အပိုင်း (၇၅၂)

172 36 0
                                    


#Unicode


မိစ္ဆာနည်းစနစ် - သန်မာတဲ့သွားနဲ့ ကောင်းကောင်းစားသောက်ခြင်း။

ရူဟန်ရဲ့ အိမ်မက်စွမ်းရည် အစွမ်းက တကယ့်ကို အံ့အားသင့်စရာပါပဲ။ တစ်စုံတစ်ယောက်ရဲ့ ဘဝကို အိမ်မက် မက်နေစဉ်မှာ သူက အတွေ့အကြုံတွေ ရတဲ့အပြင် အဲ့ကနေ သင်ယူနိုင်ပါသေးတယ်။

သူ ကြက်သွန်မြိတ်လေး ရဲ့ ဘဝကို အိမ်မက်မက်ခဲ့တုန်းက လေလာရာ တိမ်ညွှတ်ပြီး နေပူဆာလှုံကာ နှစ်ပေါင်း ရာကျော် ဘယ်လို သည်းခံထိုင်ရမယ် ဆိုတာကို သင်ယူ နိုင်ခဲ့ပါတယ်။

အခု သူက နဂါးလှိုဏ်ဂူအရှင်ကို အိမ်မက် မက်နေပြီဖြစ်တာကြောင့် နဂါးလှိုဏ်ဂူအရှင်ရဲ့ အတွေ့အကြုံတွေ အားလုံးကို သူက ရရှိနေပါတယ်။ အခုလို ရုတ်တရက် ဉာဏ်အလင်းပွင့်တဲ့ အရာတွေပါ အပါအဝင်ပေါ့။

အမဲရောင်ဒုစရိုက်ကြာပန်းဆီက ရရှိတဲ့ကြာပန်းစေ့ က ငရဲပြည်က မိစ္ဆာတွေကို မိစ္ဆာနည်းစနစ်တွေ ရရှိစေတယ်။

ခဏကြာတော့ နဂါးလှိုဏ်ဂူအရှင်က ကြာပန်းစေ့ ဆီက ရရှိတဲ့ မိစ္ဆာနည်ူစနစ်ကို အလုံးစုံ နားလည်သွားခဲ့ပါတယ်။

နည်းစနစ်ကို ရရှိပြီးတဲ့နောက် နဂါးလှိုဏ်ဂူအရှင်က ဒီနည်းစနစ်ကို ဘယ်လို အသုုံးပြုရမယ် ဆိုတာကို မာစးလည်သွားခဲ့တယ်။ ဒီမိစ္ဆာနည်းစနစ်က စုပ်ယူခြင်း နဲ့ ပြန်ကန်ခြင်း နည်းဥပဒေသ ကို အခြေခံထားပါတယ်။

ကြည့်ရတာ အရမ်းကောင်းတဲ့ မိစ္ဆာနည်းစနစ် ဖြစ်ပုံပေါ်တယ်။ အသုံးပြုသူက သူ့ဆီကို ရောက်လာတဲ့ မှော်နည်းစနစ် အားလုံးကို စုပ်ယူပြီး ပြန်ကန်အောင် တွန်းထုတ်နိုင်တယ်။

အရမ်းမိုက်တဲ့ပုံပဲ.။

ဒါပေမဲ့ မိစ္ဆာနည်းစနစ် ရဲ့ စုပ်ယူခြင်း စွမ်းရည် က အကန့်အသတ်တစ်ချိုက ရှိနေတယ်။ နဂါးလှိုဏ်ဂူအရှင် က ဝင်လာတဲ့ မှော်နည်းစနစ် ကို မြိုချ ပါတယ်။ ပြီးမှ သူ့ပါးစပ်ထဲကနေ ရန်သူဆီကို ပြန်သွားမှာပါ။

ဥပမာအာဖြင့် နဂါးလှိုဏ်ဂူအရှင်ကို တစ်စုံတစ်ယောက်က မီးဘောလုံးနဲ ပစ်ခတ် တိုက်ခိုက်မယ် ဆိုရင် သူက အရင်ဆုံးမြိုချလိုက်မှာပါ။ ပြီးမှ ပါးစပ်ထဲကနေ ပြန်ထုတ်ပြီး ရန်သူ ကို ပစ်လိုက်မှာ ဖြစ်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now