အပိုင်း (၈၂၀)

153 33 0
                                    


#Unicode


ငါမင်းကို ရွေးတယ် .. ရူဟန်။

"ကျောက်စိမ်းရေကန် ရဲ့ အောက်ခြေမှာ ထူးဆနး်တာတွေ ရှိနေတယ်လို့ အာရုံခံမိနေတာ မဆန်းတော့ပါဘူး။ ဒီနေရာမှာ များပြားတဲ့ မိစ္ဆာစွမ်းအင်တွေ စုစည်းမိနေတာပဲ" ကြီးမြတ်တဲ့အဖြူ က နူုးညံ့စွာ ပြောလိုက်တယ်။

ဘာပဲဖြစ်ဖြစ် ဒီအရာက ငရဲပြည် က မိစ္ဆာစွမ်းအင်တွေ နဲ့ အထူးပြုလုပ်ထားတာ ဆိုရင်တောင်မှ လွယ်လွယ်ကူကူ ကိုင်တွယ်လို့ ရနိုင်ပါသေးတယ်။

ကြီးမြတ်တဲ့အဖြူ က ခေါင်းမော့ပြီး စိတ်ဝိညာဉ်စွမ်းအင်တွေကို ထိန်းချုပ်လိုက်တယ်။ ပြီးနောက် ငရဲဲပြည်က မိစ္ဆာစွမ်းအင်တွေရဲ့ လက်အောက် မှ တိမ်းရှောင်လိုက်တယ်။ ပြီးတော့ သူက ကျောက်စိမ်းရေကန် ကို ပြန်ရှင်သန်အောင် ပြုလုပ်နေတာပါ။ ဒါကြောင့် မိစ္ဆာသားရဲ နဲ့တိုက်ခိုက်ပြီး စိတ်ဝိညာဉ် စွမ်းအင်တွေကို မဖြုန်းတီးချင်ပါဘူး။

များပြားတဲ့စိတ်ဝိညာဉ်စွမ်းအင်တွေက ကောင်ကင်အမြင့်ကို ရောက်ရှိသွားပြီးနောက် ငရဲပြည်က စွမ်းအင်တွေနဲ့ ဖြစ်ပေါ်လာတဲ့ ကြမ်းတမ်းတဲ့ သားရဲကြီးကလည်း ရပ်တန့်သွားတယ်။ ကြည့်ရတာ သူ့ရဲ့ ရည်ရွယ်ချက် က ကျောက်စိမ်းရေကန် ကြီးကို ကာကွယ်ဖို့ ဖြစ်ပုံပဲ ။ ဒီတစ်ကြိမ်မှာတော့ သူက ကျောက်စိမ်းရေကန် ဆီမှာ လှည့်လည်ရင်း ဘယ်သူမှ ကပ်မလာအောင် တားဆီးထားတယ်။

ကြီးမြတ်တဲ့အဖြူ က တိတ်တဆိတ် နဲ့ ခေါင်းညိတ်လိုက်ပြီး သူ့ရဲ့ နောက်ဆုံးကွက်ကို ထုတ်သုံးဖို့ ဆုံးဖြတ်လိုက်တယ်။

သူက လက်ဖျောက်တီးလိုက်တယ်။

"ဝှစ်"

ရူဟန်တို့ အဖွဲ့က နောက်တစ်ကြိမ် တည်နေရာ ရွေ့ပြောင်းခံလိုက်ရပြီး ကျောက်စမ်းရေကန် နဲ့ ၇၀၀ မီတာ အကွာကို ရောက်ရှိသွားခဲ့တယ်။

ပြီးနောက် ကြီးမြတ်တဲ့အဖြုူ က ပြောလိုက်တယ် "ငါမင်းကို ရွေးတယ် ရူဟန်."

"........" ရူဟန်။

"ရူဟန်. ..သွား" ကြီးမြတ်တဲ့အဖြူ က ကြမ်းတမ်းရိုင်းစိုင်းတဲ့ မိစ္ဆာသားရဲကြီးကို လက်ညိုးညွှန်ပြပြီး အော်လိုက်တယ် "သတ်လိုက်"

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now