အပိုင်း (၇၈၃)

160 37 0
                                    


#Unicode


ငါ ကိုယ်တိုင်လွတ်မြောက်ပြီ ဆိုရင် မင်းလည်း ပျောက်ကွယ်သွားရမှာပဲ။ အဆင်ပြေလား။

ပြန်လာပြီးတဲ့နောက် ကောင်းကင်ဆန္ဒအုပ်စိုးသူ ရွှေကြာပန်း က ကြမ်းတမ်းတဲ့ အမူအရာ နဲ့ ဖြစ်လာပြိး အေးစက်စက် နဲ့ ရွှေကြာပန်းကို စိုက်ကြည့်လိုက်တယ်။ ခဏလောက်ကြာတော့ ရွှေကြာပန်းကြီးက ကြောက်လန့်သွားပြီး သူ့ရဲ့ ကြာရွက်တွေကို ကွေးညွတ်ကာ သူ့ကိုယ်သူ ကာကွယ်လိုက်တယ်။

ကြာပန်းက အသိဉာဏ်ရှိတဲ့ အပင်တစ်ခုဖြစ်တာကြောင့် သတ်ဖြတ်ခြင်း အငွေ့အသက်ကို ခံစားမိပါတယ်။

ရူဟန်က အိမ်မက်ထဲမှာ ရွှေ့ကြာပန်းကြီးရဲ့ နေရာ ရောက်နေတာပါ။ ရွှေ့ရောင် နဲ့ အမဲရောင် ကြာပန်းတွေက နဂါးကျားကြီး ကိုယ်တိုင်စိုက်ပျိုးထားတာပါ။ ရူဟန်က ဒီဖြစ်စဉ်ကို မျက်စိနဲ့ တပ်အပ် မြင်ခဲ့သူပဲဖြစ်ပါတယ်။

ဒါဆိုရင် ဘာကြောင့် ကောင်းကင်ဆန္ဒအုပ်စိူးသူက စိတ်ပြောင်းပြီး သူစိုက်ပျိုးထားတဲ ့အပင်ကို သတ်ဖြတ်လိုတဲ့ဆန္ဒအပြည့်နဲ့ ကြည့်နေရတာလဲ။

ဒီအခြေအနေတစ်ခုလုံးက ထူးခြားပါတယ်။

ရူဟန်က ခဏလောက် စဉ်းစားလိုက်တယ်။ ပြီးနောက် ရူဟန်က ကောင်းကင်ပေါ်မှာ ရှိနေတဲ့ နဂါးကျားကြီးကို သေချာကြည့်ပြီး သူမှတ်သားထားတဲ့ ကောင်းကင်ဆန္ဒအုပ်စိုးသူ နဂါးကြားကြီးနဲ့ နှိုင်းယှဉ်လိုက်တယ်။

သူ့စိတ်ထဲမှာ ခန့်မှနး်ချက် တစ်ခု ဖြစ်ပေါ်နေတယ်။ ပြီးတော့ ကောင်းကင်ဆန္ဒ အုပ်စိုးသူက ချက်ချင်းဆိုသလို အပြောင်းအလဲ မြန်နေတယ်လေ။

ဒါကြောင့် သူက စိတ်ကစဉ့်ကလျား ရောဂါ ဒါမှမဟုတ် စိတ်လွတ်တဲ့ရောဂါ တစ်ခုခု စွဲကပ်နေတာ ဖြစ်မယ်။ မဟုတ်ရင် ကောင်းကင်ဆန္ဒ အုပ်စိုးသူ က ဒီလောက်ကြီး အပြောင်းအလဲ မြန်မှာ မဟုတ်ပါဘူး။

သူတို့ရဲ ့ ခန္ဓာကိုယ်တည်ဆောက်ပုံ ၊ အော်ရာ၊ ပုံသဏ္ဍာန် တွေအားလုံး က ခြားနားမှု မရှိဘဲ တူတူဖြစ်နေပါတယ်။.

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now