အပိုင်း (၇၁၀)

171 33 0
                                    


#Unicode


 
သူငယ်ချင်းလေး ရူဟန်.. ခုတလော မင်းကံကောင်းလိမ့်မယ်။

အပြာရောင် ဆံပင် နဲ့ အမျိုးသမီး စီနီယာ က လိပ်ခွံကို ထုတ်ယူလိုက်ချင်းချင်း မှာပဲ ရူဟန်က သူ့ရဲ့ ငြိမ်းအေးနေတဲ့ နှလုံးသားကို မြင်းအကောင်ရေ တစ်သောင်းလောက် ဒုံးဆိုင်းပြေးလွှားသွားတယ်လို့ ခံစားလိုက်မိတယ်။

ဒါက ဗေဒင်ဆရာ အပြုအမူပါ။ ဒီလူ့ကို သူတစ်ခါမှမမြင်ဖူးပါဘူ။ ဒါပေမဲ့ ဒီလူကတော သူ့ကို သိနေပါတယ်။ နာမည်ကို ခန့်မှန်းရမယ် ဆိုရင် သူ့စိတ်ထဲမှာ တစ်ယောက်ပဲ ရှိပါတယ်။ အင်မော်တယ် ထရွင်ဂန် ပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ သခင်လေး ဖီးနစ် သတ်ဖြတ်သူ၊ ဆရာတော်တုံဇန် ၊ ရှေးဟောင်းကန် နဲ့ တခြား စီနီယာ တွေက ထရွင်ဂန်ကို ဖမ်းဆီးပြီး ရိုက်နှက်ထားတာ မဟုတ်ဘူးလား။

သခင်လေး ဖီးနစ် သတ်ဖြတ်သူ နဲ့ တခြားစီနီယာ တွေက သူ့ကို လွှတ်ပေးလိုက်တာလား။

စီနီယာ မြောက်ပိုင်းမြစ် ခန့်မှန်းတာ မှားယွင်းပြီး ရုပ်သေးက ရုပ်သေးအစစ်ဖြစ်ပြီး ကိုးစီရင်စု ထဲကို စာရိုက်နေတာက စီနီယာ ထရွင်ဂန် အစစ် ဖြစ်နေတာလား။

ရူဟန် အတွေးနက်နေတုန်းမှာပဲ အပြာရောင်ဆံပင်နဲ့ အမျိုးသမီးက လက်ထဲက လိပ်ခွံကို လှုပ်ရမ်းပြီး မြေပေါ်ပစ်ချလိုက်တော့ ကြေးစေ့ သုံးခု က ကျလာတယ်။

ကြေးစေ့တွေ က သူ့ဘာသာ နေရာကျသွားပါတယ်။ ရူဟန် ကံကြမ္မာဖတ်တာ နဲ့ ပတ်သက်ပြီး ဘာတစ်ခု မှ မလေ့လာဖူးပါဘူး။ ဒါကြောင့် အခု အကြွေစေ့က ကောင်းတာလား ဆိုးတာလား ဆိုတာကို သူ မသိပါဘူး။

ဒီလိုနဲ့ပဲ သူက ဆံပင်ပြာနဲ့အမျိုးသမီး ရဲ့ မျက်နှာကို မျှော်လင့်တကြီး နဲ့ ငေးကြည့်နေလိုက်တယ်။

အပြာရောင်ဆံပင် နဲ့ အမျိုးသမီး ကျင့်ကြံသူ က အကြွေစေ့တွေကို ခဏလောက ်စိုက်ကြည့်လိုက်ပြီး မျက်မှောင်ကုတ်လိုက်တယ်။ ပြီးနောက် အတွေးနက်နေပါတယ်။ သူမ က ချက်ချင်း ကံကြမ္မာရလာဒ်ကို မပြောပဲနဲ့ မေးလိုက်တယ် "သူငယ်ချင်းလေး ရူဟန်.. မင်းရဲ့ စိတ်ဝိညာဉ်ကောင်က ဘယ်တုန်းက မတော်တဆ ဖြစ်ခဲ့တာလဲ။"

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now