အပိုင်း (၇၉၀)

187 42 1
                                    


#Unicode


သူတော်စင်ကြီးရဲ့ လက်ရေးမူ။

"...." ရူဟန်။

ဒီအရာက ဘာကိစ္စ ငါ့ကိုယ်ထဲ ပေါ်လာရတာလဲ။

သူက ရွှေကြာပန်း အကြောင်း အိမ်မက် မက်ချိန်တုန်းက ကောင်းကင်ဆန္ဒအုပ်စိုးသူ က ဆက်တိုက် ဆိုသလိုပဲ စွမ်းအင်တွေ ထည့်သွင်းပြီး စိုက်ပျိးထားတာကြောင့် ကလာပ်စည်း တွေက ဖွံ့ဖြိုးတိုးတက် လာခဲ့တယ်။ ဒီကလာပ်စည်း က ကမ္ဘာငယ်လေး တစ်ခု ဖန်တီးနိုင်တဲ ့အဓိက စွမ်းရည် သော့ချက်ပါပဲ။

ဒါပေမဲ့ ရူဟန်က ရွှေကြာပန်း ရဲ့ အကြောင်းကို အိမ်မက်မက် ခဲ့တာပါ။ ကောင်းကင်ဆန္ဒ အုပ်စိုးသူ ဆီက စွမး်ရည်တွေက ရူဟန် က ကိုယ်တိုင် လက်ခံခဲ့ရတာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီကလာပ်စည်း က သူ့နှလုံးချက်ကရာထဲမှာ ဘာကြောင့် ပေါ်လာတာလဲ။

ဘာပဲဖြစ်ဖြစ် ဒီအရာက သူ့ခန္ဓာကိုယ်ထဲမှာ ရှိနေပြီ ဖြစ်တာကြောင့် သူဘာဆက်လုပ်ရမလဲ။

ရွှေကြာပန်း က ညစ်စုတ်ရေကန်ထဲမှာ အမြစ်တွယ်ပြီး ကလာပ်စည်းတွေ အားကောင်းစေဖို့ စွမ်းအင်တွေ စုပ်ယူပြီး ဖူးပွင့်ခဲ့တယ်။ နောက်ဆုံးမှာ ရူဟန် ရဲ ့ကမ္ဘာအဖြစ် ဖန်တီးလိုက်မှာလား။

မဖြစ်နိုင်ဘူး။ ငါက အမြစ်တွယ်ပြီး မဖူးပွင့်ချင်ဘူး။ ပြီးတော့ ကမ္ဘာငယ်လေး တစ်ခုဖန်တီးပြီး သူ့ကိုယ်ထဲကို တခြားလူတွေ ဝင်နေစေဖို့ ခွင့်မပြုချင်ပါဘူး။

ပိုပြီး အရေးကြီးတာက ဒီကလာပ်စည်း က သူ့ရဲ ့နှလုံးချက်ကရာ ထဲမှာ ကြီးထွားနေတာပါ။ ဒါက ကံဗကာင်းတာလာ။ ကံဆိုးတာလား။ သူ့ခန္ဓာကိုယ်ရဲ ့ကြီးထွားဖွံ့ဖြိုးမှုကိုတော့ မထိခိုက်စေဘူး မဟုတ်လား။

အချိန်ရရင် ကောင်းတာရှိလား ဆိုတာကို သေချာ စစ်ဆေးရမယ်။ တစ်ခုခု ဆိုးရွားတာ မဖြစ်စေဖို့ ပဲ မျှော်လင့်ရပါတော့မယ်။

အသက်ပြင်းပြင်း ရှုလိုက်ပြီးတဲ့နောက် ရူဟန်က တန်ခိုးကျင့်စဉ်ကနေ နှုတ်ထွက်လိုက်တယ်။ နတ်ဘုရား သားရဲ သုံးဆယ့်သုံးကောင် နည်းစနစ် ကို လည်း ပြန်လည်ရုတ်သိမ်းလိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now