အပိုင်း (၈၁၅)

161 30 0
                                    


#Unicode


ဟင်းသီးဟင်းရွက် အမျိုးအစား နဲ့ အသီးအမျိုးအစား။

ရူဟန်က အားတင်းပြုံးကာ ပြောလိုက်တယ် "ဒါဘာဖြစ်လာလဲ .. စောနတုန်းက သူမရဲ့ ဝိညာဉ်ကို ပို့ဆောင်ပေးခဲ့နိုင်လို့လား"

သူက လှပတဲ့အမှတ်နဲ ့အမျိုးသမီး ဘေးမှာ ရှိနေတုန်း ကန်ချိဂါဘဝိညာဉ် ပို့ဆောင်ခြင်း ကျမ်းစာကို ရွတ်ဖတ်လိုက်တာပါ။ ဝိညာဉ်ပို့ဆောင်ခြင်း နည်းစနစ် ကို အသုံးပြုခဲ့ခြင်း မရှိပါဘူး။ ဒါတောင်မှ သီလအလင်းတွေ အများကြီး ရရှိခဲ့တာလား။

ကြီးမြတ်တဲ့အဖြူ က ဘာတွေ ဖြစ်တာလဲ ဆိုတာကို ချက်ချင်းပဲ နားလည်သွားတယ် " မင်း သူ့ရဲ့ ဝိညာဉ်ကို ပို့ဆောင်ပေးခဲ့တာလား"

"ဟုတ်တယ်" ရူဟန် က ခေါင်းညိတ်ပြလိုက်တယ်။

"သေပြီပေါ့" ကြီးမြတ်တဲ့အဖြူ က ကြောင်အအ ဖြစ်သွားခဲ့တယ် "မင်းက သူ့ဝိညာဉ်ကို ပို့ဆောင်ပေးလိုက်တယ် ဆိုတော ့ဒီကျောက်စိမ်းရေကန် နယ်မြေက ထောက်ပံ့မှု မရှိတော့ဘူးလေ။ ဒါဆိုရင် ကျောက်စိမ်းရေကန် နယ်မြေကလည်း မကြာခင် ပျက်ဆီးသွားလိမ့်မယ်။ ဟင်း .. ဆိုးလိုက်တာ။ သူမ က ငါ့ကို အချက်အချာ ဘာ့ကြောင့် အရင်မပေးခဲ့တာလဲ။ ဒီအချက်အချာ နဲ့ ဆိုရင် ကျောက်စိမ်းရေကန်နယ်မြေ ကို ငါ့ဘာသာ ထောက်ပံ့မှုတွေ ပြုလုပ်ထားလို့ ရတယ်"

"အချက်အချာလား" ရူဟန်က ချက်ချင်းပဲ ဖီးနစ် ဦးရစ် နဲ့ လှပတဲ့ ဝတ်စုံ တို့ကို ထုတ်ပြီး စီနီယာအဖြူ ့ဆီ ကမ်းပေးလိုက်တယ် "စီနီယာအဖြူ .. ဒါက အချက်အချာ ပဲ"

ဖီးနစ် ဦးရစ် နဲ့ ဖီးနစ်ဝတ်စုံ နှစ်ခုလုံးက အမျိုးသမီး အသုံးအဆောင် တွေ ဖြစ်ပါတယ်။

စီနီယာအဖြူ .. ဒါတွေကို ဘယ်လိုဝတ်မလဲ။ ရူဟန် က ဒီမြင်ကွင်းကို မြင်ရဖို့ မျှော်လင့်နေပါတယ်။

ကြီးမြတ်တဲ့အဖြူ က ဖီးနစ် ဦးရစ် နဲ့ ဖီးနစ် ဝတ်စုံကို လှမ်းယူပြီး စစ်ဆေးလိုက်တယ်။

"ဒါတွေက ကျောက်စိမ်းရေကန် နယ်မြေရဲ ့တကယ့် အချက်အချာတွေပဲ။ ရူဟန်.. မင်းသေချာ လုပ်ခဲ့တယ်။ ဒါတွေ လက်ထဲမှာ ရှိရင် ကျောက်စိမ်းရေကန် နယ်မြေကို ထောက်ပံ့မှု ပြုလုပ်ပြီး ယူသွားလို့ရတယ်။ ငါ့ရဲ့ အပန်းဖြေအိမ် အသစ် ပြုလုပ်ရမယ်" ကြီးမြတ်တဲ့အဖြူ က ပြောလိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now