အပိုင်း (၇၀၈)

173 33 0
                                    

#Unicode



ငါ့အခန်းဖော်က နောက်ကျမှ ထူးထူးဆန်းဆန်းတွေ ပြုမူ နေတယ်။

ဒီအချိန် ကလဲဗားလန့် မီးတောင် နားမှာတော့ ...

တောင်ဝါကြိးက သူ့ဖုန်းကို ထုတ်ပြီး တာအိုရောင်းရင်းတွေ ဂရုထဲမှာ ဗြောင်းဆန်နေတာကို ကြည့်လိုက်တယ်။ သူက ရေးထားတဲ့ စာတွေကို ဖတ်ကြည့်ြ့ပီးတဲ့နောက် သက်ပြင်းဖျော့ဖျော့ ချလိုက်တယ်။

ဒီအချိန်မှာတော့ သူက တကယ့်ကို အသည်းနာနေပါတယ်။

ဆေးဆရာဆီ ရက်အနည်းငယ်လောက် သွားပြိး ကျင့်ကြံသူတွေအတွက် အသည်းဆေး တောင်းကာ ကုမှ ဖြစ်တော့မယ် လို့ စဉ်းစားလိုက်တယ်။ တောင်ဝါကြီးက ဒီလိုဆေးမျိှုုးကို တကယ်ပဲ လိုအပ်နေပါပြီ။

ကိုးစီရင်စု ပိုးအိမ် ဂရု ကိစ္စကတော့ .. ဒီလိုမျိုး ဖြစ်သွားလို့ မဖြစ်ပါဘူး။

မကြာမီမှာပဲ ယုကျောင်းကျောင်းက ဗလကြီးဟန် ရဲ့ ပုံကို ဂရုထဲ ပို့လိုက်တယ် "ဒါက ပိုးအိမ်ထဲက ထွက်လာပြီးတဲ့ ရူဟန် လား။ သူ့ဗလ က မယုံနိုင်စရာ ကောင်းလောက်အောင် ကြီးတာပဲ"

အသက်ခုနှစ်သက် အဆောင်ဆရာ "သောက်ကျိုးနည်း .. ဒါက ဘာလဲ။ သူငယ်ချင်းလေး ရုူဟန်ရဲ ့ခန္ဓာကိုယ်က ဘယ်လိုကြောင့် ဒီလို ဖြစ်သွားတာလဲ။ ဒါက ကြောက်စရာပဲ"

မိုးကောင်းကင် ငါးတမန်တော် "ကြီးမြတ်တဲ့ အဖြူ ပြောသလိုဆိုရင် ရူဟန်က ဆေးတွေကို တထိုင်တည်း စုပ်ယူတာများသွားလို့တဲ့။ သူ့ခန္ဓာကိုယ်က အရမ်းသန်မာပြီး ခုလို ပုံစံ ဖြစ်သွားတာပေါ့။ အစားများတဲ ့လူု ဝသွားသလိုပေါ့။ သူက ရက်အနည်းငယ် နေရင် ပုံမှန် အတိုင်း ပြန်ဖြစ်သွားလိမ့်မယ်။မိစ္ဆာနဂါးဆေး ရဲ့ အစွမ်းက ငါတို့ ထက်ထားတာထက ်ပိုပြီး မြင့်မားတယ်။"

မြောက်ပိုင်းမြစ် က ရုတ်တရက် တစ်စုံတစ်ခု ကို တွေးမိလိုက်တယ် "ဒါဆိုရင် ကြီးမြတ်တဲ့ အဖြူ၊ နှင်းဝံပုလွေ၊ ကျောင်းတော်သား ရှန့်ကုန်း၊ ကြိုးကြာဖြူ နဲ့ သခင်လေး ဖီးနစ် သတ်ဖြတ်သူ တို့လည်း ပိုးအိမ်ထဲက ထွက်လာရင် ဒီလို ပုံစံ ဖြစ်နေမှာပေါ့"

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now