အပိုင်း (၇၀၅)

172 35 0
                                    


#Unicode

တောင်ဝါကြီး က ဂရုကို မှန်ကန် တဲ ့လမ်းကြောင်းနဲ ့ထိန်းကျောင်းမည်။

ထင်ထားတဲ့ အတိုင်းပဲ ရုပ်သေးအယောင်ဆောင်ထားတာ ထရွင်ဂန်ပ ဲဖြစ်နေပါတယ်။ မြောက်ပိုင်းမြစ် က ထရွင်ဂန် ရဲ ့လှည့်ကွက်တွေကို ကောင်းကောင်း ကွက်ကျော်မြင်ပြီး ဖျက်ဆီး နိုင်ခဲ့တယ်။

မြောက်ပိုင်းမြစ်က ရယ်ပြီး ထရွင်ဂန် ကို ပြန်ပြောလိုက်တယ် "ငါကလည်း တစ်ခု မှမပြောင်းပဲ မင်းပြောသလို ပြန်ကြိမ်းဝါးလိုက်မယ်။ မင်းလည်း ငိုပြီး ငါ့ကို တောင်းပန်နေစေရမယ်.. သောက်ဗေဒင် ဆရာရေ.. စောင့်ကြည့်နေတော့"

သူတို့ ပြောနေတုန်းမှာပဲ နောက်လူတစ်ယောက် က ကိုးစီရင်စု ဂရုထဲကို စာပို့လိုက်တယ်။

လှိုင်းသုံးခု "စီနီယာ အဖြူ .. ငါအမှားလုပ်မိပြီ။ ငါ့ကိုခွင့်လွှတ်ပါ။ ခွင့်လွှတ်ပါ."

ပြီးနောက ်သနားစဖွယ်အော်သံ တစ်ခုက အပန်းဖြေ အိမ်ရာရဲ ့ကောင်းကင်ထက်မှာ ထွက်ပေါ်လာတယ်။

လှိုင်းသုံးခု က တောက်ပရွှမ်းလဲ့တဲ ့ကြယ်တစ်ခု အဖြစ်ပြောင်းလဲပြီး ကောင်းကင်ပေါ်ကို တက်သွားတယ်။ သူက ကားလို ဒရစ်ဆွဲ၊ မုန်တိုင်းလို ချာချာလည် ကာ အမြန်ဆုံးနှုန်းနဲ့ ယိမ်းထိုး နေရင်းကနေ ရုတ်တရက် ဦးတည်ချက် ပြောင်းသွားတယ်။ ပြီးနောက် များပြားလှတဲ့ ပျံသန်းနည်းစနစ် တွေနဲ ့ပျံသန်းပါတယ်။ နောက်ဆုံးမှာတော့ လှိုင်းသုံးခု က များပြားလှတဲ ့တာအိုရောင်းရင်းတွေ ရဲ ့မြင်ကွင်းအောက်ကနေ ပျောက်ကွယ်သွားပါတယ်။

ပျံသန်းမှု ပုံစံကို ကြည့်ရတာ ကြီးမြတ်တဲ ့အဖြူ ရဲ့ တစ်ခါသုံး ကြယ်ပျံဓားပါ။

"လှိုင်းသုံးလု ကောင်းကင်ပေါ် တက်သွားပြီလား" နှင်းဝံပုလွေ က မေးလိုက်တယ်။

ရေနဂါး "ကြည့်ရတာ တာအိုရောင်းရင်း အဖြူ က သူ့ကို ကောင်းကင်ပေါ် ပို့လိုက်ပုံရတယ်။ ဘာပဲဖြစ်ဖြစ် လှိုင်းသုံးခု က သေလမ်းရှာလွန်းတယ်။ ငါဆိုရင်လည်း သည်းခံဖို့ ခက်မှာပဲ။ တာအိုရောင်းရင်းအဖြူ ... လှိုင်းသုံးခု ကို နေဆီကို တိုက်ရိုက်ပို့လိုက်ဖို့ ငါမင်းကို တောင်းဆိုချင်တယ်"

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now