အပိုင်း (၈၀၅)

153 33 0
                                    


#Unicode


ငါ့ရဲ့ လက်လေးဖက် မှော်နည်းစနစ်ကို ကြည့်လိုက်.. သေဟဲ့.. ငါတို့တော ့သွားပြီ။

စီနီယာအစ်မရီ ဆီက ထုတ်လွှတ်လိုက်တဲ့ သန့်စင်တဲ ့စိတ်ဝိညာဉ် စွမ်းအင်တွေက ရူဟန်ရဲ့ ဒုတိယ မရီဒန် ဖြစ်တဲ့ တိမ်ဖုံးလ မရီဒန် ကို ထိုးဖောက်ဖို့ ကြိုးစားစေတယ်။

တတိယအဆင့် သာမာန် ကျင့်ကြံသူ တစ်ယောက် ဆိုရင် သူတို့ရဲ့ ဆန်းကျယ် မရီဒန် လေးခုထဲက တစ်ခုကို ချိုးဖျက်ဖို့ဆိုရင် အချ်ိန်အတိုင်းအတာ တစ်ခု အထိ စွမ်းအင်တွေ တိုးမြင့်လာဖို့ လေ့ကျင့်ရပါအုန်းမယ်။ ပြီးရင် ကိုယ်ခန္ဓာကြံခိုင်မှုကို တိုးတက်အောင်ပြုလုပ်ပြီး အစစ်အမှန်ချီတွေကို ထပ်မံစုစည်းကာ နောက်ထပ် ဆန်းကျယ် မရီဒန် တစ်ခုကို အဆင့်ချိုးဖျက်ဖို့ ကြိုးစားရပါလိမ့်မယ်။

ဒါပေမဲ့ လက်ရှိ ရူဟန်ရဲ့ ကိုယ်ခန္ဓာကြံခိုင်မှုက သူ့လက်ရှိ အဆင့်ထက် တော်တော်ကြီးကို ကျော်လွန်နေပါတယ်။ ဒီအချိန်မှာတော့ သူ့ရဲ ကိုယ်ခန္ဓာကြံခိုင်မှုက မရီဒန် လေးခုမြောက်ဖြစ်တဲ့ ဝိညာဉ်ဘုရင် မရီဒန် ကို ဖွင့်ပြီးသား ကျင့်ကြံသူ နီးပါး ဖြစ်နေပါပြီ။ ပြီးတော စီနီယာအစ်မရီ ပို့လွှတ်ပေးနေတဲ့ စိတ်ဝိညာဉ် စွမ်းအင်တွေက နတ်ဘုရားသားရဲ သုံးဆယ်သုံးကောင် ၏ အစွမ်းကြောင့် အစစ်အမှန် သန္ဓေချီ အဖြစ်ပြောင်းလဲလို့ နေပါတယ်။ ဒါကြောင့် စွမ်းအင်လွှဲပြောင်းပေးမှုကို ခံရသလို ဖြစ်နေပါတယ်။

ဟုတ်ပါတယ်.။ ဒီနှစ်ခုက မတူညီမှုတွေ တော့ ရှိပါတယ်။

စီနီယာအစ်မရီ ပို့လွှတ်ပေးတဲ့ စွမ်းအင်တွေက အရမ်းကို နူးညံံ့ပြီး ရူဟန် အနေနဲ့ ပြန်လည် သန့်စင်ဖို့ မလိုပါဘူး။ ပြီးတော့ စွမ်းအင်လွှဲပြောင်းပေးမှုက သူ့ရဲ့ စွမ်းရည်ကို လိုက်မမှီပါဘူး။

စွမ်းအင် လွှဲပြောင်းပေးတယ် ဆိုတာက တစ်စုံတစ်ယောက်က ခန္ဓာကိုယ်ထဲကို စွမ်းအင်တွေ အတင်းထိုးထည့်ပေးသလို ဖြစ်နေတာပါ။ စီနီယာ အစ်မရီ ဆီက စွမ်းအင်တွေက စမ်းချောင်းလေး တစ်ခုလို ညင်သာစွာ အမြဲစီးဆင်းနေတယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now