အပိုင်း (၇၂၂)

165 36 0
                                    


#Unicode



သူတော်စင်ကြီး ရဲ့ ကပ်ဘေးလွန် အဆင့် တပည့် ၁၃ ယောက် ရုပ်ထု။

"အမ်" ရူဟန်က ဆွံ့အသွားတယ်။ ဒီနေ့အတွက် ပျံသန်းနိုင်တဲ့ ဓားပျံအရေအတွက် ပြည့်သွားပြီဟုတ်လား။ ဒါက ဘယ်လို ကိစ္စလဲ။ ဓားပျံတွေက ကားမဟုတ်ပါဘူး။ သူတို့မှာ လိုင်စင်နံပါတ်တွေ မရှိပါဘူး။ ဘယ်လိုလုပ်ပြီး ကောင်းကင်မှာ လှည့်လည် သွားလာနေတာကို ကန့်သတ်ထားမှာလဲ။

လိုင်ချီးကလည်း ဇဝေဇဝါ နဲ့ မေးလိုက်တယ် "ဒီနွှေ့အတွက် မြို့ထဲမှာ ပျံသန်းနိုင်တဲ့ ဓားပျံ အရေအတွက် ပြည့်သွားပြီ ဟုတ်လား။ ဒါက ဘယ်လိုမျိုးလဲ။"

ဒါက ဒီလိုပါ။ အခုစကပြီူး နှစ်ပတ်အတွင်းမှာ သုံးနှစ်တကြိမ် ကျင်းပတဲ့ အခမ်းအနား တစ်ခု ကို ငါတို့ တိမ်ဖြုူမြို့ မှာလက်ခံကျင်းပမှာလေ။ ဒါကြောင့် တကမ္ဘာလုံးမှာ ရှိတဲ့ ကျောင်းတော်သား တွေက ငါတို့ဆီကို လာလိမ့်မယ်။ ပြီးတော့ နေရာအနှံ့က ဒီပွဲနဲ့ မသက်ဆိုင်တဲ့တာအိုရောင်းရင်တွေ ကလည်း ရောက်လာအုန်းမှာပဲ။ ဒါကြောင့် ငါတို့ တိမ်ဖြူမြို့က လက်ရှိမှာ လူအရမ်းများပြိး စည်ကားနေတယ်။ တိမ်ဖြူမြို့ အပေါ်မှာ အကာအကွယ် အစီအရင်တစ်ခု ရှိတယ် ဆိုပေမဲ့ လေထုရဲ့ အထက် သိပ်မမြင့်ဘူး။ ဒါကြောင့် လမ်းပိတ်ပို့မှု မဖြစ်အောင် ပျံသန်းနှိင်တဲ့ ဓားပျံ အရေအတွက်ကို ကန့်သတ် ထားလိုက်တာ။" သက်လတ်ပိုင်းအရွယ် ကျောင်းတော်သား က ရှက်ရွံစွာ နဲ့ ရှင်းပြလိုက်တယ်။

"ဒါပေမဲ့ ဒီလိုပျံသန်းသွားလာနေတဲ့ ဓားပျံ အရေအတွက်ကို ဘယ်လိုမျိး ကန့်သတ်တာလဲ။ ဓားပျံ က ကားလို မဟုတ်ဘူးလေ။ လိုင်စင်မရှိဘူး မဟုတ်လား။" ရူဟန်က မေးလိုက်တယ်။

"တာအိုရောင်းရင်း .. ဒါကို စိတ်ပူစရာ မလိုဘူး။ အဆင့်လေးနဲ့ အထက်မှာ ရှိတဲ့ တာအိုရောင်းရင်း တစ်ယောက်ယောက်က ဒီထဲကို ဝင်မယ်ဆိုရင် ဓားပျံကုဒ် တစ်ခု ရပါလိမ့်မယ်။ ကုဒ်အရ ပျံသန်းမှုကို ကန့်သတ်သွားမှာ ဖြစ်တယ်" သက်လတ်ပိုင်းအရွယ် ကျောင်းတော်သား က ရူဟန် နဲ့ တခြားလူတွေကို စိတ်ရှည်ရှည် နဲ့ ရှင်းပြနေတယ်။

ကျင့်ကြံသူတို့ စကားဝိုင်းDonde viven las historias. Descúbrelo ahora