို့လိုက်ပြီး ဝါးရွက် နဲပ ချိတ်ဆက်မိဖို့ ကြိုးစားလိုက်တယ်။ ကောင်းကင်ဘုံ အင်ပါယာ က သူ့ခန္ဓာကိုယ်ထဲက ထိုးထွက်ဖို့ ကြိုးစားမယ် ဆိုရင် ဝါးရွက်ကို သူ့အသက်ကယ်ဆယ်ဖို့ အသုံးပြုနိုင်ပါတယ်။ သူ့အသက်က အရေးကြီးဆုံးအခြေအနေ မှာ ရှိနေတာကြောင့် ကြိုတင်ပြင်ဆင်ထားတာ မမှားပါဘူး။
"ငါတောင်းပန် ပါတယ်။ ငါမင်းကို မကယ်ဆယ် နိုင်ဘူး။" ငွေချပ်ဝတ် တန်ဆာ နဲ့ အမျိုးသမီးက ရှက်ရွံစွာ နဲ့ ပြောလိုက်တယ် "ငါတို့ ညီအစ်မတွေက လူကို ဘယ်လိုသတ်ရမယ် ဆိုတာကို သိတယ်။ ဒါပေမဲ့ ဘယ်လို ကယ်ရမလဲ ဆိုတာတော့ မသိဘူး။ ဒါကြောင့် ..မင်းခန္ဓာကိုယ်က ထွက်လာမယ့် အရာက စွမ်းအားအရမ်းမမြင့်ဘူး ဆိုရင် ငါတို့ ညီအစ်မ တွေ မင်းအတွက် သတ်ပေးမယ်."
".........." ရူဟန်။
ဒါပေမဲ့ ဒီအချိန်မှာပဲ ကြီးမြတ်တဲ့ အဖြူ ရဲ ့အသံက မိုင်တစ်ထောင် အသံလွင့်ပစ္စည်းကနေ ထွက်ပေါ်လာတယ် "ရူဟန်.. ဘာဖြစ်တာလဲ"
ရူဟန်က အားတင်းပြုံးပြီး ပြောလိုက်တယ် "စီနီယာအဖြူ .. မင်းဘာကြောင့် ပြန်မလာသေးတာလဲ။ ငါဒီမှာ ပြဿနာ တက်နေပြီ"
"ငါချက်ချင်းပြန်လာမယ်။ ခဏစောက်. ငါ့လမ်းကဖယ်စမ်း .." ကြီးမြတ်တဲ့အဖြူ ဆီမှ တိုက်ပွဲဖြစ်သံတွေ ထွက်ပေါ်လာတယ် ။ ကြည့်ရတာ သူက တစ်စုံတစ်ရာ နဲ့ ရင်ဆိုင်နေရပုံပေါ်တယ်။ သူက ဒီလောက်ကြာတဲ့ အထိ ပြန်မလာနိုင်သေးတာ အံသြစရာ မဟုတ်တော့ပါဘူး။
"ငါခဏအတွင်း လာခဲ့မယ်" အားရှီလျှူက လည်း တူညီစွာ ပြောလိုက်တယ်။ ကြည့်ရတာ သူမကိုယ်တိုုင်လည်း တိုက်ခိုက်ရင်းအလုပ်ရှုပ်နေပုံ ပေါ်တယ်။
သူ့ကို ကယ်တင်မယ့်သူ နှစ်ဦးလုံးက တိုက်ပွဲဝင်နေကြတယ်။
ဘယ်လောက်ဆိုးတဲ့ကံလဲ။
ရူဟန်က သက်ပြင်းချပြိး ဘာတွေ ဖြစ်နေတာလဲ ဆိုတာကို ကြီးမြတ်တဲ့ အဖြူ ဆီ လှမ်းပြောပြဖို့ ပြင်လိုက်တယ်။ ဒါပေမဲ့ ဒီအချိန်မှာပဲ သူ့နောက်ကျောဆီမှာ ထုံကျင်တဲ့ ခံစားချက်က ပိုမို ပြင်းထန်လာတယ်။
"လာပြီ ... သူထွက်လာပြီ" ရူဟန်က အကျယ်ကြီး ထအော်လိုက်တယ်။
တကယ်တော့ ဒီအရာက သူ့နောက်ကျောဆီက ထွက်ခွာလာတယ် ဆိုပေမဲ့ သူက ဘာနာကျင်မှုကို မှ မခံစားမိ ပါဘူး ။ အခြားတစ်ဘက်ကပြောရရင် သူက ခံစားချက် တစ်မျိုးကြီးကို ရရှိနေပါတယ်။
ကြီးမြတ်တဲ့ အဖြူ က မေးလိုက်တယ်။ "ဘာထွက်လာတာလဲ"
ဒါပေမဲ့ရူဟန်က ဒီတစ်ကြိမ်မှာ ကြီးမြတ်တဲ့ အဖြူ ကို ပြန်မဖြေနိုင်တော့ပါဘူး။ သူက အသက်ကို ပြင်းပြင်းရှုလိုက်တယ်။ သူ့ရဲ့ အားအင်တွေ အကုန်လုံးက ထွက်ခွာကုန်ပြီး အားပြတ်စွာ နဲ့ ကျောက်စိမ်းရေကန် အစပ်မှာ လဲလျောင်းသွားတယ်။
သူ့နောက်ကျောဆီက ထွက်ခွာချင်နေတဲ့ အရာက နောက်ဆုံးမှာတော့ ထွက်ခွာလာပါပြိ။
ဒီတစ်ကြိမ်မှာတော့ သူက တကယ်ပဲသွားပါပြီ။
❄️❄️❄️
ခဏလောက်ကြာတော့ ..
အမ်.. ငါမသေးသေးဘူးလား။ ရူဟန်က သူ့ခန္ဓာကိုယ် တစ်ခုလုံးက ဘာမှ မမှားယွင်းကြောင်း သတိပြုမိလိုက်တယ်။ ဒါပေမဲ ့သူက ကိုယ်ခန္ဓာစွမ်းအင် နဲ့ အစစ်အမှန် ချီ တော်တော်များများ ဆုံးရှုံးခဲ့ပါတယ်။ ဒါကြောင့် တကိုယ်လုံးက အားပြတ်ပြီး လှုပ်မရတော့ ပါဘူး။
ဒီအချိန်မှာပဲ သူ့ရဲ့ ဒန်ထျန် ရှစ်ခု မှာ ရှိတဲ့ အစစ်အမှန် ချီတွေ အားလုံးက ခြောက်ခမ်းသွားအောင် စုပ်ယူခြင်း ခံလိုက်ရပြီး မူလ ဒန်ထျန်မှာပဲ အနည်းငယ် ကျန်ပါတော့တယ်။ သူ့ရဲ့ ကိုယ်ခန္ဓာ စွမ်းအသ် အားလ့ံးကလည်း ခမ်းခြောက်အောင် စုပ်ယူခံလိုက်ရပြီး လက်ချောင်းလေး တစ်ချောင်းကိုတောင်မှ မလှုပ်ရှားနိုင်တော့ ပါဘူး။
ဘာပဲဖြစ်ဖြစ် သူက အသက်ရှိနေပါသေးတယ် ကြည့်ရတာ သူ့နောက်ကျောကနေ ထွက်ခွာလာတဲ့ အရာက သူ့ရဲ့ သနားစရာ အသက်လေးကိုတော့ ထိခိုက်စေဖို့ ရည်ရွယ်ချက် ရှိပုံမပေါ်ပါဘူး။
ဒါကြောင့်ပဲ ရူဟန်က သက်မ လိုက်မိတယ်။
"ရူဟန်.. " ဒီအချိန်မှာပဲ သူ့နားထဲကို နုူးညံ့တဲ့ အသံတစ်ခုက ဝင်ရောက်လာတယ်။
နောက်တော့ သူ့ကို နောက်ကနေ ပွေ့ဖက်လိုက်သလို ခံစားလိုက်ရပြီး သူ့နှာခေါင်းထဲကို သင်းပျံတဲ့ ကိုယ်သင်းနံ့က ထွက်ပေါ်လာတယ်။
ဒီအသံ က .... အရမ်းရင်းနှီးတယ်။
ရူဟန်က သူ့အားကို အကုန်စင် အသုံးပြုပြီး ခေါင်းလှည့်ကြည့်လိုက်တော့ သူရင်းနှီးနေတဲ့ မျက်နှာ တစ်ခုကို မြင်လိုက်ရတယ်။
ကြည့်ကောင်းလှတဲ့ မိနး်ကလေး တစ်ယောက် ပဲ ဖြစ်ပါတယ်။ သူမရဲ ့အညိုရောင်ဆံပင် ရှည်ကြီးတွေက တစ်စုတည်းစုစည်း ထားတယ်။ သူမရဲ့ ဆံမြိတ်တေတွကတော့ မျက်စိကိုတောင်မှ ဖုံးအုပ်နေတယ်။
သူမရဲ့ မျက်စိ သူငယ်အိမ် တွေက နီးရဲနေပြီး မျက်စိထောင့်မှာ မျက်ရည်စီးကြောင်းနှစ်ခု ရှိနေတယ်။ ကြည့်ရတာ ခုမှ ငိုလို့ ပြီးထားပုံ ပေါ်နေပါတယ်။
"ရူဟန်.. မင်းအဆင်ပြေရဲ့လား" မိန်းကလေး ရဲ့ အသံက နူးညံပြီး သူမ ရဲ့ အသက်ရှုထုတ်တဲ့ အနံ့အသက်တွေမှာ သစ်ခွပန်းရနံ့ တွေ မွှေးပျံစွာ ထွက်ပေါ်နေတယ်။
ရူဟန်က လူသန်ကြီးဟော့ခ် လို ခန္ဒာကိုယ်မျိူး ရှိနေချိန်မှာတော့ ဒီမိန်းကလေး က သေးသွယ်နေပါတယ်။ ဒါက ကလေးမလေး တစ်ယောက် က သူမ အဖေရဲ့ ကျောပြင်ကြီးကို ထက်ထားသလို ဖြစ်နေပါတယ်။
ရူဟန်က ချက်ချင်းပဲ သက်မချပြီး နွေးထွေးတဲ့ အပြုံးတစ်ခုကို ဖြစ်ညစ် ပြုံးလိုက်တယ် "စီနီယာ အစ်မရီ .. မင်းကိုး"
စောနတုန်းက သူ့အနေနဲ့ သေမတတ် ကြောက်လန့်သွားခဲ့တာ ဖြစ်ပါတယ်။
လောကမှာ ကြောက်စရာအကောင်းဆုံးက ကို်ယ်ဘာသာ တစ်ယောက်တည်း တွေးကြောက်တဲ့ ကိစ္စပါပဲ။
နောက်ဆုံးမှာတော့ သူ့နောက်ကျော ဆီက ထွက်လာတဲ့ သူက ကောင်းကင်ဘု အင်ပါယာ မဟုတ်ပါဘူး။ ရူဟန် နဲ့ သဘောတူညီမှု ပြုလုပ်ပြီး ကတည်းက ပျောက်ကွယ်သွားခဲ့တဲ့ စီနီယာ အစ်မရီ ဖြစ်နေပါတယ်။
"မင်းဘာဖြစ်တာလဲ. မင်းကို ကြည့်ရတာ အရမ်းအားနည်းနေတယ်" စီနီယာအစ်မရီ က ရူဟန်ရဲ့ ကြီးမားတဲ့ ကျောကုန်းကြီး ကို သူမရဲ့ သေးငယ်တဲ့ လက်ကလေးတင်ပြီး ပြန်လည်ကုသခြင်း နည်းစနစ်ကို အသုံးပြုလိုက်တယ်။
"ဘာမှမဟုတ်ဘူး။ ငါက တစ်ခါတည်း စွမ်းအင် အားလုံး ကုန်ဆုံးသွားလို့ ဖြစ်တာ" ရူဟန် နူုးညံ့စွာ ပြောလိုက်တယ် "စီနီယာ အစ်မရှိ. မင်းက အခု ထွက်လာချိန်မှာ ငါ့ဆီက အားအင် အကုန်လုံးကို စုပ်ယူသွားခဲ့တာ။ ဒါပေမဲ့ ဒါက ကိစ္စကြီး မဟုတ်ဘူး. ခဏလောက် အနားယူပြီးရင် ငါပြန်ကောင်းသွားလိမ့်မယ်။ ဟုတ်ပြီ။ ငါ့ရဲ့ အရွယ်အစား လျော့ချခြင်း အိတ်ထဲမှာ အစစ်အမှန် ချီနဲ့ ကိုယ်ခန္ဓာစွမ်းအင် ကို ပြန်လည် ကောင်းမွန်လာစေတဲ့ ဆေးလုံး တစ်ချို့ရှိနေတယ်။ စီနီယာ အစ်မရီ. ငါ့ကို ယူထုတ်ပေးပါလား"
အခု စီနီယာ အစ်မ ရီက ပြန်လာပြိ ဆိုတော့ ရူဟန်က အသစ်ပြန်လည် မွန်းမံထားတဲ့စိတ်ဝိညာဉ်ကောင်ကို ရရှိပါပြီး။ အရင်ကထက်တောင်ပိုပြီး အသုံးပြုလို့ရမယ့် အရာတွေ စုံလင်လာပါသေးတယ်။ ဒါက ဘာတွေလဲ ဆိုတာ စောင့်ကြည့်ဖို့ ပဲ လိုပါတော့တယ်။
စီနီယာ အစ်မရီ သူ့ခန္ဓာကိုယ်ထဲကနေ ထွက်ခွာလာ ချိန်မှာတော့ ရူဟန်က အချိန်အတော်ကြာ မခံစားခဲ့ရတဲ့ အားကောင်းတဲ့ ခံစားချက် တစ်ခုကို ခံစားလိုက်မိတယ်။ တိတိကျကျ ပြောရရင် စိတ်ဝိညာဉ်ကောင် နဲ့ သခင် ကြားက အားကောင်းလှတဲ့ ခံစားချက်ပါ။
နောက်တော့ စီနီယာ အစ်မရီ ခန္ဓာကိုယ်က စိတ်ဝိညာဉ်စွမ်းအင်တွေ က သူ့ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားတယ်လို့ ခံစားလိုက်မိတယ်။
အစောပိုင်းတုန်းက နတ်ဘုရားသားရဲ သုံးဆယ့်သုံးကောင် အစစ်အမှန် သန္ဓေချီဆေတွက ရူဟန် ခန္ဓာကိုယ်ထဲကနေ ခြောက်ခမ်းသွားအောင် စုပ်ယူခြင်းခံလို်က်ရတာပါ။ အခု စီနီယာအစ်မရီ ဆီက ထုတ်လွှတ်လိုက်တဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေက ရူဟန်ရဲ့ ခြောက်ခမ်းနေတဲ့ ဒန်ထျန် ရှစ်ခုကို စတင်ဖြည့်စည်း ပေးပါတော့တယ်။
ဒီခံစားချက်က အရမ်းကို နေရထိုင်ရ ကောင်းမွန်စေတယ်။ ရေငတ်ပြီး သေမလို ဖြစ်နေတဲ့လူတစ်ယောက်ရဲ ပါးစပ်ထဲကို အေးမြတဲ့ စမ်းရေ လောင်းချ လိုက်သလို ခံစားချက်မျိုး ပါပဲ။
ထပ်ပြောရရင် စီနီယာ အစ်မရီ က အဆင့်ငါး စိတ်ဝိညာဉ်အင်ပါယာ တစ်ယောက်ပါ။ ရူဟန်က သူမနဲ့ အမှတ်မထင် စိတ်ဝိညာသ် သဘောတူညီချက် စာချု့ပ် ကိုချုပ်ဆို မိတယ် ဆိုပေမဲ့ ဒါက သူမရဲ့ အားအင်းကို ကန့်သတ်မှု မဖြစ်ပေါ်စေပါဘူး။ ဒါတင် မကသေးပါဘူးး သူမကလည်း ရူဟန် နဲ့ သဘောတူညီမှု ရယူပြီးနောက်မှာ အဆင့်မတက်တာ နှစ်ကာလ ကြာမြင့်နေပြီ ဖြစ်တဲ့ သူမ ရဲ့ အဆင့်တောင်မှ အနည်းငယ် တက်လာခဲ့တယ်။
အခြားတစ်ဖက်က ပြောရရင် စီနီယာ အစ်မ ရီ က ရူဟန်ရဲ့ ခန္ဓာကိုယ်ကို ထည့်သွင်းပေးနေတဲ့ စွမ်းအင်တွေက အစစ်အမှန်ချီအရည် ဒါမှမဟုတ် အစစ်အမှန် သန္ဒေယန် တွေ မဟုတ်ပါဘူး။အဆင့်ငါး စိတ်ဝိညာဉ် အင်ပါယာ တစ်ယောက်ရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေပဲ ဖြစ်ပါတယ်။
ဒါ့အပြင် စီနီယာ အစ်မရီ က ရူဟန်ရဲ့ စိတ်ဝိညာဉ်ကောင် ဖြစ်နေပြီ ဖြစ်တာကြောင့် ရူဟန်ရဲ့ မရီဒန်တွေ ထဲမှာ စိတ်ဝိညာဉ်စွမ်းအင်တွေတောင် စတင်လှည်ပတ်စေလို့ ရနိုင်စေပါတယ်။
ဒါက စွမ်းအင် လွှဲပြောင်းခြင်း ဖြစ်စဉ်နဲ့တောင် တူညီနေပါတယ်။ ရူဟန်ခန္ဓာကိုယ် ထဲကို ဝင်ရောက်လာတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေက အစစ်အမှန် ချီအရည် တွေအဖြစ် အလိုလို ပြောင်းလဲသွားခဲ့တယ်။
ဒါပေမဲ့ ဒီပြောင်းလဲမှု က အနည်းငယ်တော့ နောက်ကျနေပါတယ်
ပြောင်းလဲမှု မဖြစ်ပေါ်ခင်မှာ စိတ်ဝိညာဉ်စွမ်းအင်တွေ က နတ်ဘုရားသားရဲ သုံးဆယ့်သုံးကောင် နည်းစနစ် အတိုင်း ရူဟန် ရဲ့ ခန္ဓာကိုယ်ကို စိတ်ဝိညာဉ်စွမ်းအင်တွေက လှည့်ပတ်လိုက်ပါသေးတယ်။
ဒါကြောင့် စိီနီယာအစ်မရီ ရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေက ရူဟန်ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်ပြီးနောက်မှာတော့ သူ့ရဲ့ မရီဒန်ကြီး လေးခုက ချက်ချင်းပဲ စတင် ပွင်ပါတော့တယ်။
တစ်နေ့က ရူဟန် အနေနဲ ပိုးအိမ်ထဲမှ ထွက်လာချိ်န်တွင်တော့ တောက်ပကြယ် မရီဒန်ကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အခု စီနီယာ အစ်မရီ ဆီက ထွက်ပေါ်လာတဲ့ ခန့်မှန်းလို့ မရနိုင်အောင် မျာပြားတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေ က အမြင့်ဆုံးထိ ပျံသန်းနိုင်စေခဲ့ပါပြီ။
အပိုင္း (၈၀၄) ထြက္လာၿပီ။ သူထြက္လာၿပီ။
ဒီေအးစက္ပံုေပၚတဲ့ ေငြခ်ပ္ဝတ္တန္ဆာ နဲ႔ အမ်ိဳးသမီး က အရူးလုပ္ရ လြယ္သားပဲ။ သူမ က ဒီလို ေျမေအာက္ေနရာတစ္ခုမွာ အၾကာႀကီးေနခဲ့တာ ေၾကာင့္ ဒူသြားတာ ျဖစ္ရမယ္။
ငါက သူမကို အရူးလုပ္ႏိုင္ၿပီဆိုေတာ့ ႏွုတ္ဆက္ၿပီး ဒီေက်ာက္စိမ္းေရကန္ က ထြက္သြားဖို႔ အခြင့္အေရးရွာရမယ္။ ဒီအမ်ိဳးသမီးေတြ ထပ္ၿပီး ရူးသြပ္သြားေစလို႔ မျဖစ္ဘူး။ ဒီကိစၥကို စဥ္းစားရင္း စဥ္းစားရင္ သူမ စိတ္ေျပာင္းရင္ ေျပာင္းသြားႏိုင္တယ္။
ဒါကို ေတြးမိေတာ့ ရူဟန္က လက္ႏွစ္ဖက္ကို ဆုပ္ရင္း ႏွုတ္ဆက္ဖို႔ ျပင္လိုက္တယ္။
ဒါေပမဲ့ ဒီအခ်ိန္မွာပဲ သူ႔ေနာက္ေက်ာကို တစ္စံုတစ္ေယာက္က ေထြးပိုက္လိုက္တာေၾကာင့္ ေႏြးေထြးတဲ့ ခံစားခ်က္ ျဖစ္ေပၚလာတယ္။
ထြက္သြားဖို႔ ျပင္ဆင္ေနတဲ့ ရူဟန္က ေၾကာင္ေတာင္ေတာင္ နဲ႔ ေနရာမွာတင္ ရပ္တန႔္သြားတယ္။
အသက္ရႈရိႈက္စာ အနည္းငယ္ၾကာေတာ့ ဒီေႏြးေထြးတဲ့ ခံစားခ်က္ က ေပ်ာက္ကြယ္သြားၿ႔ပီး တျခား ခံစားခ်က္ တစ္မ်ိဳး ျဖစ္ေပၚလာျပန္တယ္။ တစ္စံုတစ္ခုက သူ႔ေနာက္ေက်ာကေန ထြက္ခြာသြား ေတာ့မလို ျဖစ္ေနတာပါ။
ဒါေပမဲ့ ဒီအခ်ိန္မွာေတာ့ သူ႔ေနာက္ေက်ာ ဆီက နာက်င္မွဳ ကို မခံစားရပါဘူး။ ေျပာရမယ္ ဆိုရင္ အားနည္းၿပီး ထံုက်င္တဲ့ခံစားခ်က္ တစ္ခုကို အ့ဲေနရာကေန ရရွိေနတယ္။
တစ္ခ်ိန္တည္းမွာပဲ သူက လွဳပ္လို႔ မရေတာ့ဘူး ဆိုတာကို သိရွိလိုက္တယ္။ တစ္စံုတစ္ေယာက္က သူ႔ကို လွဳပ္မရျဖစ္ေစတဲ့ နည္းစနစ္ကို အသံုးျပဳခဲ့ပံုေပၚတယ္။
"ဘာျဖစ္တာလဲ..." ရူဟန္က သူ႔လက္ကို လွဳပ္ရွားဖို႔ ျပင္လိုက္တယ္။ ဒါေပမဲ့ သူက လက္ေခ်ာင္းေလးေတြကိုသာ လွဳပ္လို႔ ရႏိုင္ၿပီး လက္ေမာင္းေတြကို ေျမွာက္လို႔ မရေတာ့မွန္း သိရွိသြားခဲ့တယ္။ သူ႔ခႏၶာကုိယ္ တစ္ခုလံုက အေတာ္ႀကီး ေလးလံမွဳကို ခံစားေနရတယ္။
"မင္းဘာျဖစ္တာလဲ။ မင္းခႏၶာကိုယ္ တစ္ခုလံုးက ျဖဴေရာ္ေနၿပိ" ေငြခ်ပ္ဝတ္ တန္ဆာ နဲ႔ အမ်ိဳးသမီးက ေမးလိုက္တယ္။
ရူဟန္က မ်က္ေမွာင္ကုတ္ၿပီး ျပန္ေျပာလိုက္တယ္ "ငါခႏၶာကိုယ္က လွဳပ္မရေတာ့ဘူး"
"အမ္ .. ငါၾကည့္ၾကည့္မယ္... အမ္.. မင္းခႏၶာကိုယ္က အစစ္အမွန္ ခ်ီေတြ အားလံုးက ေနာက္ေက်ာကို ေရာက္ေနတယ္။ မင္းက ပိုးအိမ္ခ်ိဳးေဖာက္ၿပီး အသစ္ျပန္လည္ ေမြးဖြားတာတို႔၊ အေရခြံလဲတာတိဳ႔ နဲ႔ သက္ဆိုင္တဲ့ က်င့္ႀကံျုခင္း နည္းစနစ္ကို ေလ့က်င့္ေသးလား။ ဥပမာအားျဖင့္ ပိုုးေကာင္ႀကီးရဲ့ အသြင္ေျပာင္းလဲျခင္းကိုးမ်ိဳး၊ ခူေကာင္ရဲ့ ပံုသ႑ာန္ေျပာင္းလဲ ျခင္း အဆင့္ဆင့္၊ ဒါမွမဟုတ္ ေက်ာက္စိမ္းေျမြရဲ့ အသက္သံုးခု စတဲ့နည္းစနစ္ေတြေလ" ေငြခ်ပ္ဝတ္တန္ဆာ အမ်ိဳးသမီး အေစာင့္က ေျပာလိုက္တယ္။
ရူဟန္ က ျပန္ေျပာလိုက္တယ္ "မဟုတ္ဘူး။ ငါမေလ့က်င့္ျဖစ္ဘူး။ ဒီလို ထူးဆန္းတဲံ့ က်င့္ႀကံျခင္း နည္းစနစ္ေတြကို ငါတစ္ခါမွ မက်င့္ႀကံျဖစ္ဘူး။"
ေငြခ်ပ္ဝတ္ နဲ႔ အမ်ိဳးသမီး က ခဏေလာက္စဥ္းစားၿပီး ေျပာလိုက္တယ္ "ဒါဆိုရင္ ဒီအေျခအေနက အေရးႀကီးေနၿပီး မင္းေသေတာ့မယ္ နဲ႔ တူတယ္။ မင္းေနာက္ေက်ာကေန တစ္စံုတစ္ခုက ထိုးထြက္လာေနတယ္လို႔ ငါခံစားမိတယ္။ ထပ္ေျပာရရင္ မင္းရဲ့ ခႏၶာကိုယ္ထဲမွာ ရွိတဲ့ အစစ္အမွန္ ခ်ီေတြ အားလံုးကလည္း ေနာက္ေက်ာမွာ သြားစုေနတယ္။ ၾကည့္ရတာ ဒီအရာကို စုပ္ယူၿပီး အားအင္အျဖစ္ အသံုးျပဳေနတာ ျဖစ္မယ္။ ဒီအရာ မင္းခႏၶာကိုယ္ထဲကေန ထြက္လာရင္ မင္းေသၿပီ။"
"......." ရူဟန္။
ခ်ီးတဲ့မွ.. ဘာေတြျဖစ္ေနတာလဲ။ ငါ့ခႏၶာကိုယ္ထဲကေန ဘာေၾကာင့္ တစ္စံုတစ္ခု က ထြက္လာခ်င္ေနရတာလဲ။
ရူပ္ရွင္ထဲကလို ၿဂိဳလ္သားေတြ လား။
ဒီေကာင္းကင္ဘံုၿမိဳ႕ အစိတ္အပိုင္းထဲကို ဝင္ေရာက္ၿပီးေနာက္မွာ သူ႔ခႏၶာကိုယ္ကို ကပ္ပါးေကာင္း အမ်ိဳးအစား တစ္ခုခုက တြယ္ကပ္ခဲ့တာလာ. ဒီလိုလည္း မဟုတ္ဘူး။ ကပ္ပါးေကာင္ တြယ္ကပ္လာၿပီ ဆိုရင္ ႀကီးျမတ္တဲ့ အျဖဴ က က်ိန္းေသေပါက္ သတိျပဳမိမွာေပါ့။
ဒါဆိုရင္ ႀကီးျမတ္တဲ့ အျဖဴ နဲ႔ လမ္းခြဲသြားတုန္းမွာ တစ္စံုတစ္ေယာက္ ဒါမွမဟုတ္ တစ္ခုခုက သူ႔ကို တစ္စံုတစ္ရာ ျပဳလုပ္ခဲ့တာလား။
ရူဟန္က ခ်က္ခ်က္းပဲ ပ်က္ဆီးသြားတဲ့ အင္ပါယာပုလဲကုိ ေတြးလိုက္မိတ္ယ။
အေစာပိုင္းတုန္းက အင္ပါယာပုလဲက ရုတ္တရက္ ပ်က္ဆီးသြားခဲ့တယ္။ ဒီကိစၥက ေတာ္ေတာ္ႀကီး ထူးဆန္းေနတယ္လို႔ သူခံစားမိေနတယ္။ အင္ပါယာပုလဲက ေကာင္းကင္ဘံုအင္ပါယာ အသက္ျပန္လည္ရွင္သန္ႏိုင္ဖို႔ ခ်န္ထားခဲ့တဲ့ နည္းလမ္း တစ္ခုမ်ားလား။ သင့္ေတာ္တဲ့ ခႏၶာကိုယ္ တစ္ခုကို ရွာေတြ႔ၿပီး အတင္းအားသံုးကာ ျပန္လည္ ေမြးဖြားေစတာ ျဖစ္ႏိုင္တယ္။
ေကာင္းကင္ဘံု အင္ပါယာ က သူ႔ခႏၶာကိုယ္ကို အသံုးျပဳၿပီး ျပန္လည္ေမြးဖြားဖို႔ စဥ္းစားလိုက္တာ ဆိုရင္ သူေတာ္ေတာ္ ကံမေကာင္းတာပဲ။
ဒါက ေတြးၾကည့္ေလ ၊ ျဖစ္ႏိုင္ေလ လို႔ သူခံစားမိတယ္။
ေနာက္ေတာ့ သူ ေကာင္းမြန္လြန္းတာေၾကာင့္ ထပ္ၿပီး မေကာင္းမြန္ ႏိုင္ေတာ့တဲ့ ေကာင္းမြန္တဲ့ ကံတရားကို သူ ပိုင္ဆိုင္ခဲ့ရတာပဲ။
ဒါက ေရတြက္လို႔ မရတဲ့ ဝတၱဳေတြ၊ ရုပ္ရွင္ေတြ၊ မန္ဂါေတြ မွာ နဲ႔ ဆင္တူေနပါတယ္။ အင္ပါယာက သူ႔ခႏၶာကိုယ္ကို အသံုးျပဳၿပီး ျပန္လည္ေမြးဖြားမယ္ ဆိုတဲ့ သီအိုရီ က ျဖစ္ႏိုင္ေခ် အရွိဆံုးပါပဲ။
ဒါက ရုပ္ရွင္၊ ဝတၱဳေတာ္ေတာ္မ်ားမ်ား ျဖစ္ေနက် ဇာတ္လမ္းအတုိင္းပဲ ေကာင္းကင္ဘံု အင္ပါယာက သူ႔ခႏၶာကိုယ္ ကို သိမ္းပိုက္ၿပီး စြန္းရူဟန္ အျဖစ္ ဆက္လက္ အသက္ရွင္သန္မယ္။ ၿပီးရင္ ေကာင္းကင္ဘံုၿမိဳ႕ အစိတ္အပိုင္းေတြကို လိုက္လံစုေဆာင္းၿပီး ပိုၿပီး စြမ္းအားျမင့္မားတဲ့ ေကာငး္ကင္ဘံုၿမိဳ႕ႈႀကီးကို ျပန္လည္တည္ေဆာက္မယ္။
ဒါေတြကို ေတြးၾကည့္ၿပီးတဲ့ေနာက္ သူ႔အေျခအေန က ဆိုးရြားလာတယ္လို႔ ရူဟန္ က စဥ္းစားလိုက္မိတယ္။
"နတ္မိမယ္ေလး . မင္းဆီမွာ ဒီအေျခအေန ကို ေျဖရွင္းဖုိ႔ နည္းလမ္း ရွိလား။ ငါ့ကို ကယ္လို႔ ရေသးလား" ရူဟန္က ေငြခ်ပ္ဝတ္ တန္ဆာ နဲ႔ အမ်ိဳးသမီးကို ၾကည့္ၿပီး ေျပာလိုက္တယ္။
တစ္ခ်ိန္တည္းမွာပဲ သူက မိုင္တစ္ေထာင္အသံလြင့္ ပစၥည္းကို အသံုးျပဳၿပီး စီနီယာ အျဖဴ န႔ဲ အားရွီလွ်ဴ တို႔ကို ျမန္ျမန္လာဖို႔ နဲ႔ မဟုတ္ရင္ သူ႔အသက္ကို မွီမွာ မဟုတ္ေတာ့မွန္း လွမ္းေျပာလိုက္တယ္။ ၿပီးေနာက္ သူ႔ရဲ့ စိတ္စြမ္းအင္ေတြကို အရြယ္အစာ ေလ်ာ့ခ်ျခင္း အိတ္အတြင္းကို ပို႔လိုက္ၿပီး ဝါးရြက္ နဲပ ခ်ိတ္ဆက္မိဖို႔ ႀကိဳးစားလိုက္တယ္။ ေကာင္းကင္ဘံု အင္ပါယာ က သူ႔ခႏၶာကိုယ္ထဲက ထိုးထြက္ဖို႔ ႀကိဳးစားမယ္ ဆိုရင္ ဝါးရြက္ကို သူ႔အသက္ကယ္ဆယ္ဖို႔ အသံုးျပဳႏိုင္ပါတယ္။ သူ႔အသက္က အေရးႀကီးဆုံးအေျခအေန မွာ ရွိေနတာေၾကာင့္ ႀကိဳတင္ျပင္ဆင္ထားတာ မမွားပါဘူး။
"ငါေတာင္းပန္ ပါတယ္။ ငါမင္းကို မကယ္ဆယ္ ႏိုင္ဘူး။" ေငြခ်ပ္ဝတ္ တန္ဆာ နဲ႔ အမ်ိဳးသမီးက ရွက္ရြံစြာ နဲ႔ ေျပာလိုက္တယ္ "ငါတို႔ ညီအစ္မေတြက လူကို ဘယ္လိုသတ္ရမယ္ ဆိုတာကို သိတယ္။ ဒါေပမဲ့ ဘယ္လို ကယ္ရမလဲ ဆိုတာေတာ့ မသိဘူး။ ဒါေၾကာင့္ ..မင္းခႏၶာကိုယ္က ထြက္လာမယ့္ အရာက စြမ္းအားအရမ္းမျမင့္ဘူး ဆိုရင္ ငါတို႔ ညီအစ္မ ေတြ မင္းအတြက္ သတ္ေပးမယ္."
".........." ရူဟန္။
ဒါေပမဲ့ ဒီအခ်ိန္မွာပဲ ႀကီးျမတ္တဲ့ အျဖဴ ရဲ ့အသံက မိုင္တစ္ေထာင္ အသံလြင့္ပစၥည္းကေန ထြက္ေပၚလာတယ္ "ရူဟန္.. ဘာျဖစ္တာလဲ"
ရူဟန္က အားတင္းၿပံဳးၿပီး ေျပာလိုက္တယ္ "စီနီယာအျဖဴ .. မင္းဘာေၾကာင့္ ျပန္မလာေသးတာလဲ။ ငါဒီမွာ ျပႆနာ တက္ေနၿပီ"
"ငါခ်က္ခ်င္းျပန္လာမယ္။ ခဏေစာက္. ငါ့လမ္းကဖယ္စမ္း .." ႀကီးျမတ္တဲ့အျဖူ ဆီမွ တိုက္ပြဲျဖစ္သံေတြ ထြက္ေပၚလာတယ္ ။ ၾကည့္ရတာ သူက တစ္စံုတစ္ရာ နဲ႔ ရင္ဆိုင္ေနရပံုေပၚတယ္။ သူက ဒီေလာက္ၾကာတဲ့ အထိ ျပန္မလာႏိုင္ေသးတာ အံၾသစရာ မဟုတ္ေတာ့ပါဘူး။
"ငါခဏအတြင္း လာခဲ့မယ္" အားရွီလွ်ဴက လည္း တူညီစြာ ေျပာလိုက္တယ္။ ၾကည့္ရတာ သူမကိုယ္တုိုင္လည္း တိုက္ခိုက္ရင္းအလုပ္ရႈပ္ေနပံု ေပၚတယ္။
သူ႔ကို ကယ္တင္မယ့္သူ ႏွစ္ဦးလံုးက တိုက္ပြဲဝင္ေနၾကတယ္။
ဘယ္ေလာက္ဆိုးတဲ့ကံလဲ။
ရူဟန္က သက္ျပင္းခ်ၿပိး ဘာေတြ ျဖစ္ေနတာလဲ ဆိုတာကို ႀကီးျမတ္တဲ့ အျဖဴ ဆီ လွမ္းေျပာျပဖို႔ ျပင္လိုက္တယ္။ ဒါေပမဲ့ ဒီအခ်ိန္မွာပဲ သူ႔ေနာက္ေက်ာဆီမွာ ထံုက်င္တဲ့ ခံစားခ်က္က ပိုမို ျပင္းထန္လာတယ္။
"လာၿပီ ... သူထြက္လာၿပီ" ရူဟန္က အက်ယ္ႀကီး ထေအာ္လိုက္တယ္။
တကယ္ေတာ့ ဒီအရာက သူ႔ေနာက္ေက်ာဆီက ထြက္ခြာလာတယ္ ဆိုေပမဲ့ သူက ဘာနာက်င္မွဳကို မွ မခံစားမိ ပါဘူး ။ အျခားတစ္ဘက္ကေျပာရရင္ သူက ခံစားခ်က္ တစ္မ်ိဳးႀကီးကို ရရွိေနပါတယ္။
ႀကီးျမတ္တဲ့ အျဖဴ က ေမးလိုက္တယ္။ "ဘာထြက္လာတာလဲ"
ဒါေပမဲ့ရူဟန္က ဒီတစ္ႀကိမ္မွာ ႀကီးျမတ္တဲ့ အျဖဴ ကို ျပန္မေျဖႏိုင္ေတာ့ပါဘူး။ သူက အသက္ကို ျပင္းျပင္းရႈလိုက္တယ္။ သူ႔ရဲ့ အားအင္ေတြ အကုန္လံုးက ထြက္ခြာကုန္ၿပီး အားျပတ္စြာ နဲ႔ ေက်ာက္စိမ္းေရကန္ အစပ္မွာ လဲေလ်ာင္းသြားတယ္။
သူ႔ေနာက္ေက်ာဆီက ထြက္ခြာခ်င္ေနတဲ့ အရာက ေနာက္ဆံုးမွာေတာ့ ထြက္ခြာလာပါၿပိ။
ဒီတစ္ႀကိမ္မွာေတာ့ သူက တကယ္ပဲသြားပါၿပီ။
❄️❄️❄️
ခဏေလာက္ၾကာေတာ့ ..
အမ္.. ငါမေသးေသးဘူးလား။ ရူဟန္က သူ႔ခႏၶာကိုယ္ တစ္ခုလံုးက ဘာမွ မမွားယြင္းေၾကာင္း သတိျပဳမိလိုက္တယ္။ ဒါေပမဲ ့သူက ကိုယ္ခႏၶာစြမ္းအင္ နဲ႔ အစစ္အမွန္ ခ်ီ ေတာ္ေတာ္မ်ားမ်ား ဆံုးရံႈးခဲ့ပါတယ္။ ဒါေၾကာင့္ တကိုယ္လံုးက အားျပတ္ၿပီး လွုပ္မရေတာ့ ပါဘူး။
ဒီအခ်ိန္မွာပဲ သူ႔ရဲ့ ဒန္ထ်န္ ရွစ္ခု မွာ ရွိတဲ့ အစစ္အမွန္ ခ်ီေတြ အားလံုးက ေျခာက္ခမ္းသြားေအာင္ စုပ္ယူျခင္း ခံလိုက္ရၿပီး မူလ ဒန္ထ်န္မွာပဲ အနည္းငယ္ က်န္ပါေတာ့တယ္။ သူ႔ရဲ့ ကိုယ္ခႏၶာ စြမ္းအသ္ အားလ့ံးကလည္း ခမ္းေျခာက္ေအာင္ စုပ္ယူခံလိုက္ရၿပီး လက္ေခ်ာင္းေလး တစ္ေခ်ာင္းကိုေတာင္မွ မလွဳပ္ရွားႏိုင္ေတာ့ ပါဘူး။
ဘာပဲျဖစ္ျဖစ္ သူက အသက္ရွိေနပါေသးတယ္ ၾကည့္ရတာ သူ႔ေနာက္ေက်ာကေန ထြက္ခြာလာတဲ့ အရာက သူ႔ရဲ့ သနားစရာ အသက္ေလးကိုေတာ့ ထိခိုက္ေစဖုိ႔ ရည္ရြယ္ခ်က္ ရွိပံုမေပၚပါဘူး။
ဒါေၾကာင့္ပဲ ရူဟန္က သက္မ လိုက္မိတယ္။
"ရူဟန္.. " ဒီအခ်ိန္မွာပဲ သူ႔နားထဲကို ႏုူးညံ့တဲ့ အသံတစ္ခုက ဝင္ေရာက္လာတယ္။
ေနာက္ေတာ့ သူ႔ကို ေနာက္ကေန ေပြ႔ဖက္လိုက္သလို ခံစားလိုက္ရၿပီး သူ႔ႏွာေခါင္းထဲကို သင္းပ်ံတဲ့ ကိုယ္သင္းနံ႔က ထြက္ေပၚလာတယ္။
ဒီအသံ က .... အရမ္းရင္းႏွီးတယ္။
ရူဟန္က သူ႔အားကို အကုန္စင္ အသံုးျပဳၿပီး ေခါင္းလွည့္ၾကည့္လိုက္ေတာ့ သူရင္းႏွီးေနတဲ့ မ်က္ႏွာ တစ္ခုကို ျမင္လိုက္ရတယ္။
ၾကည့္ေကာင္းလွတဲ့ မိနး္ကေလး တစ္ေယာက္ ပဲ ျဖစ္ပါတယ္။ သူမရဲ ့အညိဳေရာင္ဆံပင္ ရွည္ႀကီးေတြက တစ္စုတည္းစုစည္း ထားတယ္။ သူမရဲ့ ဆံၿမိတ္ေတတြကေတာ့ မ်က္စိကိုေတာင္မွ ဖံုးအုပ္ေနတယ္။
သူမရဲ့ မ်က္စိ သူငယ္အိမ္ ေတြက နီးရဲေနၿပီး မ်က္စိေထာင့္မွာ မ်က္ရည္စီးေၾကာင္းႏွစ္ခု ရွိေနတယ္။ ၾကည့္ရတာ ခုမွ ငိုလို႔ ၿပီးထားပံု ေပၚေနပါတယ္။
"ရူဟန္.. မင္းအဆင္ေျပရဲ့လား" မိန္းကေလး ရဲ့ အသံက ႏူးညံၿပီး သူမ ရဲ့ အသက္ရႈထုတ္တဲ့ အနံ႔အသက္ေတြမွာ သစ္ခြပန္းရနံ႔ ေတြ ေမႊးပ်ံစြာ ထြက္ေပၚေနတယ္။
ရူဟန္က လူသန္ႀကီးေဟာ့ခ္ လို ခႏၵာကိုယ္မ်ိဴး ရွိေနခိ်န္မွာေတာ့ ဒီမိန္းကေလး က ေသးသြယ္ေနပါတယ္။ ဒါက ကေလးမေလး တစ္ေယာက္ က သူမ အေဖရဲ့ ေက်ာျပင္ႀကီးကို ထက္ထားသလို ျဖစ္ေနပါတယ္။
ရူဟန္က ခ်က္ခ်င္းပဲ သက္မခ်ၿပီး ေႏြးေထြးတဲ့ အၿပံဳးတစ္ခုကို ျဖစ္ညစ္ ၿပံဳးလိုက္တယ္ "စီနီယာ အစ္မရီ .. မင္းကိုး"
ေစာနတုန္းက သူ႔အေနနဲ႔ ေသမတတ္ ေၾကာက္လန္႔သြားခဲ့တာ ျဖစ္ပါတယ္။
ေလာကမွာ ေၾကာက္စရာအေကာင္းဆံုးက ကို္ယ္ဘာသာ တစ္ေယာက္တည္း ေတြးေၾကာက္တဲ့ ကိစၥပါပဲ။
ေနာက္ဆံုးမွာေတာ့ သူ႔ေနာက္ေက်ာ ဆီက ထြက္လာတဲ့ သူက ေကာင္းကင္ဘု အင္ပါယာ မဟုတ္ပါဘူး။ ရူဟန္ နဲ႔ သေဘာတူညီမွဳ ျပဳလုပ္ၿပီး ကတည္းက ေပ်ာက္ကြယ္သြားခဲ့တဲ့ စီနီယာ အစ္မရီ ျဖစ္ေနပါတယ္။
"မင္းဘာျဖစ္တာလဲ. မင္းကို ၾကည့္ရတာ အရမ္းအားနည္းေနတယ္" စီနီယာအစ္မရီ က ရူဟန္ရဲ့ ႀကီးမားတဲ့ ေက်ာကုန္းႀကီး ကို သူမရဲ့ ေသးငယ္တဲ့ လက္ကေလးတင္ၿပီး ျပန္လည္ကုသျခင္း နည္းစနစ္ကို အသံုးျပဳလုိက္တယ္။
"ဘာမွမဟုတ္ဘူး။ ငါက တစ္ခါတည္း စြမ္းအင္ အားလုံး ကုန္ဆံုးသြားလို႔ ျဖစ္တာ" ရူဟန္ ႏူုးညံ့စြာ ေျပာလိုက္တယ္ "စီနီယာ အစ္မရွိ. မင္းက အခု ထြက္လာခ်ိန္မွာ ငါ့ဆီက အားအင္ အကုန္လံုးကို စုပ္ယူသြားခဲ့တာ။ ဒါေပမဲ့ ဒါက ကိစၥႀကီး မဟုတ္ဘူး. ခဏေလာက္ အနားယူၿပီးရင္ ငါျပန္ေကာင္းသြားလိမ့္မယ္။ ဟုတ္ၿပီ။ ငါ့ရဲ့ အရြယ္အစား ေလ်ာ့ခ်ျခင္း အိတ္ထဲမွာ အစစ္အမွန္ ခ်ီနဲ႔ ကိုယ္ခႏၶာစြမ္းအင္ ကို ျပန္လည္ ေကာင္းမြန္လာေစတဲ့ ေဆးလံုး တစ္ခ်ိဳ႕ရွိေနတယ္။ စီနီယာ အစ္မရီ. ငါ့ကို ယူထုတ္ေပးပါလား"
အခု စီနီယာ အစ္မ ရီက ျပန္လာၿပိ ဆိုေတာ့ ရူဟန္က အသစ္ျပန္လည္ မြန္းမံထားတဲ့စိတ္ဝိညာဥ္ေကာင္ကို ရရွိပါၿပီး။ အရင္ကထက္ေတာင္ပိုၿပီး အသံုးျပဳလို႔ရမယ့္ အရာေတြ စံုလင္လာပါေသးတယ္။ ဒါက ဘာေတြလဲ ဆိုတာ ေစာင့္ၾကည့္ဖို႔ ပဲ လိုပါေတာ့တယ္။
စီနီယာ အစ္မရီ သူ႔ခႏၶာကိုယ္ထဲကေန ထြက္ခြာလာ ခ်ိန္မွာေတာ့ ရူဟန္က အခ်ိန္အေတာ္ၾကာ မခံစားခဲ့ရတဲ့ အားေကာင္းတဲ့ ခံစားခ်က္ တစ္ခုကို ခံစားလိုက္မိတယ္။ တိတိက်က် ေျပာရရင္ စိတ္ဝိညာဥ္ေကာင္ နဲ႔ သခင္ ၾကားက အားေကာင္းလွတဲ့ ခံစားခ်က္ပါ။
ေနာက္ေတာ့ စီနီယာ အစ္မရီ ခႏၶာကိုယ္က စိတ္ဝိညာဥ္စြမ္းအင္ေတြ က သူ႔ရဲ့ ခႏၶာကိုယ္ထဲကို ဝင္ေရာက္သြားတယ္လို႔ ခံစားလိုက္မိတယ္။
အေစာပိုင္းတုန္းက နတ္ဘုရားသားရဲ သံုးဆယ့္သံုးေကာင္ အစစ္အမွန္ သေႏၶခ်ီေဆတြက ရူဟန္ ခႏၶာကိုယ္ထဲကေန ေျခာက္ခမ္းသြားေအာင္ စုပ္ယူျခင္းခံလို္က္ရတာပါ။ အခု စီနီယာအစ္မရီ ဆီက ထုတ္လႊတ္လိုက္တဲ့ စိတ္ဝိညာဥ္စြမ္းအင္ေတြက ရူဟန္ရဲ့ ေျခာက္ခမ္းေနတဲ့ ဒန္ထ်န္ ရွစ္ခုကို စတင္ျဖည့္စည္း ေပးပါေတာ့တယ္။
ဒီခံစားခ်က္က အရမ္းကို ေနရထိုင္ရ ေကာင္းမြန္ေစတယ္။ ေရငတ္ၿပီး ေသမလို ျဖစ္ေနတဲ့လူတစ္ေယာက္ရဲ ပါးစပ္ထဲကို ေအးျမတဲ့ စမ္းေရ ေလာင္းခ် လိုက္သလို ခံစားခ်က္မ်ိဳး ပါပဲ။
ထပ္ေျပာရရင္ စီနီယာ အစ္မရီ က အဆင့္ငါး စိတ္ဝိညာဥ္အင္ပါယာ တစ္ေယာက္ပါ။ ရူဟန္က သူမနဲ႔ အမွတ္မထင္ စိတ္ဝိညာသ္ သေဘာတူညီခ်က္ စာခ်ဳ႔ပ္ ကိုခ်ဳပ္ဆို မိတယ္ ဆိုေပမဲ့ ဒါက သူမရဲ့ အားအင္းကို ကန္႔သတ္မွု မျဖစ္ေပၚေစပါဘူး။ ဒါတင္ မကေသးပါဘူးး သူမကလည္း ရူဟန္ နဲ႔ သေဘာတူညီမွဳ ရယူၿပီးေနာက္မွာ အဆင့္မတက္တာ ႏွစ္ကာလ ၾကာျမင့္ေနၿပီ ျဖစ္တဲ့ သူမ ရဲ့ အဆင့္ေတာင္မွ အနည္းငယ္ တက္လာခ့ဲတယ္။
အျခားတစ္ဖက္က ေျပာရရင္ စီနီယာ အစ္မ ရီ က ရူဟန္ရဲ့ ခႏၶာကိုယ္ကို ထည့္သြင္းေပးေနတဲ့ စြမ္းအင္ေတြက အစစ္အမွန္ခ်ီအရည္ ဒါမွမဟုတ္ အစစ္အမွန္ သေႏၵယန္ ေတြ မဟုတ္ပါဘူး။အဆင့္ငါး စိတ္ဝိညာဥ္ အင္ပါယာ တစ္ေယာက္ရဲ့ စိတ္ဝိညာဥ္စြမ္းအင္ေတြပဲ ျဖစ္ပါတယ္။
ဒါ့အျပင္ စီနီယာ အစ္မရီ က ရူဟန္ရဲ့ စိတ္ဝိညာဥ္ေကာင္ ျဖစ္ေနၿပီ ျဖစ္တာေၾကာင့္ ရူဟန္ရဲ့ မရီဒန္ေတြ ထဲမွာ စိတ္ဝိညာဥ္စြမ္းအင္ေတြေတာင္ စတင္လွည္ပတ္ေစလို႔ ရႏိုင္ေစပါတယ္။
ဒါက စြမ္းအင္ လႊဲေျပာင္းျခင္း ျဖစ္စဥ္နဲ႔ေတာင္ တူညီေနပါတယ္။ ရူဟန္ခႏၶာကိုယ္ ထဲကို ဝင္ေရာက္လာတဲ့ စိတ္ဝိညာဥ္စြမ္းအင္ေတြက အစစ္အမွန္ ခ်ီအရည္ ေတြအျဖစ္ အလိုလို ေျပာင္းလဲသြားခဲ့တယ္။
ဒါေပမဲ့ ဒီေျပာင္းလဲမွု က အနည္းငယ္ေတာ့ ေနာက္က်ေနပါတယ္
ေျပာင္းလဲမွု မျဖစ္ေပၚခင္မွာ စိတ္ဝိညာဥ္စြမ္းအင္ေတြ က နတ္ဘုရားသားရဲ သံုးဆယ့္သံုးေကာင္ နည္းစနစ္ အတုိင္း ရူဟန္ ရဲ့ ခႏၶာကိုယ္ကို စိတ္ဝိညာဥ္စြမ္းအင္ေတြက လွည့္ပတ္လိုက္ပါေသးတယ္။
ဒါေၾကာင့္ စိီနီယာအစ္မရီ ရဲ့ စိတ္ဝိညာဥ္စြမ္းအင္ေတြက ရူဟန္ရဲ့ ခႏၶာကိုယ္ထဲကို ဝင္ေရာက္ၿပီးေနာက္မွာေတာ့ သူ႔ရဲ့ မရီဒန္ႀကီး ေလးခုက ခ်က္ခ်င္းပဲ စတင္ ပြင္ပါေတာ့တယ္။
တစ္ေန႔က ရူဟန္ အေနနဲ ပိုးအိမ္ထဲမွ ထြက္လာခ်ိ္န္တြင္ေတာ့ ေတာက္ပၾကယ္ မရီဒန္ကို ဖြင့္လွစ္ႏိုင္ခဲ့ပါတယ္။ အခု စီနီယာ အစ္မရီ ဆီက ထြက္ေပၚလာတဲ့ ခန္႔မွန္းလို႔ မရႏိုင္ေအာင္ မ်ာျပားတဲ့ စိတ္ဝိညာဥ္စြမ္းအင္ေတြ က အျမင့္ဆုံးထိ ပ်ံသန္းႏိုင္ေစခဲ့ပါၿပီ။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now