အပိုင်း (၈၂၄)

155 32 2
                                    


#Uniicode


နှစ်ဆယ့်တစ်ရာစု စမ်းချောင်း မီးစက် .. ဘယ်လို ကြောင်တောင်တောင် နာမည်မျိုးလဲ။

ကျောက်စိမ်းရေကန်မှာတော့ ....

မိစ္ဆာစွမ်းအင်တွေ နဲ ့ဖြစ်တည်လာတဲ့ သားရဲကောင်ကြီးက နောက်ဆုံးမှာ အရှုံးပေးလိုက်ပါပြီ။

အလွန့်အလွန်ကို စိတ်ပျက်လက်ပျက် နဲ့ သေဆုံးခဲ့တာ ဖြစ်တယ်။

သူတော်စင်လက်ရေးမူက ဖန်တီးထားတဲ ့ကြီးမားသော ရွှေရောင်ဓားကြီးက အပေါ်မှ ထပ်ပိုင်းခုတ်ဖြတ်လိုက်တာ ဖြစ်ပြီး မိစ္ဆာကြီးမြတ်သူလုချန်လမ်း လက်ဖက်ရည်အိုးကလည်း ရှေ့မှ တိုက်ခိုက်ခဲံတယ်။ ရူဟန် ကိုယ်ထဲက ထွက်လာတဲ့ ကလာပ်စည်းရဲ့ ရွှေကြာပန်း အမြစ်တွေကလည်း အနောက်ဘက်ဆီမှ တိုက်ခိုက်ခဲ့တယ်။

ဒါပေမဲ့ ဒီမွန်းစတားကောင် အသိဉာဏ်နည်းပါးလွန်းတာကြောင့် စိတ်ရှုပ်ထွေးပြီး စိတ်ပျက်လက်ပျက် သေဆုံးခဲ့တာပင် ဖြစ်ပါတယ်။

မသေဆုံးခင်မှာ သူ့ခန္ဓာကိုယ်က ကျွဲရိုင်းကောင် အရွယ်အစားလောက်ထိ ရောက်ရှိသွားခဲံတယ်။ပြီးနောက် ဆန်းကျယ်လှတဲ့ ကြောက်စရာ ရေဘဝဲလက်တံတွေက သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ပြီး မျက်စိတမှိတ် အတွင်း ခြောက်ကပ်သွားအောင် စုပ်ယူသွားကြတယ်။

ကြောက်လန့်စရာ မြင်ကွင်းမျိးပါပဲ။

❄️❄️❄️

"ဖူး" အားရှီလျှူက စိတ်ချသွားသလို သက်ပြင်းချလိုက်တယ်။ ပြီးနောက် သူမ က မောပန်းနေပြီ ဖြစ်တဲ့ မိစ္ဆာကြီးမြတ်သူ လုချန်လမ်းကို လက်ဖက်ရည်အိုးဆီ ပြန်ခေါ်လိုက်ပါတယ်.။

မိစ္ဆာကြီးမြတ်သူ လုချန်လမ်းက တိုက်ပွဲနှစ်ပွဲဆက် တိုက်ခိုက်လိုက်တာကြောင့် အရမ်းပင်ပန်းနေပါတယ်။ ဒါကြောင့် အနားယူဖို့ လိုအပ်နေပါပြီ။

ရူဟန်က လည်း သက်ပြင်းချလိုက်တယ်။ သူ့ခန္ဓာကိုယ်ကိုရစ် ပတ်ထားတဲ့ မြွေတပိုင်း တုတ်ချောင်းတပိုင်း ကလည်း သူ့ခန္ဓာကိုယ်ထဲကို ပြန်ဝင်သွားပါတယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now