အပိုင်း (၇၀၂)

171 33 0
                                    


#Unicode



ပိုးအိမ် ဘယ်လိုဆောက်ရတာလဲ။ စိတ်ပူစွာနဲ့ ပြန်စာကို စောင့်နေပါတယ်။

ဒီတစ်ကြိမ်မှာတော့ ကျောင်းတော်သား ရှန့်ကုန်းရဲ့ မျက်နှာက စိတ်လှုပ်ရှားမှု ကြောင့် ပိုမို နီမြန်းနေတယ်။ သူက အဝတ်အိတ်ထဲမှာ မိစ္ဆာနဂါးဆေး နှစ်ဆယ်ကို ယူပြီး အဝတ်နဲ့ ထုတ်ကာ ရူဟန်ကို ပေးလိုက်တယ်။ ဒုက္ခတွေ ကျော်ဖြတ်ပြိးတဲ့နောက ်သူတို့က သူက မိစ္ဆာနဂါးဆေးကို လက်ထဲရောက်အောင် ပြုလုပ်နိုင်ခဲ့ပါပြီ။

ရူဟန်က အဝတ်အိတ်သေးလေးကို ယူပြီး ပြောလိုက်တယ် "စီနီယာ ရှန့်ကုန်း ဒီတိုင်းသောက်ရတာလား"

"ဟုတ်တယ်။ ဒီတိုင်းသောက်လိုက်ရုံပဲ။ ဒါပေမဲ့ မင်းကို ငါအကြံပြုချင်တာက မသောက်ခင်မှာ ခန္ဓာကိုယ်ကြံခိုင်ခြင်း နည်းစနစ် တစ်ခုခုကို အရင်လေ့ကျင့်သင့်တယ်။ ဒါမှဆေးက ပိုမိုပျော်ဝင်နိုင်မှာ။" ကျောင်းတော်သား ရှန့်ကုန်း က ပါးစပ်ထဲမှာ ဆေးငွေ့တွေကို မှုတ်ထုတ်ပြီး ပြောလိုက်တယ်။

"မသောက်ခင်မှာ ရေရောသင့်သေးလား" ရူဟန် က နောက်ထပ ်မေးခွန်းတစ်ခု ကို ထပ်မေးလိုက်တယ်။ ဒီမိစ္ဆာနဂါးဆေးရဲ့ အဆင့်က အရမ်းမြင့်ပါတယ်။ သူ့အစွမ်းကလည်း အဆင့်မြင့်မှာ သေချာပါတယ်။ ဒါကြောင့် ဒါကို အသောက်များသွားပြီး သူ့ခန္ဓာကိုယ်ကြိး ပေါက်ကွဲထွက်သွားမှာကို စိုးရွံ့နေပါတယ်။

ကျောင်းတော်သား ရှန့်ကုန်း က ပြုံးပြီး ပြောလိုက်တယ် "မင်းစိတ်ပုူစရာမလိုဘူး။ ဒီမိစ္ဆာနဂါးဆေးက တခြားဆေးတွေ နဲ့ မတူဘူး.။ သူ့ဆီမှာ ဖျက်ဆီးတတ်တဲ့ သဘောသဘာဝ မရှိဘူး။ ဒါကို သောက်ချိန်မှာ ရေရောစရာ မလိုဘူး။ မင်းက ဆေးပမာဏကိုပဲ လျော့လိုက်ရင်ရပြီ။ ငါက တစ်ခါတည်း ဆေးပြွန်သုံးခု သောက်တယ်။ မင်းက ဆေးတစ်ပြွန်ရဲ့ ဆယ်ပုံတစ်ပုံသောက်ပေါ့."

"ငါနားလည်ပြီ။ ကျေးဇူးပါ .. စီနီယာ" ရူဟန်က ခေါင်းညိတ်လိုက်တယ်။ ပြီးနောက် ဆေးပြွန်တစ်ခုကို ယူပြိး ကျန်တာတွေကို သူ့ရဲ့ အရွယ်အစားလျော့ချခြင်း အိတ်ထဲမှာ သိမ်းစည်းလိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်းKde žijí příběhy. Začni objevovat