အပိုင်း (၇၂၄)

183 34 0
                                    

#Unicode



စီနီယာ အဖြူ နှစ် နဲ့ ထပ်မံ တွေ့ဆုံခြင်း။

ဘယ်လောက်ဆိုးတဲ့ အခြေအနေလဲ။ သူ့ရဲ့ စွမ်းအားမြင့် မှတ်ဉာဏ် နဲ့တောင်မှ သူတော်စင် ရဲ့ ကိုယ်ပိုင်လေ့ကျင့်ခြင်း စကားပြေ ကဗျာ ကို သုံးပုံတစ်ပုံ ပဲ မှတ်မိပါတယ်။

ဒါကြောင့် သူက ငါးမိနစ်စာ စားမေးပွဲမှာ ထပ်မံကျရှုံးရပြန်တယ်။. အခု စုဝမ်ကျု ထားခဲ့တဲ့ စားပွဲပေါ်မှာ သူတော်စင် ရဲ့ ကိုယ်ပိုင်လေ့ကျင့်ခြင်း စကားပြေ ကဗျာ ရှိပါအုန်းမလား။

စုဝမ်ကျူ ရဲ့ အဖြေလွှာပျောက်သွားရင် ဘာလုပ်ရမလဲ။

ဒီနေရာမှာ တစ်သက်လုံး ပိတ်မိနေမှာလား။

ဒါက တကယ့်ကို ကြောက်စရာပဲ။

ဒါပေမဲ့ ဒီအချိန်မှာပဲ ထည်ဝါ ခန့်ညာတဲ့ အသံတစ်ခု က ထပ်မံပေါ်ပေါက်လာတယ် "သူတော်စင် ရဲ့ ကိုယ်ပိုင်လေ့ကျင့်ခြင်း စကားပြေ ကဗျာ ကို အပြည့်အစုံ ရေးချပါ။ မင်းမှာ အချိန် ငါးမိနစ်ရှိမယ်"

တစ်ချိန်တည်းမှာပဲ စာရွက်လွတ်တစ်ခုက သူ့စားပွဲပေါ်မှာ ပေါ်လာပါတယ်။ သူစာရေးနေတုန်းမှာ ရှုပ်ယှက်ခက် မနေဖို့ အဖြေလွှာအဟောင်းက ဘေးတစ်ဘက်ဆီကို အလိုလို ရွေ့လျားသွားတယ်။

သူသာ သူတော်စင် ရဲ့ ကိုယ်ပိုင်လေ့ကျင့်ခြင်း စကားပြေ ကဗျာ ကို ချမရေးနိုင်ရင် ဒီအခန်းထဲမှာ တစ်သက်လုံး ပိတ်မိနေတော့မှာလား။

ဒါကြောင့် ရူဟန်က ရွေးချယ်စရာ မရှိတော့ပဲ စုတ်တံကို ကောက်ကိုင်ကာ သူတော်စင် ရဲ့ ကိုယ်ပိုင်လေ့ကျင့်ခြင်း စကားပြေ ကဗျာ ကို ရေးချလိုက်တယ်။

လက်ထဲကို စုတ်တံရောက်သွားပြီးတဲ့နောက် သူက သူမှတ်ထားတဲ့ သူတော်စင် ရဲ့ ကိုယ်ပိုင်လေ့ကျင့်ခြင်း စကားပြေ ကဗျာ ပုံကို ရေးဆွဲလိုက်တယ်။

သူက ပါဝင်တဲ့ စာတန်းတွေကို ရေးဆွဲပြီး ချိန်မှာတော့ သုံးမိနစ်ကျော် အချိန်ကုန်သွားပါပြီ။

ရူဟန်က အခုချိန်မှာ ပိုမို စိုးရိမ်လာတယ်။ ဒီရှေးစာလုံးတွေကို ရေးဆွဲရတာ တော်တော်ကြီး ရှုပ်ထွေးပါတယ်။ သူက စာတမ်းကို အပြည့်အဝ မှတ်မိတယ် ဆိုရင်တောင်မှ ဒီရှေးစာလုံးတွေကို ရေးဆွဲဖို့ အချိ်န်ကိုးမိနစ်လောက် လိုအပ်နေပါသေးတယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now