အပိုင်း (၈၅၈)

161 31 0
                                    


#Unicode


မြင့်မြတ်အလင်း - တိုက်ခိုက်ဖို့ အထိုက်တန်ဆုံး။

လေ့ကျင့်ခန်းပြီးတဲ့နောက် ဂျိုးဇက်က ရူဟန်ကို မျှော်လင့်တကြီးနဲ့ ကြည့်ပြီး သူ့ဆရာပြောမယ့် စကားကို စောင့်နေတယ်။

"အရမ်းကောင်းတယ်။ အရမ်းကောင်းတယ်" ရူဟန် က ပြုံးကာ ပြောလိုက်တယ်။ ဒီအချိန်မှာ သူ့အပြုံးကာ တော်တော်ကြီး အားတင်းပြီး ပြုံးလိုက်ရတဲ့ အပြုံးပါပဲ။

ဂျိုးဇက်ကို ကိုယ်ကာယ လေ့ကျင်ခန်း ဆက်ပြီး လေ့ကျင့်စေလို့မဖြစ်တော့ဘူ။ မျက်စိနှောက်ဖို့ကောင်း သလို ရှက်ဖို့လည်း ကောင်းတယ်။

ဒါဆိုရင် သူ ဘာသင်ပေးရမလဲ။

သူသင်ပေးချင်ရင်တောင်မှ အခြေခံဗုဒ္ဓလက်သီးနည်းစနစ် ကိုတော့ သင်ပေးလို့မဖြစ်ပါဘူး။ ဒါက ဆရာတော် တုံဇန် ပိုင်ဆိုင်တာ ဖြစ်တာမို့ ဆရာတော်ရဲ့ ခွင့်ပြုချက်ကို အရင် ရယူဖို့ လိုအပ်တယ်။

အခြေခံဗုဒ္ဓလက်သီး နည်းစနစ် အပြင် တခြားသာ သာမာန်ကျင့်ကြံခြင်း နည်းစနစ်တွေကို ရူဟန်က လွယ်လွယ်ကူကူရှာနိုင်ပါတယ်။ ပြီးတော့ လက်ထဲမှာ တတိယအဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး၊ နှစ်တုံးလောက်ရှိမယ် ဆိုရင်တောင်မှ မီးတောက်ဓားမော့ နည်းစနစ် (သာမာန်) ကို တောင်မှရနိုင်တယ်လေ။

ဒါပေမဲ့ ဂျိုးဇက်က ဖေဖေစွန်း၊ မေမေစွန်းတို့ထက် ငယ်တယ် ဆိုရင်တောင်မှ အသက် တော်တော် ကြီးတဲ့အထဲ ပါနေပါပြီ။ ကျင့်ကြံဖို့ အကောင်းဆုံး အချိန်ကို ကျော်လွန်ခဲ့တာ တော်တော်ကြီး ကြာပါပြီ။

ရူဟန် လက်ထဲမှာ ရှိတဲ့ အားအနည်းဆုံး ခန္ဓာကိုယ်ကြံခိုင်ခြင်း ဆေးရည် ကိုတောင်မှ ဂျိုးဇက် ခန္ဓာကိုယ်က ခံနိုင်ရည် ရှိမှာ မဟုတ်ပါဘူး။

ကျင့်ကြံခြင်း နည်းစနစ် ပေးပြီး ခန္ဓာကိုယ်ကြံခိုင်ခြင်း ဆေးရည ်မပေးရင် ဂျိုးဇက် က ခက်ခက်ခဲခဲ လေ့ကျင့်ရမှာ ဖြစ်ပါတယ်။ ဆယ်နှစ်၊ ဒါမှမဟုတ် အနှစ် နှစ်ဆယ်လောက်မှ ချက်ကရာ တစ်ခု၊ နှစ်ခုလောက် ဖွင့်နိုင်ပါလိမ့်မယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now