အပိုင်း (၈၇၂)

159 28 0
                                    


#Unicode


ကြီးမားတဲ့ ရွှေပေါင်ကြီး အစိတ်စိတ် ကျိုးပျက်ခြင်း။

ကြက်သွန်လေး က သူမ မျက်စိရှေ့မှာ ပေါ်လာတဲ့ ဥမင်လမ်းကြောင်း ကို ကြည့်လိုက်တယ်။ သူမ နှလုံးသားထဲမှ ပြောနေတာက ဒီလမ်း က ရူဟန် ကမ္ဘာရဲ့ ထွက်ပေါက် ဆိုတာပါပဲ။

"ငါ့ဆန္ဒတွေ ပြည့်ဝလာတော့မှာလား" ကြက်သွန်လေးက ဥမင်လမ်းကြောင်း ကို စိုက်ကြည့် လိုက်တယ်။

ဒါပေမဲ့ ဒီအရာ က ရူဟန် ထားခဲ့တဲ့ ထောင်ချောက်လည်း ဖြစ်နေနိုင်တယ်။ ဒီထဲကို သတိမထားပဲ ဝင်သွားရင် သူမ ရဲ့ ကြက်သွန်မြိတ်လေးကို ညှပ်ရင် ညှပ်ပစ်မှာပါ။

သူမ စိတ်ထဲကို ဒီအတွေးဝင်ရောက်လာတယ် ဆိုပေမဲ့ သူမ ရဲ့ ခန္ဓာကိုယ်ကတော့ ဥမင်လမ်းကြောင်း ဆီကို ဦးတည်သွားတယ်။

ဒီလမ်းက တကယ်ပဲ ထွက်ပေါက်လား။

ဒီတစ်ကြိမ် သူမ လွတ်လပ်မှုကို ရနိုင်မလား။

ဥမင်လမ်းနဲ့ နီးလာလေလေ ကြက်သွန်လေး က ပိုမိုတွေဝေလာလေပဲ ဖြစ်ပါတယ်။

သူမ အတွင်းကို ဝင်သွားသင့်သလား။

သုံးစက္ကန့်လောက်ကြာတော့ ..

ကြက်သွန်လေး က အော်ဟစ်ပြီး ဥမင်လမ်းထဲ ကျဆင်းသွားတယ်။

ဥမင်လမ်း က ကြက်သွန်လေးကို တိုက်ရိုက်ပဲ စုပ်ယူလိုက်တာ ဖြစ်တယ်။ ရူဟန် ရဲ့ အသိစိတ်တုန်းကလိုပဲ ဥမင်ထဲက ထွက်လာတဲ့ စွမ်းအားမြင့် ဆွဲငင်မှု က အပေါက်ဝမှာ ရှိတဲ့အရာအားလုံးကို အတွင်းသို့စုပ်ယူနိုင်တယ်။

နောက်ဆုံးမှာတော့ ကြက်သွန်လေး က တွေဝေတာတွေ၊ တွန့်ဆုတ်တာတွေ ဖြစ်စရာ မလိုတော့ ပါဘူး။ ဥမင်လမ်း က သူမအစား ရွေးချယ် လုပ်ဆောင်သွားခဲ့တယ်။

အသက်ဆယ်ရှိုက်စာလောက်ကြာတော့ ...

ကြက်သွန်လေး က အမှောင်ကမ္ဘာထဲကို ရောက်ရှိသွားတယ်။

"ဒါ ဘယ်နေရာလဲ" ကြက်သွန်လေး က သူမ မျက်စိရှေ့မှာ ပေါ်လာတဲ့ ကမ္ဘာသစ်ကြီါ်ကို ကြည့်လိုက်တယ်။ အသက်သေခြင်းရှင်ခြင်း အခြေအနေ နဲ့ လုံးဝ ပြည့်နှက်နေတယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now