အပိုင်း (၇၁၇)

165 32 0
                                    


#Unicode



                                မျိုးဆက်သစ်တွေ က ပိုပိုပြီး အဆင်ခြင်မဲ့ လာကြတယ်။

ဒီအချိန်မှာတော့ ရူဟန်က စီနီယာ အဖြူ ရဲ့ ပိုးအိမ်ကြီးကို ဆွဲဖြဲချင်ပြီး စီနီယာ အဖြူကို ဆွဲထုတ်ချင် စိတ် ဖြစ်ပေါ်နေတယ်။

ကံကောင်းတာက သူ့ရဲ့ ဦးနှောဏ် က ရူးကြောင်ကြောင် အတွေးကို ရပ်တန့်စေလိုက်ပါတယ်။ သူသာ ပိုးအိမ်ကို လက်နဲ့ သွားဆွဲဖြဲရင် ချက်ချင်းပဲ သေသွားနိုင်ပါတယ်။

ရူဟန်က သက်ပြင်းချလိုက်တယ်။ သူက ကြီးမြတ်တဲ့အဖြူကို ဒီက ထွက်လာအောင် လုပ်လို့ မရဘူးလို့ ခံစားမိလိုက်တယ်။

ဒါနဲ့ ပိုးအိမ်ထဲမှာ အိပ်ရတာ တကယ်ပဲ ဇိမ်ကျတာလား။ ဒါကြောင့် ကြီးမြတ်တဲ့အဖြူ က အချိန်တွေ ဒီလောက်ကြတာတောင်မှ ထွက်မလာပဲ အထဲမှာ အိပ်နေတာများလား။

ရူဟန်က စဉ်းစားလိုက်တယ်။ နောက်တစ်ကြိ်မ် သူမိစ္ဆာနဂါးဆေးကို သောက်ပြီးလို့ စွမ်းအင်တွေ စုပ်ယူပြိးပြီ ဆိုရင် ချက်ချင်းပြန်ထွက်မလာပဲ အထဲမှာ တရေးလောက် အိပ်ကြည့်ဖို့ပါ။ ဒါဆိုရင် သူလည်းပဲ ကြီးမြတ်တဲ့ အဖြူလိုမျိုး အပြင်ကို ထွက်လာဖို့ ငြင်းမိနေမှာလား။

ရူဟန် က အတွေးနက်နေတုန်းမှာပဲ အစစ်အမှန်နတ်ဘုရား ထာဝရမီးက ကြိးမြတ်တဲ့အဖြူရဲ့ ပိုးအိမ် နားကို ရောက်လာပါတယ်။

သူက ရူဟန် နဲ့ တခြားလူတွေကို သန့်စင်ကြည့်ကောင်းတဲ့ အမူအရာ နဲ့ နှုတ်ဆက် ကြိုဆိုလိုက်တယ်။

နောက်တော့ ပိုးအိမ်ကြီးဆီ ခါးညွတ်ပြီး ပြောလိုက်တယ် "တာအိုရောင်းရင်းအဖြူ .. ငါတို့မတွေ့ဖြစ်တာ ရာစုနှစ်ချီခဲ့ပြီနော်။ မင်းလက်ရှိမှာ အဆင်ပြေရဲ့လား"

ခဏကြာတော့ ကြီးမြတ်တဲ့ အဖြုူ ရဲ့ ပျင်းရိနေတဲ့ အသံက ပိုးအိမ်ထဲက ထွက်လာတယ် "အင်း.."

ရူဟန် ရဲ့ နှုတ်ခမ်းတွေ က ရှုံ့မဲ့သွားတယ်။

ထာဝရမီးကတော့ သူ့ရဲ့ တည်ငြိမ်တဲ့ အမူအရာကို ဆက်ထိန်းထားပြီး ပြောလိုက်တယ် """ဒီလိုဆိုရင် ငါ ဆက်ပြီး မနှောက်ယှက်တော့ဘူး။ တာအိုရောင်းရင်းအဖြူ ... မင်းထွက်လာမှာ ညလုံးပေါက် စကားပြောကြတာပေါ့"

ကျင့်ကြံသူတို့ စကားဝိုင်းحيث تعيش القصص. اكتشف الآن