အပိုင်း (၈၁၉)

143 31 0
                                    


#Unicode


ငါ့့နေရာမှာတော့ ငါဆရာပဲ။ .. အသက်ပြန်ဝင်စမ်း။

ကျောက်စိမ်းရေကန် လို့ ခေါ်တဲ့ ကောင်းကင်ဘုံမြို့ အစိတ်အပိုင်း နေရာမှာ တော့ ရူဟန်က ရုတ်တရက် ကြက်သီးတွေ ထနေတယ်။

"ဘယ်လိုဖြစ်ပြီး ချက်ချင်းကြီး ကြက်သီးတွေ ထနေရတာလဲ။ သီလအလင်းတွေ တောက်လောင်တာကလည်း သိပ်မကြာသေးဘူ။ ဒါကြောင့် ငါ့ခန္ဓာကိုယ်က ပူနေတုန်းပဲ" ရူဟန်က တီးတိုးရေရွတ်လိုက်တယ်။

ပြီးနောက် သူက စီနီယာအဖြူ ့ကို ကြည့်ပြီး ပြောလိုက်တယ် "စီနီယာအဖြူ ပြီးပြီလား"

အားရှီလျှူ က ပြောလိုက်တယ် "ကျောက်စိမ်းရေကန် နယ်မြေက အရမ်းကြီးတယ်။ လက်ထဲမှာ အချက်အချာ ကို ရထားရင်တောင်မှ တစ်ခုလုံးကို ထောက်ပံ့ဖို့ ဆိုတာ မလွယ်ကူဘူး။ ပြောရမယ် ဆိုရင် မင်းက ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ကို ပြန်မရုတ်သိမ်းသေးဘူးလား"

"ငါမေ့တော့မလို့" ရူဟန်က သီလအလင်းတွေ နဲ့ ပြုလုပ်ထားတဲ့ တုတ်ချောင်းလူသား အကြောင်းကို တွေးလိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူ့နှလုံးချက်ကရာထဲက ထွက်လာတဲ့ ကြာပန်းအကြောင်းကိုပါ စဉ်းစားလိုက်တယ်။ ကြာပန်းက အပြင်ဘက်မှာ ရှိတဲ့ ငရဲပြည် မိစ္ဆာစွမ်းအင်တွေကို စုပ်ယူနေတုန်းပါပဲ။ ကြည့်ရတာ သူက ကျောက်စိမ်းရေကန ်မှာ ရှိတဲ ့ငရဲပြည် မိစ္ဆာစွမ်းအင်တွေကို စုပ်ယူဖို့ အားမလျော့ သေးပုံပေါ်တယ်။

သီလအလင်းနဲ့ ပြုလုပ်ထားတဲ့ တုတ်ချောင်းလူသား ပျောက်ကွယ် သွားပြီးနောက် စီနီယာအစ်မရီ ကလည်း ရူဟန် ကို်ယ်ထဲကို ပြန်ဝင်လိုက်တယ်။

❄️❄️❄️

အနားမှာတော့ ကြီးမြတ်တဲ ့အဖြူ က သူ့ခေါင်းကို မော့နိုင်သမျှ မော့လိုက်တယ်။

ဖီးနစ်ဦးရစ်က လှုပ်ရမ်းနေပြီး ဖီးနစ် ဝတ်စုံ က လေထဲမှာ တဖြတ်ဖြတ် လွင့်နေတယ်။

"ဖူး.." ဒီအချိန်မှာပဲ ကြီးမြတ်တဲ့ အဖြုူ က သဘောကျ နှစ်ခြိုက်မှု အပြည့်နဲ့ မျက်လုံးတွေကို ဖွင့်လိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်းDove le storie prendono vita. Scoprilo ora