အပိုင်း (၇၂၃)

171 32 0
                                    


#Unicode


ဒီနေ့မှာတော့ ရူဟန်က စာမေးပွဲ ဖြေဆိုရခြင်းရဲ ့တုန်လှုပ်မှုကို စဉ်းစားလိုက်မိတယ်။

သူတော်စင်ရဲ့ ကိုယ်ပိုင်လေ့ကျင့်ခြင်း စကားပြေကဗျာ ရွှေရောင်စာတန်း က ရှေးစာပေ နဲ့ ရေးသားထားတယ် ဆိုပေမဲ့ ဒီစာတန်းမှာ ထူးဆန်းတဲ့ စွမး်အင်တွေ ထွက်ပေါ်နေပါတယ်။ ဒါကြောင့် ရူဟန်က ဒီစာလုံးတွေကို မသိဘူးဆိုရင်တောင်မှ အဓိပ္ပာယ်ဆိုလိုရင်းကို သေချာ နားလည်နေပါတယ်။ သူ့စိတ်ထဲက ဒီစာတွေက စံတရုတ်ဘာသာ အဖြစ် ပြောင်းလဲ ထင်ဟပ်နေတာပါ။

ကြီးမြတ်တဲ့အဖြူ ပြောသလိုဆိုရင် သူတော်စင်ရဲ့ ကိုယ်ပိုင်လေ့ကျင့်ခြင်း စကားပြေကဗျာ က တစ်စုံတစ်ယောက် ရဲ့ စိတ်ပိုင်းဆိုင်ရာကို လေ့ကျင့်ဖို့ အသုံးပြုတာ ဖြစ်ပါတယ်။ ဒါက တန်ခိုးကျင့် နည်းစနစ် တစ်ခု နဲ့ ဆင်တူပြီး ဒါကို ကျင့်ကြံရင်း သူတို့ရဲ့ လက်ရေးကို လည်း လေ့ကျင့်လို့ ရနိုင်ပါတယ်။

ဒါကြောင့် ရူဟန်က ကောင်းကင်ပေါ်မှာ ပေါ်နေတဲ့ရွှေရောင်စာတန်း ကို ကြည့်လိုက်ပြီး ပထမ စာပိုဒ်ကို သေချာ မှတ်လိုက်တယ်။ ဒါပေမဲ့ နောက်တော့ သိပ်အာရုံမထားတော့ ပါဘူး။

ဒီရွှေရောင်စာတမ်းက ရုပ်ထုကနေ လေထဲမှာ ဖြစ်တည်လာတာ ဖြစ်ပြီး အသက်ဆယ်ရှိုက်စာ လောက် ကြာမြင့်ပါတယ်။

ဒီအတောအတွင်းမှာပဲ ကြီးမြတ်တဲ့ အဖြူ နဲ့ ရူဟန်တို့ကလည်း ဖြည်းညှင်းစွာ ဆင်းသက် လာပါတယ်။

အသက်ဆယ်ရှိုက်စာ ကြာသွားပြီးတဲ့နောက် ရွှေရောင်စာတန်း က ပျောက်ကွယ်သွားတယ်။ နောက်တော့ သူတော်စင်ကျောင်းတော်သား ရဲ ့ကပ်ဘေးလွန် အဆင့် တပည့် ၁၃ ယောက် ရဲ့ ရုပ်ထုတွေက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါတယ်။

ကျောင်းတော်သားတွေက နှမျောတသ နဲ့ သက်ပြင်းချ လိုက်တယ်။

ဒါပေမဲ့ ဒီအချိန်မှာပဲ ရူဟန် မျက်စိရှေ့က အရာအားလုံးက မှောင်မဲသွားပါတယ်။

❄️❄️❄️

ခဏလောက် ကြာတော့ ရူဟန်က သူ့အမြင်အာရုံကို ပြန်ရလိုက်တယ်။ သူက ကြီးမားတဲ့ မြေကွက်လပ် ကြီးမှာ ရောက်ရှိနေတာကို သတိပြုမိလိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now