အပိုင်း (၇၆၉)

159 36 0
                                    


#Unicode


တာအိုရောင်းရင်း ရွှေကြာပန်း နဲ့ ကိုယ်ပိုင် ကမ္ဘာတစ်ခု။

လမ်းတလျှောက်မှာ ကျောင်းတော်သား တပည့်တွေက စကားမပြောပါဘူး။

သူတို့က အဆင့်အမျိုးမျိုး ရှိတဲ့ မိစ္ဆာတွေ သယ်ပြိး ရှေ့ကို တန်းစီပြိး လျှောက်နေကြတယ်။

ဒီပုံက ... ကြည့်ရတာ တော်တော်ရင်းနှီးနေတယ်။

ကျောင်းတော်သား တွေရှေ့ကို ရှေ့ကို ရွေ့လျားနေတုန်းမှာပဲ ရူဟန်ရဲ့ အသိစိတ်မှော်သင်္ကေတ ရှိနေတဲ့ မိစ္ဆာအလောင်းက လည်း သယ်ဆောင်ခံရပြီး ရှေ့ကို သွားနေတယ်။

နောက်ဆုံးမှာတော့ ဒီကျောင်းတော်သား တွေက ကြီးမားတဲ့ရေကန်ကြီး အစပ်ကို ရောက်ရှိလာတယ်။

သူတို့က ရေကန် အစပ်ကို ရောက်ရှိသွားချိန်မှာတော့ သူတို့မျက်နှာကို ရေကန်ကြီးဆီမှာ ဆိုးရွားညစ်ညမ်းတဲ့ အနံ့အသက်တွေက လာရောက် ရိုက်ခတ်တယ်။

မှော်သင်္ကေတ က မယုံနိုင်လောက်အောင် ကောင်းမွန်တဲ့စွမ်းရည် သတ္တိရှိတယ်။ ရူဟန်က အနားပတ်ဝန်းကျင်ကို မြင်ရ ၊ ကြားရ နိုင်ရုံတင် မကဘဲ အနံ့ကို ပါ ရှုနိုင်ပါသေးတယ်။

"ဝေါ့" ရူဟန်က သူ့ဗိုက်ထဲက အရာတွေအားလုံး အထက်ကို ဆန်တက်လာသလို ခံစားလိုက်ရတယ်။မမျှော်လင့်ပဲ သူက အသိစိတ်ပုံစံ မှာ ရှိနေတာကြောင့် ဘာတစ်ခုမှ အန်ထုတ်လို့မရပါဘူး။

ကျောင်းတော်သား တပည့်တွေက သူတို့ အသက်ကို မနည်းရှုရှိုက်လိုက်တယ်။သူတို့ မျက်နှာတွေ သေမတတ် ဖြူရော်ရင်း ရှေ့ကို ဆက်တိုးနေတယ်။

နောက်ဆုံးမှာတော့ ကြီးမားတဲ့ ရေကန်ကြီးက ရူဟန်ရဲ့ ရှေ့မှာ ပေါ်လာတယ်။

ဒီညစ်စုတ်တဲ့ ရေကန်ကြီးက မျက်နှာပြင်မှာ မိစ္ဆာစွမ်းအင်တွေ ပြန့်နှံ့နေတယ်။

"ဗုန်း"

ကျောင်းတော်သားတွေက လူတန်းဆယ်တန်း ခွဲပြီး ပုခုံးမှာသယ်ဆောင်လာတဲ့ မိစ္ဆာအလောင်းတွေကို ညစ်စုတ်တဲ့ ရေကန်ထဲ တစ်ယောက်ချင်းစီ ပစ်ချနေကတယ်။

ကျင့်ကြံသူတို့ စကားဝိုင်းKde žijí příběhy. Začni objevovat