အပိုင်း (၈၃၉)

171 33 4
                                    


#Unicode


ငါမှားတာ မဟုတ်ဘူး။ လောကကြီး မှားတာ။

ပင်ပန်းလွန်းလို့ အနားယူချင်နေတဲ့ တောင်ဝါကြီး "သူငယ်ချင်းလေး ရူဟန် .. တာအိုရောင်းရင်း ထာာဝရမီးက အရမ်းအလုပ်များနေတယ်။ ကျောင်းတော်သားနယ်မြေက အရင်တုန်းက ဂရုမပြုထားတဲ့ အရာတွေကို အားသုံးပြီး ဖြေရှင်းနေရတယ်။ ဒါကြောင့် ထာဝရမီးက လိုင်းပေါ်တက်ဖို့ အခွင့်အရေး မရဘူး။ ဒါကြောင့် လက်ရှိမှာ သူငယ်ချင်းလေးရူဟန်က အကျဉ်းသားကို ထိန်းထားလိုက်။ ငါ ဝန်ကျန်းကို လာပြီး မင်းဆီက အကျဉ်းသားကို လာခေါ်မယ်"

တောင်ဝါကြီးက နာမည်ပြောင်းလဲ ခဲ့ပါတယ်။ ကြည့်ရတာ သူတကယ်ပဲ ပင်ပန်းနေပုံပေါ်တယ်။

ရူဟန်က ပြန်ပြောလိုက်တယ် "အရမ်းကောင်းတယ်။ စီနီယာတောင်ဝါကြီး .. ငါမင်းကို ဝန်ကျန်းမှာ စောင့်နေမယ်"

ပင်ပန်းလွန်းလို့ အနားယူချင်နေတဲ့ တောင်ဝါကြီး "ထပ်ပြောရရင် .. သူငယ်ချင်းလေး ရူဟန်.. သတင်းအချက်အလက် တစ်ချို့ရဖို့ မင်းအကျဉ်းသားကို ရိုက်နှက်ဖို့ ကြိုးစားသင့်တယ်။"

ရူဟန်က ပြောလိုက်တယ် "သိပြိ။ ငါကြိုးစားကြည့်မယ်"

ရူဟန် က အကျဉ်းသားဆီမှ သတင်းအချက်အလက် ညှစ်ယူတဲ့ နည်းစနစ်ကို မသခင်ယူခဲ့ရပါဘူး။ ထပ်ပြောရရင် ကြမ်းတမ်းပုံရတဲဲ့ အကျဉ်းသားကလည်း သေရမှာ ကြောက်ပုံမပေါ်ဘူး။

ဒီလိုဆိုရင် အွန်လိုင်းပေါ်တက်ပြီး ချင်ပြည်ထောင်စု ခေတ်တုန်းက နှိပ်စက်နည်း ၁၀ ခုကို ရှာပြီး လေ့လာသင်ယူလိုက်ရမလား။

၁၀ မိနစ်လောက်ကြာတော့ ...

ရူဟန်က သက်လတ်ပိုင်းလူဆီက သတင်းအချက်အလက် အနည်းငယ် ရရှိခဲ့ပါတယ်။

အင်း.. သူက အွန်းလိုင်းပေါ်ကနေ သတင်းညှစ်တဲ အထူးနည်းစနစ် ကို မရှာခဲ့ပါဘူး။

ဂေါင်ဂေါင်၊ ရှစ် နဲ့ ကျူး တို့က သက်လတ်ပိုင်းလူကို ဝင်ထိုးနေတာကြောင့် ထိုလူ့့ခေါင်းမှာ ဘုပေါင်း တစ်ထောင်လောက် ဖြစ်နေပါပြီ။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now