အပိုင်း (၈၄၃)

159 33 0
                                    


#Unicode


ငယ်သေးတယ်။

"ဘန်း"

ခေါင်းတုံးကြီးက ရှောင်ဖို့ အစီအစဉ် ရှိပုံမရပါဘူး။ ဒါ့ကြောင့်ပဲ မိစ္ဆာနှိမ်နှင်းခြင်း ပစ္စည်းနဲ့ ထိရိုက်မိသွားခဲ့တယ်။

မိစ္ဆာနှိမ်နှင်းခြင်း ပစ္စည်းက မိစ္ဆာသတ်ဖြတ်ခြင်း အလင်းတန်း နည်းစနစ် ရဲ့ စွမ်းအားတွေ ပါဝင်နေတာ ဖြစ်တယ်။

ဒီအရာနဲ့ ထိရိုက်မိပြီးနောက်မှာတော့ အလင်းတန်းရောင်စဉ်တွေက ပေါက်ကွဲထွက်ပေါ်လာတယ်။ ခေါင်းတုံးကြီးကိုယ်ပေါ်က မိစ္ဆာစွမ်းအင်တွေက မိစ္ဆာ သတ်ဖြတ်ခြင်း အလင်းတန်း နည်းစနစ်ကို မခုခံနိုင်ကြပါဘူး။ အကာအကွယ် က ကျိုးပျက်သွားခဲ့တယ်။

လျှပ်စီးလက်တဲ့အသံ တွေ ထွက်ပေါ်လာတယ်။

သာမာန်လူတွေက မိစ္ဆာနှိမ်နှင်းခြင်း ပစ္စည်းနဲ့ မွန်းစတားသတ်ဖြတ်သူ လူငယ် တို့ကို မမြင်နိုင်ဘူးဆိုပေမဲ့ ခေါင်းတုံးကြိး နောက်ကျောဆီမှာ ပေါက်ကွဲထွက်လာတဲ့ အလင်းတန်းတွေကို တော့ မြင်နိုင်ကြတယ်။

ခေါင်းတုံးကြီးနောက်ကျော်မှာ လျှပ်စီးတန်းတွေ ပေါ်လာပါလား။

ဒီခေါင်းတုံးကြီးက စက်ရုပ်များလား။

ဒါကလူပေါင်းများစွာ ရဲ့ ခေါင်းထဲ ရောက်ရှိလာတဲ့အတွေးပဲ ဖြစ်ပါတယ်။

ပြီးတော့ ထိန်းချုပ်လို့ မရတော့တဲ့ စက်ရုပ်တွေကပဲ ကားတွေကို ပြောင်းပြန်လှန်နိုင်တာလေ။ လက်ရှိ နည်းပညာတွေက တော်တော်ကြီး မြင့်မားလာတာကြောင့် စက်ရုပ်လို အရာမျိုး တောင် တီထွင်လို့ ရနေနိုင်ပြီလေ။

ပြီးတော့ ခေါင်းတုံးကြီးက သားရည်တွေ တမြားမြားနဲ့ပါ။ ခွေးရူးုပြန် စက်ရုပ်လည်း ဖြစ်နေနိုင်တယ်။

နေပါအုန်း။ လူတစ်ပိုင်း စက်ရုပ်တစ်ပိုင်း Cyborg လည်း ဖြစ်နေနိုင်တယ် မဟုတ်လား။

❄️❄️❄️

"အား..." ခေါင်းတုံးကြီးက နာကျင်မှုကြောင့် အော်ဟစ်လိုက်တယ်။ သူ့နောက်ကျော တစ်ခုလုံး မဲတူးသွားပါတယ်။ ထပ်ပြောရရင် သူက နောက်တစ်ကြိမ် မြေပေါ်မှောက်နေတာ ဖြစ်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now