အပိုင်း (၇၁၈)

164 34 0
                                    


#Unicode



                                                               ဒါက ဝဋ်လည်တာလား။

ငါးမိနစ်လောက် ကြာတော့ ..

ရူဟန်က ပိုးအိမ်ကြီးအောက်မှာ ပိနေတုန်း ဖြစ်ပြီး ကြီးမြတ်တဲ ့အဖြူ ကလည်း မနိုးသေးပါဘူး။

ဂျာကော့ဘ်ရိုက်ကူးရေး အဖွဲ့ က နောက်ဇာတ်ဝင်ခန်းရိုက်မယ့် နေရာကို သွားပြီး ရူတင် ဆက်တင်တွေ ပြင်ဆင်ကြပါတယ်။

လိုင်ချီးက ဒီအခန်းမှာ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သူမ က ရိုက်ကွင်းနေရာကို ကြိုသွားလိုက်ကြတယ်။ ကိုးစီရင်စုက တာအိုရောင်းရင်းတော်တော်များများကလည်း သူမ လိုပါပဲ။

ယုကျောင်းကျောင်း ၊ ရီစင့် နဲ့ ကြိုးကြာဖြူ ကပဲ ရူဟန်နားမှာ ကျန်နေခဲ့တယ်။

ကြိုးကြာဖြူ က ပိုးအိမ် နှစ်ခုကို စောင့်ရှောက် ချင်တာကြောင့်ပါ။

ယုကျောင်းကျောင်း ကလက်ရှိမှာ အဆင့်သေးတစ်ခုက တက်ထားတာပါ။ ဒါကြောင့် သူမ က ရူဟန် နားမှာနေပြီး အလင်းကျောက်ရဲ ့အစွမ်းကို ဂုန်းဆင်းကာ သူမရဲ့ ကျင့်ကြံြုခင်း အမြန်နှုန်းကို တိုးမြင့်ချင်တာပါ။

ရီစင့်ကတော့ ရူဟန် ဘေးနားမှာ ထိုင်ပြီး စံတရုတ်စာကို လေ့လာနေပါတယ်။ သူမ ရဲ့ နားလည်နိုင်မှု စွမ်းရည်က မယုံနိုင်လောက်ေ အာင်မြင့်မားတာကြောင့် အခြေခံဝေါဟာရ တွေကိုတောင်မှ ကျွမ်းကျင်နေပါပြီ။

❄️❄️❄️

"ဘယ်အချိန် ရုပ်ရှင်စမှာလဲ" ရူဟန် က သက်ပြင်းချပြီး မေးလိုက်တယ်။ ပိုးအိမ် သူ့ကို ဖိထားတာက ပြဿနာမရှိပါဘူး။ ခက်တာက လက်ရှိတည်နေရာက တိမ်ဖြူကျောင်းရှေ့က မြေကွက်လပ် ကြီးမှာလေ။

ဒါကြောင့် တစ်ချို့့ကျောင်းတော်သားတွေက ဖြတ်သန်းသွားလာရင်း ကြီးမားတဲ ့ပိုးအိမ်ကြီး နဲ့ ရူဟန်ကို စူးစိုက်ကြည့်သွားကြတယ်။

တကယ်တော့ ဒီကိစ္စကလည်း သိပ်တော့ ပြဿနာမရှိလှပါဘူး။ ခုနောက်ပိုင်း သူ့မျက်နှာက တော်တော်ကြီး အရေထူလာပါတယ်။ ဒါကြောင့် လူတွေ က သူ့ကို ဝိုင်းကြည့်နေတယ် ဆိုပေမဲ့ ခပ်တည်တည်ပါပဲ။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now