အပိုင်း (၈၇၃)

158 32 0
                                    


#Unicode


ဒီကမ္ဘာကြီးမှာလဲလို့ မရတဲ့ အရာ မရှိဘူး။

အောက်မှာတော့ ကြီးမြတ်တဲ့အဖြူ က သူ့အော်ရာတွေ ကို ပြန်လည် သိမ်းဆီးပြီး အထက်ကို တက်လိုက်ပြန်တယ်။

ကောင်းကင်ပေါ်မှာတော့ မျက်လုံး ၁၀ စုံ လောက်က ကြီးမြတ်တဲ့အဖြူ ကို ကြည့်နေတယ်။

ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ဘယ်သူမှ မလှုပ်ရှားပါဘူး။

ဘယ်သူကမှ ဒီလို အရေးကြီးတဲ့ အချိန်မှာ သူတို့ အားအင်ကို မဖြုန်းတီးချင်ပါဘူ။ သူတို့က စွမ်းအင်တွေကို ထိန်းသိမ်းပြီး အချိန်တန်မှ အသုံးပြုဖို့ စီစဉ်ထားတယ်။

ထို့ကြောင့် ကြီးမြတ်တဲ့ အဖြူ က များပြားလှတဲ့ အင်မော်တယ် တွေ စုဝေးရာ နေရာဆီကို တက်ရောက်သွားတယ်။

ကြက်သွန်လေးက ဒီမြင်ကွင်း တစ်ခုလုံးကို ကြည့်ရှုနေတယ်။

သူက ရူဟန် နဲ့ အတူ လိုက်ပါခဲ့တာကြောင့် အသချေင်္စာအုပ်တောင်မှ ဖြစ်ပေါ်ခဲ့တဲ့ ကိစ္စတွေကို အတွေ့အကြုံရပြီးပါပြီ။ ဒါကြောင့် ကောင်းကင်ဆန္ဒ အုပ်စိုးသူ အတွက် တိုက်ခိုက်ရတယ် ဆိုတာကို သူမ ကသိရှိထားတယ်။ သူတော်စင်ကျောင်းတော်သား နဲ့ တခြားအင်မော်တယ်တွေ တိုက်ခိုက်တဲ့ ဖြစ်စဉ် အသေးစိတ်ကိုတောင်မှ သူမ က သိရှိနေတယ်။

ကြီးမြတ်တဲ့အဖြူ က ကောင်းကင်ဆန္ဒ အတွက် တိုက်ခိုက်ဖို့ အရည်အချင်း ပြည့်မှီရဲ့လား။

ကြီးမြတ်တဲ့ အဖြူ က အဆင့်ကိုး ကပ်ဘေးလွန် တစ်ယောက်လား။

ကြီးမြတ်တဲ့ အဖြူ က အင်မော်တယ် တစ်ယောက်ကို တစ်ချက်တည်း ကျိုးပျက်အောင် ရိုက်နှက်နိုင်သူလား။

သူမ လက်ရှိသိရတဲ့ အကြောင်းအရာတွေ က သူမလက်ခံနိုင်တဲ့ အတိုင်းအတာထက် ကြီးမားတာကြောင့် ကြက်သွန်လေးက ဦးနှောက် ချောင်မလိုတောင ်ဖြစ်နေတယ်။

သူမ အိမ်မက် မက်နေတာလား။

မဟုတ်ဘူး။ မဖြစ်နိုင်ဘူး။ အိမ်မက်ထဲမှာဆိုရင် သူမ က အဓိက ဇာတ်ကောင် ဖြစ်ရမှာ မဟုတ်လား။ ဘာကြောင့် ကြီးမြတ်တဲ့ အဖြူ အကြောင်း မက်နေရတာလဲ။

ကျင့်ကြံသူတို့ စကားဝိုင်းDonde viven las historias. Descúbrelo ahora