အပိုင်း (၈၇၇)

165 35 0
                                    


#Unicode


ခွင့်ပြုချက် မရှိဘဲ စုဝေးနေတဲ့ အဖွဲ့ကို ငါတို့ ဖမ်းမိခါနီးပြီ။

လူသတ်ဖို့ သီးသန် ပုံသဏ္ဍာန် ပြုလုပ်ထားပုံရတဲ့ ကားက နောက်ဆုံးမှာတော့ ကိုရင်လေးရဲ ့ခန္ဓာကိုယ်ကို တိုက်ချ သွားတယ်။

ပြီးနောက် ကြီးမားလှတဲ့ ကားဘီးကြီးတွေက ဂေါင်ဂေါင့်ရဲ့ သေးငယ်တဲ ့ကိုယ်ခန္ဓာလေးကို အညှာအတာမဲ့စွာနဲ့ နင်းချသွားတယ် ။

"အမ်း .. ငါ သေတော့မယ်" သေခြင်းနဲ့ ရင်ဆိုင်ရချိန်မှာတော့ ဂေါင်ဂေါင့် မျက်နှာပေါ်မှာ မျက်ရည် တွေ စီးဆင်း လာတယ် "စီနီယာအစ်ကို ရူဟန် .. နှုတ်ဆက်ပါတယ်။ စီနီယာအစ်ကိုကြီး သုံးရက် ဘုန်းကြီးလေး .. နှုတ်ဆက်တယ်။ ဆရာတော်တုံဇန် .. နှုတ်ဆက်တယ်။ အားလုံးပဲ .. နှုတ်ဆက်တယ်။

"ဘွန်း.." ဒီအချိန်မှာပဲ ကားစက်သံ က ဆူညံစွာ မြည်နေတယ်။

ကားရှေ့ဘီးတွေက ဂေါင်ဂေါင် ခန္ဓာကိုယ်ကို အညှာအတာမဲ့စွာ နင်းချသွားတယ်။ နောက်ဘီးတွေက လည်း အဆင့်သင့် လိုက်ပါလာပြီး ဒုတိယအကြိမ်မြောက် နင်းချသွားပြန်တယ်။

ငါ့ ခန္ဓာကိုယ်က မြေပေါ်မှာ ပြားနေလောက်ပြီ။ ဂေါင်ဂေါင် က လက်ရှိမှာတော့ လုံးဝ ကို စိတ်ပျက် သွားတယ်။ နောက်ဆုံးမှာတော့ သူ က လက်ကျန်အားတွေကို အသုံးပြုပြီး မနီးမဝေးမှာ ရှိနေတဲ့ ရှစ် နဲ့ ကျုး တို့ကို လှည့်ကြည့်လိုက်တယ်။ သူတို့နှစ်ယောက် လုံခြုံတာကို မြင်တော့ ဂေါင်ဂေါင် က ဗုဒ္ဓတစ်ပါးရဲ့ အေးချမ်းတဲ့ အပြုံးမျိုး ပြုံးပြလိုက်တယ်။

ကံကောင်းစွာနဲ့ပဲ သူတို့ နှစ်ယောက်က ဘာမှ မဖြစ်ကြပါဘူ။

နှုတ်ဆက်တယ် ..ကိုယ့်လူတို့ ...

နောက်တော့ ဂေါင်ဂေါင် က နောက်ဆုံးသော အားအင်ကို အသုံးပြုပြီး ကောင်းကင်ကြီးကို မော့ကြည့် လိုက်တယ်။ အင်း. ဘယ်လောက်လှတဲ့ ကောင်းကင်ပြာကြီးလဲ။

နောက်ဆုံးအကြိမ် လှပတဲ့ ကောင်းကင်ကြီးကို ချီးကျုးပြီး သူ ထွက်သွားရတော့မှာပါလား။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now