အပိုင်း (၇၅၁)
158 36 0
#Unicode
မြင့်မြတ်ရေကန် ထဲမှာ ပေါက်ရောက်သော အမဲရောင် ဒုစရိုက် ကြာပန်းကြီး။
ရူဟန် က သူငရဲပြည်ကို ရောက်နေတာ ဖြစ်ကြောင်းနဲ့ တခြားသော မိစ္ဆာတွေက သူ့ကို တိုက်ခိုက်ဖို့ ရည်ရွယ်ချက် ရှိမနေတာကို သတိပြုမိလိုက်တယ်။ ဒါတင်မကသေးပါဘူး။ အချိန်တိုင်း .. အဆင့်နိမ့်မိစ္ဆာတွေကို သူ့ရှေ့ကို လာပြီး ဦးညွှတ်အရိုအသေပေးကြတယ်။ ကြည့်ရတာ ဒီတစ်ကြိမ်မှာ ရူဟန်က မိစ္ဆာတစ်ယောက် ဖြစ်နေပြီနဲ့ တူတယ်။
ပြောရမယ်ဆိုရင် သူက ငရဲပြည်က မိစ္ဆာတစ်ယောက်ရဲ့ ဘဝ အတွေ့အကြုံကို အိမ်မက်မက်နေတာ ဖြစ်ပါတယ်။
ငါလတ်တလောတွေ့ခဲ့တဲ့ ငရဲပြည်က မိစ္ဆာတွေက ဘယ်သူတွေလဲ။ ရူဟန်က သူ့ဘာသာတွေးလိုက်တယ်။
သူ့ရဲ့ အိမ်မက်စွမ်းရည် က ထပ်တိုးစွမ်းရည် တစ်ခု ဖြစ်ပြီးတော့ သူ့ဘာသာ အသက်သွင်းလို့ မရနိုင်ပါဘူး။
ဒါပေမဲ့ ဒီစွမ်းရည် အသက်ဝင်လာဖို့ လိုအပ်ချက်တွေ ရှိနေပါတယ်။ ပထမဆုံး ရူဟန် က သူအိမ်မက်မက်မယ့် သူနဲ့ တစ်ချို့သော ထိတွေ့ဆက်ဆံမှုတွေ ရှိနေရပါမယ်။ ဆရာသခင်ဆိုသူ၊ တာအိုဘုန်းကြီး လီတိန်စု၊ ချူချူ.. သူတို့အားလုံးက ရူဟန်နဲ့ ထိတွေ့ဆက်ဆံမိခဲ့ကြသူတွေ ကြီးပါပဲ။
ရူဟန်က သူတွေ့ဆုံခဲ့တဲ့ ငရဲပြည်က မိစ္ဆာတွေကို ပြန်စဉ်းစားလိုက်တယ်။ ပထမတစ်ယောက်က နဂါးလှိုဏ်ဂူအရှင် ဖြစ်ပါတယ်။
ပြီးနောက် ထူးထူးဆန်းဆန်း အမူအရာ နဲ့ သေဆုံးသွားခဲ့တဲ့ ခေါင်းလေးလုံးမြွေကြီးပါ။ ဒါကြောင့် သူ့ရဲ့ ဝိညာဉ်တွေ ၊ ကျိန်စာတွေက ကျန်ရစ်နေနိုင်ပါတယ်။ ဒါက ရူဟန်ကို ဆွဲကပ်နေတာလည်း ဖြစ်နိုင်တယ်လေ။
ပြီးတော့ ကြီးမြတ်တဲ့ အဖြူရဲံ အပန်းဖြေအိမ်ရာကို လာရောက်တိုက်ခိုက်ပြီး ဆိုးဆိုးရွားရွား သေဆုံးခဲ့တဲ့ မိစ္ဆာတွေ၊ ဒါပေမဲ့ ဒီမိစ္ဆာတွေကတော့ ရူဟန်နဲ့ ထိတွေ့ဆက်ဆံမှု မရှိပါဘူး။ ဒါကြောင့်သူ အိမ်မက် မက်နေတာ ဒီမိစ္ဆာတွေ နေရာက မဟုတ်တာသေချာတယ်။.
နောက်ဆုံးဖြစ်နိုင်ချေ တစ်ခု ရှိနေပါသေးတယ်။ စီနီယာအဖြူနှစ် ရဲ့ ဘဝကို အိမ်မက် မက်နေတာလား။ ပြီးတော့ စီနီယာ အဖြူနှစ် က လည်း ငရဲပြည်ကလေ။ ဒါပေမဲ့ ဒါက မဖြစ်နိုင်ဘူး လို့ ရူဟန်က ခံစားမိနေတယ်။ သူ့ရဲ့ သန္ဓေစွမ်းရည် ဆိုပေမဲ့ စီနီယာအဖြူနှစ် သာ ခွင့်မပြုရင် ဒီကိစ္စဖြစ်မလာနိုင်လောက် ပါဘူး။
ဒါဆိုရင် ဘယ်သူ့အကြောင်းကို အိမ်မက် မက်နေတာလဲ။ နဂါးလှိုဏ်ဂူအရှင် လား၊ ခေါင်းလေးလုံးမြွေကြီးလား။
သူအတွေးနက်နေတုန်းမှာပဲ အိမ်မက်ထဲက သူ က ရှည်လျားတဲ့ ဥမင်းကြီးကို လျှောက်ရင်း ငရဲပြည်ရဲ့ အတွင်းဘက်ကို ဝင်လိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ သူက ပုခုံပေါ်မှာ တစ်စုံတစ်ယောက်ကို ထမး်ထားကြောင်း သတိပြုမိလိုက်တယ်။
ဥမင်ထဲကို ဝင်ပြီးတဲ့နောက် သူ့ဘေးနားမှာ ကပ်ပြီး လိုက်လျှောက်နေတဲ့ ငရဲပြည်က မိစ္ဆာတော်တေ်ာများများကို တွေ့လိုက်ရတယ်။ သူတို့ တစ်ဦးတစ်ယောက်ကမှ စကားပြောဆိုခြင်း မရှိကြပါဘူး။ အားလုံးက တိတ်ဆိတ်နေကြတယ်။
ဒီမိစ္ဆာတွေကလည်း သူတို့ ပုခုံးပေါ်မှာ လူသား အလောင်း ကို သယ်လာကြတယ်။ အလောင်းရဲ့ ဝတ်စုံကို ကြည့်ရတာ ကျောင်းတော်သားတပည့်တွေ ဖြစ်ပုံပေါ်တယ်။
ရူဟန် က နှလုံးခုန်မြန်သွားတယ်။
ဥမင်ကိုဖြတ်ပြီး ငရဲပြည် အတွင်းပိုင်းကို ဝင်ပြီးတဲ့နောက်မှာတော့ မိစ္ဆာအရေအတွက် က ပိုမိုတိုးလာကြောင်း သတိပြုမိလိုက်တယ်။ ဒီမိစ္ဆာတွေက မတူညီတဲ့ ဥမင်းတွေကနေထွက်ထွက် လာကြတာပါ။
သူတို့ အရေအတွက်က ဆက်တိုက်ပဲ တိုးနေတယ်။ မိစ္ဆာတွေက အတန်းသုံးတန်း စီပြီး ဖြည်းဖြည်းချင်းပဲ ရှေ့ကို လျှောက်နေကြတယ်။
ရူဟန် မျက်စိရှေ့မှာတော့ မိစ္ဆာ ၃၀၀ လောက်ရှိပြီ။ သူ့နောက်ကို တော့ ရေကြည့်လို့ မရသေးပါဘူး။ မိစ္ဆာတွေ အားလုံးထဲမှာ အိမ်မက်ထဲက သူကလည်း ပုခုံးပေါ်မှာ ကျောင်းတော်သား တပည့်တစ်ယောက်ရဲ့ အလောင်းကို ထမ်းပိုးထားတယ်။
ဒီလောက်များတဲ့ ကျောင်းတော်သား တပည့်တွေ အသတ်ခံရတယ်။ ဘယ်အချိန်တုန်းက ဖြစ်ခဲ့တာလဲ.။
❄️❄️❄️
မိစ္ဆာအုပ်ကြီးက တဖြည်းဖြည်း ပိုမို များပြားလာတယ်။
၁၀ မိနစ်လောက ်လမ်းလျှောက်ပြီးချိန်မှာတော့ ရူဟန်က သူ့ရဲ့ ခရီးဆုံးကို ရောက်ရှိလာတယ်။
အိမ်မက်ထဲက သူ က ခေါင်းမော့ပြီး ကြည့်လိုက်တယ်။
နောက်တော့ သူ့မျက်စိရှေ့မှာ ကြီးမားတဲ့ အမဲရောင် သစ်ပင်ကြီး ရှိနေတာကို မြင်လိုက်ရတယ်။
မဟုတ်ဘူး။ ဒီလို မဟုတ်ဘူး။
သူ့အကြည့်က အပေါ်ကို ဆက်တက်သွားတော့ ကြီးမားတဲ့ သစ်ပင်ကြီးကို အလုံးစုံ မြင်လိုက်ရပါတော့တယ်။ သူ့မျက်စိရှေ့က အရာက တကယ်တော့ သစ်ပင်တစ်ပင် မဟုတ်ပါဘူး။ အမဲရောင် ဧရာမ ကြာပန်းကြီးတစ်ခုပါ။
ကြာပန်းရဲ့ အမြင့်က မီတာ ၂၀ လောက်မြင့်မားပါတယ်။
ငရဲပြည်လို ညှီစို့တဲ့ မိစ္ဆာစွမ်းအင်တွေ ကြားထဲမှာ ဒီအမဲရောင်ကြာပန်းက မျက်စိကျလောက် စရာ ဖြစ်နေပါတယ်။
ငရဲပြည်က မိစ္ဆာစွမ်းအင်တွေကလည်း အမဲဖျော့ဖျော့ အရောင်ရှိတယ်လေ။
ဒါကြောင့် အမဲရောင်ကြာပန်းက ပိုမိုမဲနက်သွားတာ လား မသိပါဘူး။
ပြီးနောက် ငရဲပြည်က မိစဆာတွေက တစ်ယောက်ပြီး တစ်ယောက် ရှေ့ဆက်သွားကြပြီး ပုခုံပေါ်က ကျောင်းတော်သားအလောင်းတွေကို အမဲရောင် ဒုစရိုက်ကြာပန်း ကြိးရဲ့ ခြေရင်းမှာ ရှိတဲ့ ရေကန်ထဲကို ပစ်ချလိုက်ကြတယ်။ ]
ရေကန်ထဲ အလောင်းပစ်ချပြီးတဲ့နောက် မိစ္ဆာတွေက အနားမှာရှိနေတဲ့ နေရာလွတ်ကြီး တစ်ခုဆီကို သွားပြီး စောင့်နေလိုက်ကြတယ်။
ဖြစ်စဉ်တစ်ခုလုံးမှာ ငရဲပြည်က မိစ္ဆာတွေက အရမ်းကို တည်ငြိမ်နေတယ်။
သူတို့ရဲ့ အသက်ရှုသံ၊ ခြေသံနဲ့ အလောင်းကို ရေထဲပစ်ချသံက လွဲရင် တခြားသောအသံတွေ တစ်ခုမှ ထွက်ပေါ်မလာပါဘူး။
မိစ္ဆာအတန်းကြီးက ရှေ့ကို ဆက်တိုးနေပြီး နောက်ဆုံးမှာတော့ ရူဟန် အလှည့်ရောက်လာတယ်။
သူက တခြားလူတွေလိုပဲ ရှေ့ကိုတိုးပြီး သယ်လာတဲ့ ကျောင်းတော်သား အလောင်းကို အမဲရောင်ကြာပန်း အောက်ခြေ ရှိ ရေကန်ထဲကို ပစ်ချလိုက်တယ်။
တစ်ချိ်န်ထဲမှာပဲ သူက ကျောင်းတော်သား တပည့်တွေရဲ့ အလောင်းတွေကို ကြည့်လိုက်တယ်။
နောက်တော့ ရူဟန်က မြင်နေရတာတွေကို မယုံကြည်ရဲအောင် တောင်မှ ဖြစ်သွားတယ်။
ရေကန်တစ်ခုလုံးက ကျောင်းတော်သားတွေရဲ့ သမာဓိစွမ်းအင်တွေ၊ ဗုဒ္ဓကျင့်ကြံသူတွေရဲ့ သန့်စင်ခြင်းအလင်းတွေနဲ့ ပြည့်နှက်နေတယ်။ ရေကန် ကြီးက ကြည်လင်ပြီး အောက်ခြေထိကို မြင်နေရတယ်။ ရေမျက်နှာပြင်ပေါ်မှာတော့ မြင့်မြတ်သန့်စင်တဲ့ အလင်းတွေ ထင်ပေါ်နေတယ်။
ဒါကို မြင့်မြတ် ရေကန်လို့ ခေါ်ရင်လွန်မှာ မဟုတ်ပါဘူး။
ကြီးမားတဲ့ ရေကန်ကြီးထဲမှာ နစ်မြုပ်နေတဲ့ ကျောင်းတော်သား တပည့်တွေရဲ့ အလောင်းတွေက ရေတွက်လို့ မရအောင် များပြားပါတယ်။ သူတို့က ယောကျ်ား၊ မိန်းမ တွေစုံလင်ပြီး ရေထဲနစ်မြုပ်နေစဉ်မှာပဲ မျက်နှာတွေ တည်ငြိမ်နေကြတယ်။ သူတို့က အိပ်ပျော်နေကြသူတွေလိုပါပဲ။
ကျောင်းတော်သား တပည့်တွေရဲ့ အလောင်းတွေအပြင် ဗုဒ္ဓကျင့်ကြံသူတို့ရဲ့ ခေါင်းတုံးပြောင်ပြောင် အလောင်းတွေကိုပါ ရူစန်က မြင်လိုက်ရတယ်။ ပြီးတော့ တောင်ပံ နဲ့လူသားတွေရဲ့ အလောင်းတွေ၊ ပြီးတော့ ဘာမှန်းမသိတဲ့ သန့်စင်တဲ့ အဖြူရောင်သားရဲတွေလည်း ရှိနေပါတယ်။
အလောင်းတွေ အားလုံးက မြင့်မြတ်သန့်စင်တဲ့ အလင်းတွေနဲ့ ပြည့်နှက်နေပြီး သမာဓိ နဲ့ သန့်စင်တဲ့ အော်ရာတွေ ဖိတ်ဖိတ်တောက်နေတယ်။
ရေကန်အောက်ခြေမှာ ရှိတဲ့ အလောင်းတွေ အားလုံးက အိ်ပ်ပျော်နေသလို ငြိမ်းချမ်းတဲ့ အသွင်အပြင်ကို ဆောင်ပါတယ်။
တကယ်တော့ တစ်ချိုအလောင်းတွေဆိုရင် ခပ်ဖျော့ဖျော့တောင်မှ ပြုံးနေပါသေးတယ်။
ရူဟန်က ကျောရိုးတစ်ခုလုံး စိမ့်သွားတယ်။ ဒါက ဘယ်လို သောက်နေရာကြီးလဲ။
ကြည့်ရတာ ငရဲပြည်က မိစ္ဆာတွေက ကျောင်းတော်သား၊ ဗုဒ္ဓကျင့်ကြံသူ၊ အနောက်တိုင်းနတ်မျိုး တွေနဲ့ ကြောက်စရာသားရဲတွေကို သတ်ဖြတ်ပြီး ဒီအမဲရောင်ကြာပန်းကြီးကို မွေးမြူနေကြတာလား။
သူက ဒီအကြောင်းကို စီနီယာ အဖြူ နဲ့ တခြားလူတွေကို ပြောပြမှ ဖြစ်မယ်။ ငရဲပြည်က မိစ္ဆာတွေ ဒီအမဲရောင် ကြာပန်းကို စိုက်ပျိုးနေတာက တကယ်တော့ သတင်းဆိုးကြီး တစ်ခုပဲ။
❄️❄️❄️
တစ်ချ်ိန်တည်းမှာပဲ ရူဟန်က သူ့အတွေးကို တိတ်တဆိတ် ထိနး်သိမ်းလိုက်တယ်။ အမဲရောင် ကြာပန်းကြီးက တာအိုဘုန်းကြီး ကောင်းကင်နီလို မျိုး သူရှိနေတယ်ဆိုတာကို သိရှိသွားမှာ ကြောက်ရွံ့ရပါတယ်။
ပြီးတော့ အိမ်မက် အပြင်က သူ့ကို မြင်သွားမှာလည်း စိုးရိမ်ရတယ်။
ဒါကြောင့် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်နေပါတယ်။
အိမ်မက်ထဲမှာ တော့ ရူဟန်က ရေကန်ထဲကို အလောင်းပစ်ချလိုက်ပြီး မိစ္ဆာတန်းအလိုက် ရွေ့့လျားကာ မိစ္ဆာတွေ စုဝေးနေတဲ့ တစ်ဖက်ခြမ်းမှ နေရာလွတ်ဆီကို သွားလိုက်တယ်။
ဒီအချ်ိန်မှာပဲ ရူဟန်က မျက်လုံးထောင့်မှ တဆင့် ရေကန်ထဲက ရင်းနှီးနေတဲ့ ပုံရိပ်တစ်ခုကို မြင်လိုက်ရတယ်။
ဒါက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ မိန်းမငယ်လေးပါ။
ဒါက မိန်းမပုံစံ အသွင်ပြောင်းထားတဲ့ ကြိုးကြာဖြူပဲ ဖြစ်ပါတယ်။သူ့မျက်နှာပေါ်မှာ ငြိမ်းချမ်းမှုတွေ ပြည့်နှက်နေတယ်။း သူ့လက်နှစ်ဖက်က ဝမ်ဗိုက်ပေါ်မှာတင်ထားပြီး သူ့ရဲ့ အဖြုရောင် အတောင်ပံတွေကတော့ အပိုင်းပိုင်းအစစ ပျက်ဆီးသွားခဲ့တယ်။ အတောင်ပံ အရိုးပဲ ကျန်ပါတော့တယ်။
ဒီရင်နှီးနေတဲ့သူကို ရေကန်ထဲမှာ မြင်လိုက်တော့ ရူဟန် ရဲ ့အတွင်းစိတ်တစ်ခုလုံးက ရှုပ်ယှက်ခက်သွားတယ်။
ဒါပေမဲ့ သူက ချက်ချင်းဆိုသလိုပဲ ဘာတွေဖြစ်နေတာလဲ ဆိုတာကို နားလည်သွားတယ်။ ဒီလူက ကြိးကြာဖြူ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ကလန် က တစ်ယောက် ဖြစ်ပါလိမ့်မယ်။ ထိုသူက မိစ္ဆာတွေ ရဲ့ အသတ်ခံရပြီး အမဲရောင်ကြာပန်းကြီး ရဲ့ အောက်ခြေမှာ မြေသြဇာ အဖြစ် အသုံးချ ခံနေရပါတယ်။
သူ့စိတ်လှုပ်ရှားသွားတာကို အမဲရောင်ကြာပန်းကြီး သတိမပြုမိဖို့ ရူဟန်က မျှော်လင့်လိုက်တယ်။
ဒါပေမဲ့ ဒီအချိ်န်မှာပဲ ကြီးမားတဲ့ အမဲရောင်ကြာပန်းကြီးက ရုတ်တရက် လှုပ်ခါသွားတယ်
သူလှုပ်ခါချိန်မှာတော့ မြေအောက် တစ်ခုလုံးမှာ လိုက်ပြီး လှုပ်ခါနေပါတယ်။
ချီးတဲ့မှ.. ငါ့စိတ်လှုပ်ရှားမှု ကြောင့် ဒီအမဲရောင် ကြာပန်းကြီးက ငါရှိတာကို သိသွားပြီလား။
❄️❄️❄️
နောက်တော့ ရူဟန် နဲ့ တခြားလူတွေက စိတ်လှု့ပ်ရှားမှု နဲ့ အော်ဟစ်လိုက်တယ်။ သူတို့က ရေကန်ကြီးကို ဝိုင်းရံပြီး ပျော်ရွှင်စွာ အော်ဟစ်လိုက်တယ်။
မိစ္ဆာတွေ အားလုံးက ပျော်ရွှင်သွားကြတယ်။
အိမ်မက်ထဲမှာတော့ ရူဟန်က ရေကန်အစပ် နဲ့ တော်တော်ကြီးနီးစပ်နေတပါယတ်။ ငရဲပြည်က မိစ္ဆာတွေ တစ်ယောက်ကမှ ဒီရေကန်ကြီး အနားကို အရမ်းမကပ်ရဲပါဘူး။ မြင့်မြတ်ရေကန ်က သူတို့ အတွက် နေလုံးကြီးလိုပါပဲ။ အရမ်းကပ်သွားရင် အရေပျော်သွားမှာ သေချာတယ်။
အမဲရောင်ကြာပန်းက ဆက်လက် တုန်ခါနေတယ်။
နောက်တော့ အမဲရောင်ကြာပန်းဆီကနေ ရေတွက်လို့မရနိုင်တဲ့ အမဲရောင်အလင်းမှုန်တွေ ကျဆင်းလာတယ်။
မိစ္ဆာတွေ အားလုံးက ပျော်ရွှင်စွာနဲ့ လက်ဆန့်တန်းပြီး အမဲရောင် အလင်းမှုန်တွေကို ဖမ်းယူဖို့ အဆင်သင့် ပြင်ထားလိုက်ကြတယ်။ ကြည့်ရတာ အမဲရောင်ကြာပန်းက သူတို့ အပေါ်တစ်စုံတခုကြဲချလိုက်ပုံပေါ်တယ်။
ဒီအတောအတွင်းမှာ ငရဲပြည်က မိစ္ဆာတွေ ရှုပ်ရှုပ်ယှက်ယှက် တွေ မပြုလုပ်ကြပါဘူး။ သူတို့က စိတ်လှုပ်ရှားနေတယ် ဆိုပေမဲ့ ဒါကို ရဖို့ တစ်ယောက် နဲ့ တစ်ယောက် လုယက်တိုက်ခိုက်တာမျိုး မပြုလုပ်ပါဘူ။ လက်ကိုပဲ ဆန့်တန်းပဲ အမဲရောင်အလင်းမှုန်တွေ လက်ပေါ်ကျဆင်းလာမှာကို စောင့်နေကြတယ်။
ဒါက အမဲရောင်ကြာပန်းကြီး ရဲ့ ဆုလဒ် ဖြစ်ပုံပေါ်တယ်။ဒါကို တစ်စုံတစ်ယောက်က ဘယ်လောက်ရတယ် ဆိုတာပေါ်မှာ မူတည်ပါတယ်။ ဒါကြောင့် ရှင်သန်ဖို့ လည်းလိုအပ်ပါတယ်။ တစ်စုံတစ်ယောက် ဆီက လုယူချင်တယ် ဆိုရင်တောင်မှ သူတို့ က ဒီမြေအောက် နေရာကနေ ထွက်ပြီးတဲ့ အထိ စောင့်ဖို့ လိုပါတယ်။
အမဲရောင်အလင်းမှုန်တွေက ဆက်လက် ကျဆင်းနေတယ်။
အိမ်မက်ထဲမှာတော့ရူဟန် က သူ့ရဲ့ လက်သည်းတွေကို ထုတ်ပြီး အမဲရောင်ကြာပန်းဆီက ဆုလဒ်ကို လက်ခံလိုက်တယ်။ သူက အမဲရောင်အလင်းစက် တစ်ခု ပဲ ရရှိပါတယ်။
ဒီအချိန်မှာတော့ ရူဟန်က သူ့လက်သည်းတွေကို သတိပြုမိသွားတယ်။
ဒါက နဂါးတစ်ကောင်ရဲ့ လက်သည်းတွေပဲ။ ကြည့်ရတာ ငါက နဂါးလှိုဏ်ဂူအရှင်ရဲ့ ဘဝကို အိမ်မက်မက်နေတာပဲ
တစ်ချိန်တည်းမှာပဲ ရူဟန်က အမဲရောင်အလင်းမှုန်ရဲ့ ပုံသဏ္ဍာန်ကို သေချာ ကြည့်လိုက်တယ်။
အမဲရောင်ကျောက်လို ဖြစ်နေတဲ့ ကြာပန်းစေ့ပါ။ကြာပန်းစေ့ရဲ့ မျက်နှာပေါ်မှာ ရွှေရောက်တွေ ရောယှက်နေတဲ့ မိစ္ဆာပုံကွက်တွေကို ရေးဆွဲထားပါသေးတယ်။
ကြာပန်းစေ့ က ကြည့်တဲ့ သူကို မြိုချပစ်ချင်စိတ် ပေါက်တဲ့ အထိ ဆွဲဆောင်မှု အားကောင်းတယ်။
ဒါက ကြီးမားတဲ့ အမဲရောင်ကြာပန်းစေ့ ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကြီးမားတဲ့ ကြာပန်းကြီးဆီက အစေ့က သာမာန်ကြာပန်းစေ့ အရွယ်အစား လောက်ပဲ ဖြစ်နေလိမ့်မယ်လို့ သူမထင်မိခဲ့ဘူး။
ထပ်ပြီးတော့ ကြာပန်းစေ့ပဲလား။
ဒီရက်ပိုင်းအတွင်း ရူဟန်က ကြာပန်းတွေ၊ ကြာစေ့ တွေနဲ့ တော်တော်ကြုံနေရပါတယ်။
ကြည့်ရတာ ကြာပန်းနဲ့ ငါနဲ့ ကြားမှာ ရေစက်ပါပုံပေါ်တယ်။
တခြားလူတွေက မိန်းမတွေနဲ့ ပတ်သက်ပြီး ရေစက်ပါတယ်။ ငါ့မှ ဘယ်လိုကြောင့် ဒီသောက်ကျိုးနည်း ကြာပန်းတွေနဲ့ လာ ရေစက်ပါနေရတာလဲ။ ရူဟန်က စိတ်ပျက်သွားတယ်။
သူအိမ်မက်ထဲမှာ အတွေးနက်နေတုန်းမှာပဲ နဂါးလှိုဏ်ဂူအရှင် က အမဲရောင်ကြာပန်းကို သူ့လက်သည်းတွေနဲ့ စိတ်လှုပ်ရှားစွာ ကိုင်ရင်း ပါးစပ်ထဲကို ပစ်ထည့်လိုက်တယ်။
ဒါပေမဲ့နဂါးလှိုဏ်ဂူ အရှင် က သူ့ပါးစပ် နဲ့ စားသုံးလိုက်တာ မဟုတ်ပါဘူး။ ပါးစပ်ထဲကနေ အင်းဆက် တစ်ကောင်ထွက်လာပြီး အမဲရောင်ကြာပန်းကို မြိုချလိုက်တယ်။
နောက်တော ့ရူဟန်ရဲ့ ခေါင်းထဲကို ဉာဏ်အလင်းပွင့်တဲ့ အံသြဖွယ်ရာ ခံစားချက် က ပေါ်လာတယ်။
ဒီရုတ်တရက် ဉာဏ်အလင်းရခြင်းက နဂါးလှိုဏ်ဂူအရှင် ရဲ့ စွမး်ရည ်ဒါမှမဟုတ် လျှို့ဝှက် နည်းစနစ် တစ်ခုလား။
#Zawgyi
အပိုင်း (၇၅၁)မြင့်မြတ်ရေကန် ထဲမှာ ပေါက်ရောက်သော အမဲရောင် ဒုစရိုက် ကြာပန်းကြီး။
❄️❄️❄️
မဟုတ်ဘူး။ ဒီလို မဟုတ်ဘူး။
တစ်ချိန်ထဲမှာပဲ သူက ကျောင်းတော်သား တပည့်တွေရဲ့ အလောင်းတွေကို ကြည့်လိုက်တယ်။
ရေကန်အောက်ခြေမှာ ရှိတဲ့ အလောင်းတွေ အားလုံးက အိပ်ပျော်နေသလို ငြိမ်းချမ်းတဲ့ အသွင်အပြင်ကို ဆောင်ပါတယ်။
❄️❄️❄️
အိမ်မက်ထဲမှာ တော့ ရူဟန်က ရေကန်ထဲကို အလောင်းပစ်ချလိုက်ပြီး မိစ္ဆာတန်းအလိုက် ရွေ့လျားကာ မိစ္ဆာတွေ စုဝေးနေတဲ့ တစ်ဖက်ခြမ်းမှ နေရာလွတ်ဆီကို သွားလိုက်တယ်။
ဒီအခ်ျိန်မှာပဲ ရူဟန်က မျက်လုံးထောင့်မှ တဆင့် ရေကန်ထဲက ရင်းနှီးနေတဲ့ ပုံရိပ်တစ်ခုကို မြင်လိုက်ရတယ်။
ဒါပေမဲ့ ဒီအချိန်မှာပဲ ကြီးမားတဲ့ အမဲရောင်ကြာပန်းကြီးက ရုတ်တရက် လှုပ်ခါသွားတယ်
❄️❄️❄️
နောက်တော့ ရူဟန်ရဲ့ ခေါင်းထဲကို ဥာဏ်အလင်းပွင့်တဲ့ အံသြဖွယ်ရာ ခံစားချက် က ပေါ်လာတယ်။
ဒီရုတ်တရက် ဥာဏ်အလင်းရခြင်းက နဂါးလှိုဏ်ဂူအရှင် ရဲ့ စွမ်းရည်ဒါမှမဟုတ် လျှို့ဝှက် နည်းစနစ် တစ်ခုလား။
ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now