အပိုင်း (၇၄၀)

168 30 0
                                    

#Unicode



အရာအားလုံးမှာ ငါက အရမ်းကို အံဖွယ်ကြီးဖြစ်နေတယ်။ မင်းတို့ရော အဲလို မထင်ဘူးလား။

ကျောင်းတော်သားရဲ ့မျက်နှာအသွင်အပြင် က သာမာန်ပဲ ဆိုပေမဲ့ သူထိုင်နေတဲ ့အချိန်မှာ ပတ်ဝန်းကျင် လေထုက ကြီးကျယ်ခမ်းနားမှုတွေ နဲ့ ပြည့်နှက်နေတယ်။ဒါပေမဲ ့သူ ပါးစပ်ဖွင့်ပြီး စကားပြောလိုက်ချိန်မှာတော ့သူ့ခန္ဓာကိုယ်ကို ဝန်းရံနေတဲ့ ကြီးကျယ်ခမ်းနားမှု အော်ရာတွေက ပျောက်ကွယ်သွားပြန်တယ်။

သူတော်စင်ကျောင်းတော်သား ကို မြင်တော့ ရူဟန်က ဒီလို မျိုး ခံစားချက်ကို အရင်က ရရှိလိမ့်မယ်လို့ ထင်ခဲ့တာကို သွားသတိရလိုက်တယ်။ ။ ကိုးစီရင်စုက စီနီယာတွေကို ပထမဆုံး စတွေ့တုန်းက ဒီလို တူညီတဲ့ခံစားချက်ကို ရရှိလိမ့်မယ်လို့ သူ ထင်ခဲ့ပါတယ်။

ဒါက သူတို့နဲ့ တွေ့ဆုံပြီး အကြောင်းအရင်း တွေကို သေချာမသိခဲ့ချိန်က ဖြစ်ပြီး လူကိုယ်တိုင် ရင်းနှီးပြီး နောက်မှာတော့ သူတွေ့ဆုံခဲ့တဲ့သူတွေက .. သူ့စိတ်ကူးထဲက ပုံရိပ်တွေကို အစိတ်စိတ် အမွှာမွှာ ရိုက်ခွဲပစ်လိုက်ကြတယ်။

ဒီအချိန်မှာတော့ သူတော်စင် ကျောင်းတော်သား က သူမွေးဖွားခဲ့တဲ ့အချိန်ကစပြီး မင်္ဂလာရှိတဲ ့အတိတ်နမိတ်တွေ ဖြစ်ပေါ်ပြီး ကောင်းကင်နဲ့ မြေကြီးကို လွှမ်းမိုးလာမှု၊ မိုးတွေခြိမ်းပြီး မိုးကြိုးတွေ အရူးလို ပစ်ချလာမှု ၊ သူမွေးဖွားတဲ ့အခန်းတစ်ခုလုံး လင်းထိန်သွားပြီး နဂါးကြီးနှစ်ကောင် က အခန်းအလယ်မှာ ကခုန်နေမှု စတာတွေကို အကျဉ်းချုပ် ပြောပြနေတယ်။

အတိုချူပ်ပြောရရင် ထူးဆန်းအံဖွယ် ဆိုတာတောင်မှ ဒီလောက် ထူးဆန်းအံဖွယ်ဖြစ်မှာ မဟုတ်တော့ပါဘူး။အရာအားလုံးကို စကားတစ်ခွန်းတည်းနဲ့ ချုံပြောမယ်ဆိုရင် ငါမွေးတုန်းက မယုံနိုင်လောက်အောင် ထူးဆန်းအံသြစရာတွေ ဖြစ်ခဲ့တယ်။ မင်းမထင်ထားဘူး မဟုတ်လား။ ဒါပါပဲ။

ရူဟန်၊ ကြီးမြတ်တဲ့အဖြူ ၊ ဖောအောက် နဲ့ အရက်မူး xxx ကျောင်းတော်သား တို့က အနားမှာ ရှိတဲ ့အစစ်အမှန် နတ်ဘုရား ထာဝရမီးကို မကြည့်ဘဲ မနေနိုင်တော့ပါဘူး။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now