အပိုင်း (၈၃၄)

172 32 0
                                    


#Unicode


ကလေးတွေနဲ့ ဆုံစည်းခြင်း။

ရထားရဲ့ အမြန်နှုန်းက တကယ်ပဲ နှေးကွေးလွန်းပါတယ်။ သူစောစောကသာ ဒီလိုဖြစ်မယ်မှန်းသိခဲ့ရင် လေယာဉ်စီးလာခဲ့မှာဖြစ်တယ်။ ကိုးနာရီ လုံးလုံး ရထားပေါ်မှာ နေရတာက တကယ့်ကို သည်းမခံနိုင်ဖွယ်ပါပဲ။

သူအတွေးနက်နေရင်းနဲ့ပဲ လက်ကို ဆန့်ထုတ်ကာ အရွယ်အစား လျော့ချခြင်း အိတ်ထဲကို နှိုက်လိုက်တယ်။

"မင်းဘာလုပ်တာလဲ" ကြက်သွန်လေးရဲ ့အသံက အရွယ်အစား လျော့ချခြင်း အိတ်ထဲကနေ ထွက်ပေါ်လာတယ်။

"ငါ စိတ်ဝိညာဉ်သားရဲကျောက်တွေ ရှာနေတာ။ ဘာမှလုပ်စရာမရှိတော ့ပျင်းနေတယ်လေ။ တစ်ခုခု စားဖို့ ငါတွေးနေတာ" ရူဟန်က ပြန်ပြောလိုက်တယ်။

"နေအုန်း။ ငါယူပေးမယ်။ မင်းဘာမှ လုပ်စရာမရှိဘူး ဆိုတာနဲ ့ငါ့အိမ်ကို ဒီလို မမွှေနဲ့။ မင်းလုပ်လိုက်ရင် နေရာတစ်ခုလုံး ရှုပ်ပွသွားတာပဲ။ ငါပဲ ဒုက္ခခံပြီး စနစ်တကျ ပြန်စီရတာ။ သိလား" ကြက်သွန်လေး က စိတ်တိုတဲ့ အသံနဲ့ ပြောလိုက်တယ်။

"ငါတောင်းပန်ပါတယ်" ရူဟန် က အမှတ်မထင် တောင်းပန်လိုက်တယ်။ ဒါပေမဲ့ တောင်းပန်ပြီးတဲ့နောက် သူက တစ်ခုခုမှားယွင်းနေတာကို သတိပြုမိလိုက်တယ်။

အရွယ်အစားလျော့ချခြင်း အိတ်က သူ့အိတ်မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး ကြက်သွန်လေးအိမ် ဖြစ်သွားတာလဲ။

ဒါပေမဲ့ ကြက်သွန်လေးက အရွယ်အစားလျော့ချခြင်း အိတ်ထဲက အကာအကွယ်အစီအရင်တွေကို အသက်သွင်းပြီး သူ့အသက်ကို ခဏခဏ ကယ်ဖူးပါတယ်။ ဒါကြောင့် သူမ နဲ့ အတိုက်မခံ မလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။

ခဏလောက်ကြာတော့ ကြက်သွန်လေးက သူ့ကို အဆင့်နှစ် နဲ ့အဆင့်သုံး မြင်းအမျိုးအစား စိတ်ဝိညာဉ်သားရဲကျောက် တွေပါတဲ့ အိတ်အသေး တစ်လုံးကို ယူပေးလိုက်တယ်။ ဒီသားရဲကျောက်တွေက ချောင်းမြောင်းတိုက်ခိုက်မိတဲ့အတွက် တောင်းပန်တဲ ့အနေနဲ့ မြင်းသိုးစိတ်ဝိညာဉ်က လက်ဆောင်ပေးထား ခဲ့တာ ဖြစ်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်းOnde histórias criam vida. Descubra agora