အပိုင်း (၇၂၁)

179 38 0
                                    


#Unicode



တာအိုရောင်းရင်းတို့ ... သက်မှတ်ထားတဲ့ ဓားပျံအရေအတွက်က ပြည့်သွားခဲ့ပြီ။

အဲ့အချိန်တုန်းက သူငယ်ချင်းလေး ရူဟန် က ဒုတိယအဆင့်ကျင်ကြံသူတစ်ယောက် ဖြစ်ပြီး ဒီလို ပစ္စည်းတွေက ဒုတိယအဆင့် ကျင့်ကြံသူလေး တစ်ယောက်ပိုင်ဆိုင်နိုင်တဲ့ ပစ္စည်းတွေ မဟုတ်ပါဘူး။ ဖြစ်နိုင်ရင် သူနဲ့ နောက်တစ်ကြိမ် ပြန်တွေ့ဖို့ အခွင့်အရေးကို ငါရှာရမယ်။ ခန်းမသခင်ချူ က တွေးလိုက်တယ်။

ဒီအချိ်န်မှာတော ့ရူဟန် က တံဆိပ်ပြားကို ပြန်သိမ်းလိုက်တယ်။

သခင်လေး ဖီးနစ် သတ်ဖြတ်သူ က မေးလိုက်တယ် "ရူဟန်.. မိန်းကလေး ရီစင့်က ဘာဖြစ်သွားတာလဲ"

"မပူနဲ့။ သူမ အန္တရာယ်မရှိဘူး။" ရူဟန် က ပြောလိုက်တယ်။ စီနီယာ အစ်မရီက ထူးဆန်းတဲ ့စိတ်ဝိညာဉ်ကောင် ဖြစ်တာကြောင့် ချစ်ခြင်းသဘောတူညီမှု ဖြစ်တည်ခဲ့တာလား ဆိုတာကို သူကိုယ်တိုင်တောင်မှ မသိပါဘူး။

❄️❄️❄️

နေလည်ရောက်ခါနီးပါပြီ။

ကြီးမြတ်တဲ ့အဖြူ နဲ့ လိုင်ချီးတို့ရဲ့ မယုံနိုင်စရာ သရုပ်ဆောင်စွမ်းရည် ကြောင့် ရိုက်ကုူးရေးအဖွဲ့သားတွေက လင်းအာ နဲ့ ပတ်သက်တဲ့ ဇာတ်ဝင်ခန်းတွေ အားလုံးကို တမနက်တည်းနဲ့ အားလုံးရိုက်ကူးပြီးပါပြီ။

ပြီးနောက် ဂျာကော့ဘ် ရိုက်ကူးရေး အဖွဲ့သားတွေက ရိုက်ကူးရေးပစ္စည်းတွေ ဆက်တင်တွေကို ပြန်သိမ်းလိုက်ကြတယ်။

သူတို့ က ဂိုဏ်းရဲ့ သားရဲအစောင့်အရှောက်ဖြစ်တဲ ့ကောင်းကင်ဖျက်ဆြီုးခင်း ကြောင် က ဂိုဏ်းရဲ့ တပည့် အနည်းငယ်ကို ခေါ်ပြီး ထွက်ပြေးလာချိန်မှာ လင်းရီနဲ့ ဆုံတွေ့တဲ့ ဇာတ်ဝင်ခန်းကို ရိုက်မှာပါ။

သူတို့က အင်္သချေစာအုပ်တောင် ဆီကို ဒီဇာတ်ဝင်ခန်းရိုက်ဖို့ သွားရမှာပါ ။ ဒါကြောင့်ပဲ ဂျာကော့ဘ် ရိုက်ကူးရေးအဖွဲ့ က ပစ္စည်းတွေကို ပြန်သိမ်းနေတာပါ။

ပစ္စည်းတွေကို ပြန်လည်သိမ်းဆည်းပြီးနောက်မှာတော့ ရိုက်ကူးရေးအဖွဲ့သားတွေက နေ့လည်စာကို စားလိုက်ကြတယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now