အပိုင်း (၇၅၀)

188 31 0
                                    

#Unicode


အိမ်မက်ကမ္ဘာထဲကို ထပ်ရောက်ခြင်း။
ရူဟန်က ဒီအချိန်မှာ သဘောကျနေတယ်။ ကြာပန်းဖူးပွင့်ခြင်းလျှာ စွမ်းရည်က သူ့ရဲ့ ဆာလောင်မှုကို ပျောက်ကင်းစေရုံအပြင် တခြားအသုံးပြုစရာ ရှိနေပါပြီ။
အစစ်အမှန်နတ်ဘုရား ထာရမီး က မေးစေ့ကို ပွတ်ပြီး ပြောလိုက်တယ် "ကြာပန်းဖူးပွင့်ခြင်းလျှာ စွမး်ရည်မှာ ပုန်းကွယ်နေတဲ့ အစွမ်းသတ္တိတွေ ရှိနေတာပဲ။ ကောင်းပြီ .. သူငယ်ချင်းလေး ရူဟန်.. မင်းရဲ့ ကြာပန်းဖူးပွင့်ခြင်းလျှာ စွမး်ရည်က စဦးအဆင့်မှာပဲ ရှိနေတယ်။ မင်းက ဒါကို ရွှေကြာပန်းစေ့တွေနဲ့ အားကောင်းအောင် ပြုလုပ်နိုင်ပြီ ဆိုရင် တစ်ခါထဲ ဓားမော့ဆန္ဒ ကြာပန်းစေ့ တွေကို ထုတ်လုပ်နိုင်လိမ့်မယ်။
တစ်ခါမှာ ဓားမော့ဆန္ဒကြာပန်းစေ့ လေးစေ့ ထုတ်လုပ်နိုင်မယ်ဆိုရင် သူငယ်ချင်းလေး ရူဟန် မင်းရဲ့ ကျင့်ကြံမှု လမ်းမှာ စိတ်ဝိညာဉ်ကျောက်တုံးတွေ ရှားပါးတော့မှာ မဟုတ်ဘူး။ ဓားမော့ဆန္ဒ ကြာပန်းစေ့ကို ရောင်းချပြိး စုဆောင်းမယ် ဆိုရင် မင်းက အဆင့်ငါး ရောက်တဲ့ အထိ စိတ်ဝိညာဉ်ကျောက်တုံး ရှားပါးမှာ မဟုတ်တော့ဘူး။
ရူဟန် ရဲ့ မျက်လုံးတွေက အရောင်တွေ တောက်သွားတယ်။ နောက်ဆုံးမှာတော့ သူက ကြာပန်းတွေနဲ့ ရေစက်ရှိကြောင်း သတိပြုမိလိုက်တယ်။
"စမး်ကြည့်တာ ကောင်းမယ်။ မကြာခင်မှာ ငရဲပြည်က မိစ္ဆာတွေနဲ့ တိုက်ပွဲ ရှိသေးတယ်။ မင်းက မိစ္ဆာအလောင်းတွေကို စုဆောင်းနိုင်မယ်ဆိုရင် ရွှေကြာပန်းစေ့ နဲ့ လှဲလှယ်လို့ရတယ်လေ။" အားရှီလျှူ က ပြုံးပြီး ပြောလိုက်တယ်။
"သူငယ်ချင်းလေး ရူဟန် မင်းက အလဲအလှယ်လုပ်ချင်တယ် ဆိုရင် ငါ့ကိုဆက်သွယ်လိုက်။ ငါက စီနီယာအဖြူ စျေးုဖြတ်ပေးသလိုမျိုး မင်းရဲ့ ကြာပန်းစေ့ တစ်ခုကို မြက်ဓားလေးငါးခု ပေးမယ်။ ပြိးတော့ ငါတို့ စိတ်ဝိညာဉ် မြစ်ကမ်းပါး ကလန်မှာ မြက်ဓားတွေ တော်တော်များများ ရှိတယ်။" အားကွီက ပြုံးရင်း ပြောလိုက်တယ်။
"မဟုတ်ဘူး။ ငါနဲ့ အရင်လဲ။" ကြီးမြတ်တဲ့အဖြူက ပြောလိုက်တယ် "အရင်တုန်းက ဓားမော့ဆန္ဒ မြက်ဓားတွေကို ငါတော်တော်များများ စုဆောင်းဖူးတယ်။ ငါ့ရတနာအိမ်ကို သွားပြီး ပြန်လာတဲ့ အထိ ခဏစောင့်။ ငါလဲပေးမယ်။ ပြိးတော့ မင်းတို့ကတော့ ငါတစ်ကြိမ်စာလဲ ပြီးရင် ဆက်ပြီး လဲလို့ ရပြီ"
ဓားမော့ ဆန္ဒ မြက်ဓားက စားရဖို့ အရမ်းကို ခက်ခဲပါတယ်။ ဒါပေမဲ ့စီနီယာအဖြူက ကြာပန်းစေ့ နဲ့ ဆိုရင် ပျော်ပျော်ကြီးလဲစားမှာပါ။
မြောက်ပိုင်းမြစ်က ပြုံးပြီး ပြောလိုက်တယ် "သူငယ်ချင်းလေး ရူဟန် .. မင်းက ဒါကို အခွင့်ကောင်းယူပြိး နောက်ထပ် ကြာပန်းစေ့ တစ်ိခုကို ထပ်ပြီး သန့်စင်လိုက်ပါလား။"
ရူဟန်က ခဏလောက်စဉ်းစားပြီး ပြောလိုက်တယ် "ဒီနေ့တော့ တော်ပြီ"
သူ့ရဲ့ လည်ပင်းနဲ့ ဝမး်ဗိုက်တို့က နာကျင်မှုကို ခံစားနေရပါတယ်။ ဆေးဆရာဆီက ဆေးတောင်းပြီးတော့မှာ နောက်တစ်ခါ ထပ်စားဖို့ ကြိုးစားရပါမယ်။
❄️❄️❄️
အချိန်တွေ ကုန်ဆုံးသွားတယ်။
ညနက်နက်မှာပဲ ထာဝရမီးနဲ့ သူ့ရဲ့ ကျောင်းတော်သားတပည့်တွေက ဒဏ်ရာများစွာ ရရှိထားတဲ့ အသချေင်္စာအုပ်တောင်ကို ပြန်လည် ပြုပြင် ကုသနေကြတယ်။
ကိုးစီရင်စု က တာအိုရောင်းရင်းတွေက ဂျာကော့ဘ် ရိုက်ကူးရေးအဖွဲ့သားတွေကို နှိုးပြီး ကျန်တဲ့ဇာတ်ဝင်ခန်းကို ပြီးအောင် ဆက်ရိုက်လိုက်ကြတယ်။
သူတို့က ရူတင်ပြီးတဲ့နောက် ရိုက်ကူးရေးအဖွဲ့သားတွေကို လှေပျံကြီးပေါ် တင်ကာ တိမ်ဖြူမြို့နဲ့ ဝေးရာဆီကို ခေါ်သွားလိုက်ကြတယ်။
ငရဲပြည်က မိစ္ဆာတွေက အချိန်မရွေးရောက်လာနိုင်ပါတယ်။ တိမ်ဖြူမြို့မှာ နေရင် သာမာန်လူသားတွေ အတွက် အရမ်းကို အန္တရာယ်များမှာ ဖြစ်တယ်။ ဒါကြောင့်နောက်ထပ် ရိုက်မယ့် ဇာတ်ဝင်ခနး်နေရာဆီကို သွားလိုက်ကြတာ အကောင်းဆုံးပါပဲ။
ပြီးနောက် လိုင်ချီးရဲ့ စီစဉ်မှု အောက်မှာပဲ ဂျာကော့ဘ်ရိုက်ကူးရေးအဖွဲ့က ကင်မရာတွေကို ချန်ထားခဲ့ရပါတယ်။ အချိန်ရောက်လာရင် ကြီးမြတ်တဲ့အဖြူ က မိစ္တာတွေကို တိုက်ခိုက်မှာ ဖြစ်ပြီး သူမ က ကင်မရာ နဲ့ မှတ်တမ်းတင်ရမှာပါ။
အားလုံးပြီးသွားတဲ့နောက် ထာဝရမီး က မိစ္ဆာတွေနဲ့ ထိပ်တိုင်ရင်ဆိုင်ချိန်မှာ အားရှိသလောက် အသေချင်္စာအုပ်တောင်ကြီးကို ကာကွယ်သွားဖို့ စီစဉ်ထားပါတယ်။ ပြီးတော့ အသချေင်္စာအုပ်တောင်ကြီးထဲမှာ ဉာဏ်ပညာရေကန် က ရှိနေပါတယ်။ ဒါက သူတို့ တိမ်ဖြူကျောင်းကို အရင်လို အောင်မြင်မှုတွေ ပြန်ယူလာ ပေးနိုင်မဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ မဟုတ်လား။
❄️❄️❄️
ကောင်းကင်ကြီး တစ်ခုလုံးက မဲမှောင်နေပါတယ်။
ညစာစားပြီးတဲ့နောက် ရူဟန်က တိမ်ဖြူကျောင်းက စီရင်ပေးထားတဲ့ သူ့နေရာကို ရောက်ရှိလာခဲ့တယ်။
ငရဲပြည်က မိစ္ဆာတွေ လာတိုက်တာကို အခွင့်အရေးယူပြီး သူက သူ့ရဲ့ အားအင်ကို တိုးမြင့်ဖို့ စီစဉ်ထားပါယတ်။
ရူဟန်က ပထမဆုံးအနေနဲ့ စီနီယာ နှင်းဝံပုလွေဆီကနေ မိစ္ဆာနဂါးဆေး နဲ့ လဲလှယ်ခဲ့တဲ့ သန်မာတဲ့လေပြင်းဓားမော့ ကို လေ့ကျင့်ဖို့ ကြိုးစားလိုက်တယ်။
ရူဟန် ရဲ့ ပါရမီက ဓားမော့နဲ့ ပတ်သက်ရင် ထွန်းပြောင်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ နာရီအနည်းငယ်လောက် လေ့ကျင့်ပြီးချိန်မှာတော့ သူက သန်မာတဲ့ လေပြင်းဓားမော့နည်းစနစ် ကို လုံးဝ ဆုပ်ကိုင်မိသွားပါပြီ။
ဒီဓားမော့ နည်းစနစ် ရဲ့ ကြမ်းရမ်းတဲ့ပေါက်ကွဲအားကို ထုတ်ဖော်နိုင်ဖို့ သူ့အနေနဲ့ အချိန်အနည်းငယ်ပဲ လိုအပ်ပါတော့တယ်။
ဓားမော့နည်းစနစ်ကို လေ့ကျင့်ပြီးတဲ့နောက် ရူဟန်က သူ့အိတ်ထဲက စုတ်တံကိုထုတ်ယူလိုက်တယ်။
ဒါက ကောင်းကင်နဲ့ မြေကြီး ဝတ်ပြုခြင်း စုတ်တံပဲ ဖြစ်ပြီး တတိယအဆင့် ကျောင်းတော်သား ရတနာတစ်ခုပါ။ စာမေးပွဲဖြေပြီးနောက် ရတဲ့ ဆုလဒ်တစ်ခုလည်း ဖြစ်ပါတယ်။
ရူဟန်က စုတ်တံကို လက်ထဲမှာ ကိုင်ထားရင်း ဗုဒ္ဒရဲ့ မဖျက်ဆီးနိုင်တဲ့ ကျောင်းတော်သား ခန္ဓာကိုယ် ထဲက သမာဓိခန္ဓာကိုယ်ကြံခိုင်ခြင်း ကဗျာကို ပြန်စဉ်းစားလိုက်တယ်။
သမာဓိ ခန္ဒာကိုယ်ကြံခိုင်ခြင်း ခန္ဓာကိုယ်ကို စိတ်ထဲမှာ အပြန်အလှန် ရွတ်ဆိုပြီးတဲ့နောက် ရူဟန်က စုတ်တံကို ကိုင်ပြီး စာရွက်ဖြူပေါ်မှာ စာလုံးတွေကို ရေးချလိုက်တယ်။
လေးလိုက်တာ .. သူက စာလုံးတွေကို စတင်ရေးချ နေုတုန်းမှာပဲ သူ့ညာဘက်လက်မှာ ကိုင်ထားတဲ့ ကောင်းကင်နဲ့ မြေကြီး ဝတ်ပြုခြင်း စုတ်တံ က မယုံနိုင်လောက်အောင် လေးလံလာပါတယ်။ သူက စုတ်တံကို ကိုင်ထားတာ မျိုး မဟုတ်ပဲ့ လေးလံတဲ့ သံချောင်းကြီးကို ကိုင်ထားသလိုမျိုး ခံစားနေရတယ်။
ဒီလိုဖိအားတွေအောက်မှာ သူ့လက်နဲ့ သမာဓိ ခန္ဓာကိုယ် ကြံခိုင်ခြင်း ကဗျာကို ရေးသားဖို့ ဆိုတာ စိန်ခေါ်မှု တစ်ခုပါပဲ။
သူအရင်တုန်းက တွေးထားတာထက် စာရင် တကယ်တန်းလေ့ကျင့် ရေးဆွဲချိန်မှာတော့ လုံးဝကို ခက်ခဲတယ်ဆိုတာကို သိသွားခဲ့တယ်။
"ငါသာ သံမဏိလက်ကို လေ့ကျင့်မထားရင်.. ပြီးတော့ ကောင်းကင်နဲ့ မြေကြီး ဝတ်ပြုခြင်း စုတ်တံသာ မရှိဘူးဆိုရင် သူက စာလုံးတစ်လုံးတောင်မှ ရေးနိုင်မှာ မဟုတ်ပါဘူး။
သမာဓိခန္ဓာကိုယ်ကဗျာရဲ့ ပထမစာလုံးကို ရေးသားဖို့ သူ့အနေနဲ့ နှစ်မိနစ် ကြာမြင့်ခဲ့ပါတယ်။
ရူဟန်က ချွေးတတောက်တောက် ကျနေတယ်။ တစ်ချိန်ထဲမှာပဲ သူ့ကိုယ်ထဲမှာ တစ်ခါမှ မခံစားဖူးတဲ့ ထူးခြားတဲ့ စွမ်းအင်တွေက စီးဆင်းနေတယ်လို့ ခံစားမိနေပြီး သူ့ရဲ့ ခန္ဓာကိုယ်ကြံခိုင်မှုကို ပိုမို တိုးတက်နေစေတယ်။
ပြောရမယ်ဆိုရင် ဒီနည်းစနစ်က သူတော်စင်ကြီး ဖန်တီးပေးထားတဲံ အရာတစ်ခုလေ။ ဒီနည်းစနစ် ကို အသုံးပြုနေချိန်မှာ သမာဓိလို့ ခေါ်တဲ့ စွမ်းအင်တွေ ကို မြေဆွဲအာတစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး ရူဟန်ရဲ့ ခန္ဓာကိုယ်ပေါ်ကို ဖိနှိပ်ထားတယ်။
ရူဟန်က ပထမဆုံးစာလုံးတစ်လုံးပဲ ရေးရပါသေးတယ်။ သူ့ခန္ဓာကိုယ်ကိုတော့ ငါးကီလိုမီတာလောက် လေးလံတဲ့အရာတစ်ခုက ဖိထားတယ်လို့ ခံစားနေမိတယ်။ အလေးချိန် ဒီ့ထက် တိုးလာမယ်ဆိုရင် သူတောင်ခံနိုင်ပါ့မလား။
ရူဟန်က အသက်ပြင်းပြင်းရှုပြီး အံကို ကြိတ်ကာ ကဗျာရဲ့ ကျန်တဲ့စာလုံးတွေကို ဆက်ရေးလိုက်တယ်။
သူက စာလုံးတစ်လုံးစီကို ရေးသားချိန်မှာတော့ ကျင့်ကြံခြင်း လမ်းကြောင်းကို စတင်လျှောက်လှမ်းကာစ အခြေခံဗုဒ္ဓလက်သီးနည်းစနစ် ကျင့်ကြံချိန်ကို သွားသတိရလိုက်တယ်။ ဒီလိုခံစားချက်ကို စာလုံးတွေ ရေးသားရင်း သူက ရရှိနေပါတယ်။
တစ်ချိန်တည်းမှာပဲ သူ့ရဲ့ ကိုယ်ခန္ဓာကြံခိုင်မှုက အနည်းငယ် တိုးတက်လာပါတယ်။ ြ့ပီးတော့ သူ့ခန္ဓာကိုယ်ကို ဖိထားတဲ့ အားအင်ကလည်း ပိုမို တိုးလာတယ်။
❄️❄️❄️
အချိန်တွေကုန်လွန်သွားပြီး
သြဂုတ်လ ၁၃ရက်၊ အင်္ဂါနေ့ ။
ညနက်နက်။
ရူဟန်က စုတ်တံကို လက်နှစ်ဖက် နဲ့ ကိုင်ထားပါတယ်။ သူက လက်ရှိသူ့ရဲ့ ပုံစံ ဘယ်လိုဖြစ်နေတယ် ဆိုတာကို ဂရုစိုက်ဖို့ အချိ်န်မရှိပါဘူး။ ဒီအချိန်မှာတော့ သူ့ရဲ့ မျက်နှာက စားပွဲခုံပေါ်မှာ မှောက်ရက် ရှိနေပြီး စားပွဲခံက တော်တော်ကြီးတောင့်တင်းလို့ပါ။ ဒါကြောင့် သူ့ခန္ဓာကိုယ် အလေးချိန်ကြီးကို တင်ထားရတာတောင်မှ မကျိုးကျ သေးတာ ဖြစ်ပါတယ်။
ရူဟန်က အံကို ကြိတ်ပြီး ပြောလိုက်တယ် "နောက်ဆုံးစာလုံးပဲ"
ဒီအချိန်မှာတော့ သူ့တကိုယ်လုံးက ချွေးတွေ ရွှဲနေပါတယ်။ ရေချိးခန်းထဲက ထွက်လာတဲ့အတို်င်းပါပဲ။ အစောပိုင်းတုန်းက မိစ္ဆာနဂါးဆေးကြောင့် ဖြစ်နေတဲ့ ဗလကြီးကလည်း ပုံမှန်အဖြစ်ကို ပြန်ရောက်သွားပါပြီ။
သူ့ခန္ဓာကိုယ်ကို သန်မာမောင်ပြုလုပ်နေစဉ်မှာပဲ ဗုဒ္ဒရဲ့ မဖျက်ဆီးနိုင်တဲ့ ကျောင်းတော်သား ခန္ဓာကိုယ် က လည်း မိစ္ဆာနဂါးဆေးရဲ့ အစွမ်းတွေကို စုပ်ယူပေးပါတယ်။
ရူဟန်က စုတ်တံကို လက်နှစ်ဖက်နဲ့ ကိုင်ပြီး နောက်ဆုံးမှာတော့ ကဗျာရဲ့ နောက်ဆုံးစာလုံးကို ရေးနိုင်ခဲ့ပါပြီ။ ပြီးနောက် တကိုယ်လုံးက အားတွေ ပြတ်တောက်ပြီး စားပွဲပေါ်လဲကျသွားတယ်.။
"ခရက်"
နောက်ဆုံးမှာတော့ တောင့်တင်းတဲ့ စားပွဲခုံက လဲကျသွားပါတော့တယ်။
ရူဟန် က လှုပ်ရှားဖို့ အားတစ်စက်တောင် မကျန်တော့တာကြောင့် မရွေ့လျားနိုင်တော့ဘဲ စားပွဲကြီး မျက်နှာအက်ရက်သားနဲ့ အိပ်ပျော်သွားပါတော့တယ်။
သူရေးသားထားတဲ့စာလုံးတွေက တောက်ပလာပြိး အသက်တရှိုက်စာ အကြာမှာတော့ ပျောက်ကွယ်သွားခဲ့တယ်။
တစ်ချိ်န်ထဲမှာပဲ သမာဓိစွမး်အင်တွေက ရူဟန်ခန္ဓာကို်ယ်ထဲမှာ အထက်အောက် ရွေ့လျားနေတယ်။ ပြီးနောက် သူ့ခန္ဓာကိုယ်မှာ ဝန်းရံနေတဲ့ ကြယ်အလင်းကနေ လအလင်းအဖြစ်သို့ ပြောင်းလဲသွားတယ်။
တတိယအဆင့် ကျင့်ကြံသူ တစ်ယောက် ကို အပိုင်းလိုက် ခွဲခြားမယ်ဆိုရင် လေးပိုင်းရှိပါတယ်။ တောက်ပကြယ်၊ တိမ်ဖုံးလ၊ ရဲရဲတောက်နေ ၊ ရုပ်မဲ့ဒြပ်မဲ့ ဘုရင် ဆိုတဲ့ မရီဒန် လေးခု နဲ့ ခွဲခြားထားပါတယ်။
ဒီအချိန်မှာ ရူဟန် က တတိယအဆင့် စဦး အဆင့်တစ်ယောက် ဖြစ်ပြီး မရီဒန်တွေ ဖွင့်ဖို့ ပြင်စပါ။
ဒါပေမဲ့ လက်ရှိမှာတော့ ရူဟန်က သူ့ရဲ့ ကိုယ်ခန္ဓာကြံခိုင်မှု တစ်ခုတင် ဒုတိယအဆင့် တိမ်ဖုံးလ မရီဒန် အဆင့်ကို ရောက်ရှိသွားပါပြီ။
ဒီတိုင်းသာ ဆက်ပြီး တိုးတက်သွားမယ်ဆိုရင် သူက စီနီယာ ဓမ္မဘုရင်လို ဖြစ်သွားမှာပါ။ စီနီယာ ဓမ္မဘုရင်က အဆင့်ငါးကျင့်ကြံသူ တစ်ယောက် ဖြစ်ပေမဲ့ သူ့ရဲ့ ခန္ဓာကိုယ် ကြံခိုင်မှုက အဆင့်ခြောက် ကျင့်ကြံသူ တစ်ယောက် နဲ့ နှိုင်းယှဉ်လို့ ရပါတယ်။
ဒီလိုသာဆို ရူဟန်ကလည်း တတိယအဆင့်မှာ ရှိနေတုန်းမှာပဲ စတုတ္ထအဆင့် ခန္ဓာကိုယ်ကို ရရှိနေမှာ ဖြစ်ပါတယ်။
❄️❄️❄️
ရူဟန် ရဲ့ အရွယ်အစားလျော့ချခြင်း အိတ်ထဲမှာတော့ကြက်သွန်မြိတ်လေးက ကြက်သွန်မြိတ်ပုံကြီး ပေါ်မှာ ထိုင်ပြီး မျက်ရည်အရွှဲသားနဲ့ ဖြစ်နေပါတယ်။
လက်ရှိအချိန်မှာ ရူဟန်က သတိမေ့နေပါတယ်။
ကိုးစီရင်စု က တာအိုရောင်းရငး်တွေကလည်း ဒီနားမှာ မရှိပါဘူး။ အားရှီလျှူ လို့ ခေါ်တဲ့မိန်းကလေး တောင်မှာ ဒီနေ့ ရူဟန် နားမှာ ရှိမနေပါဘူး။ ယုကျောင်းကျောင်း နဲ့ ကြီးမြတ်တဲ့အဖြူ တို့ကလည်း ဘယ်ရောက်နေလဲ မသိပါဘူး။
သူမ က ထွက်ပြေးချင်တယ် ဆိုရင် ဒီထက်ကောင်တဲ့ အခွင့်အရေး မရနိုင်တော့လောက်အောင် ကောင်းမွန်တဲ့အခြေအနေကို ရရှိနေပါတယ်။
ဒါပေမဲ့ ထိန်းမနိုင် သိမ်းမရ နည်းစနစ်ကို ထုတ်သုံးလိုက်တာကြောင့် သူမ ရဲ့ ကြက်သွန်မြိတ်လေးတွေကိ အခူးခံလိုက်ရပြီး လှုပ်ရှားဖို့ တောင် အားမရှိတော့ပါဘူး။
ကြက်သွန်မြိတ်လေးက သက်ပြင်းချပြီး မျက်ရည်သုတ်လိုက်တယ်။
အမှန်ကို ပြောရမယ်ဆိုရင် သူမက ထွက်ပြေးဖို့ကိုလည်း ခုနောက်ပိုင်းမှာ သိပ်စိတ်မဝင်စားတော့ ပါဘူး။
❄️❄️❄️
အိပ်မောကျသွားပြီးတဲ့နောက် ရူဟန်က ထူးဆန်းတဲ့ အခြေအနေတစ်ခုကို တွေးမိလိုက်တယ်။
ချီးတဲ့မှ .. ရှေးမဟူရာဂိုဏ်းက ကျိန်စာကို ငါမေ့နေတာပဲ။ အိမ်မက်ထဲ နောက်တစ်ခါ ထပ်ရောက်အုန်းမှာလား။ ရူဟန် တွေးလိုက်တယ်။
ဒီတစ်ခါလည်း စီနီယာအဖြူနှစ်ကို တောင်းပန်ပြီး အကူအညီတောင်းရအုန်းမှာလာ။
ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူက ကျိန်စာ အိမ်မက်ထဲကို ရောက်ရှိနေတာမဟုတ်မှန်း သတိပြုမိလိုက်တယ်။
ဒီအချိန်မှာတော့ သူမြင်မြင်သမျှ အရာအားလုံး ၃၆၀ ဒီဂရီလိုမျိုး ဖြစ်နေပါတယ်။
သူ့နားက အရာအားလုံးက မိစ္ဆာဓာတ်တွေ ပြည့်နှက်နေတယ်။
ကြည့်ရတာ ဒါငရဲပြည်ပဲ။
အိမ်မက်ထဲမှာ ငရဲပြည် ရောက်ပြန်ပြီလား။ ဒီတစ်ခါ ဘယ်သူ့နေရာကနေ ကြည့်ရမှာလဲ။
တစ်စုံတစ်ယောက် ရဲ့ ဘဝကို အိမ်မက်မက်အုန်းမှာလား။
ရူဟန်က ရုတ်တရက ်ဆိုသလိုပဲ သူ့ရဲ့ သန္ဓေစွမ်းအင်ကို တွေးလိုက်မိတယ်။

#Zawgyi
အပိုင္း (၇၅၀) အိမ္မက္ကမၻာထဲကို ထပ္ေရာက္ျခင္း။
ရူဟန္က ဒီအခ်ိန္မွာ သေဘာက်ေနတယ္။ ၾကာပန္းဖူးပြင့္ျခင္းလွ်ာ စြမ္းရည္က သူ႔ရဲ့ ဆာေလာင္မွဳကို ေပ်ာက္ကင္းေစရံုအျပင္ တျခားအသံုးျပဳစရာ ရွိေနပါၿပီ။
အစစ္အမွန္နတ္ဘုရား ထာရမီး က ေမးေစ့ကို ပြတ္ၿပီး ေျပာလိုက္တယ္ "ၾကာပန္းဖူးပြင့္ျခင္းလွ်ာ စြမး္ရည္မွာ ပုန္းကြယ္ေနတဲ့ အစြမ္းသတိၱေတြ ရွိေနတာပဲ။ ေကာင္းၿပီ .. သူငယ္ခ်င္းေလး ရူဟန္.. မင္းရဲ့ ၾကာပန္းဖူးပြင့္ျခင္းလွ်ာ စြမး္ရည္က စဦးအဆင့္မွာပဲ ရွိေနတယ္။ မင္းက ဒါကို ေရႊၾကာပန္းေစ့ေတြနဲ႔ အားေကာင္းေအာင္ ျပဳလုပ္ႏိုင္ၿပီ ဆိုရင္ တစ္ခါထဲ ဓားေမာ့ဆႏၵ ၾကာပန္းေစ့ ေတြကို ထုတ္လုပ္ႏိုင္လိမ့္မယ္။
တစ္ခါမွာ ဓားေမာ့ဆႏၵၾကာပန္းေစ့ ေလးေစ့ ထုတ္လုပ္ႏုိင္မယ္ဆိုရင္ သူငယ္ခ်င္းေလး ရူဟန္ မင္းရဲ့ က်င့္ႀကံမွဳ လမ္းမွာ စိတ္ဝိညာဥ္ေက်ာက္တံုးေတြ ရွားပါးေတာ့မွာ မဟုတ္ဘူး။ ဓားေမာ့ဆႏၵ ၾကာပန္းေစ့ကို ေရာင္းခ်ၿပိး စုေဆာင္းမယ္ ဆိုရင္ မင္းက အဆင့္ငါး ေရာက္တဲ့ အထိ စိတ္ဝိညာဥ္ေက်ာက္တံုး ရွားပါးမွာ မဟုတ္ေတာ့ဘူး။
ရူဟန္ ရဲ့ မ်က္လံုးေတြက အေရာင္ေတြ ေတာက္သြားတယ္။ ေနာက္ဆံုးမွာေတာ့ သူက ၾကာပန္းေတြနဲ႔ ေရစက္ရွိေၾကာင္း သတိျပဳမိလိုက္တယ္။
"စမး္ၾကည့္တာ ေကာင္းမယ္။ မၾကာခင္မွာ ငရဲျပည္က မိစၦာေတြနဲ႔ တိုက္ပြဲ ရွိေသးတယ္။ မင္းက မိစၦာအေလာင္းေတြကို စုေဆာင္းႏိုင္မယ္ဆိုရင္ ေရႊၾကာပန္းေစ့ နဲ႔ လွဲလွယ္လို႔ရတယ္ေလ။" အားရွီလွ်ဴ က ၿပံဳးၿပီး ေျပာလိုက္တယ္။
"သူငယ္ခ်င္းေလး ရူဟန္ မင္းက အလဲအလွယ္လုပ္ခ်င္တယ္ ဆိုရင္ ငါ့ကိုဆက္သြယ္လိုက္။ ငါက စီနီယာအျဖဴ ေစ်းုျဖတ္ေပးသလိုမ်ိဳး မင္းရဲ့ ၾကာပန္းေစ့ တစ္ခုကို ျမက္ဓားေလးငါးခု ေပးမယ္။ ၿပိးေတာ့ ငါတို႔ စိတ္ဝိညာဥ္ ျမစ္ကမ္းပါး ကလန္မွာ ျမက္ဓားေတြ ေတာ္ေတာ္မ်ားမ်ား ရွိတယ္။" အားကြီက ၿပံဳးရင္း ေျပာလိုက္တယ္။
"မဟုတ္ဘူး။ ငါနဲ႔ အရင္လဲ။" ႀကီးျမတ္တဲ့အျဖဴက ေျပာလိုက္တယ္ "အရင္တုန္းက ဓားေမာ့ဆႏၵ ျမက္ဓားေတြကို ငါေတာ္ေတာ္မ်ားမ်ား စုေဆာင္းဖူးတယ္။ ငါ့ရတနာအိမ္ကို သြားၿပီး ျပန္လာတဲ့ အထိ ခဏေစာင့္။ ငါလဲေပးမယ္။ ၿပိးေတာ့ မင္းတို႔ကေတာ့ ငါတစ္ႀကိမ္စာလဲ ၿပီးရင္ ဆက္ၿပီး လဲလို႔ ရၿပီ"
ဓားေမာ့ ဆႏၵ ျမက္ဓားက စားရဖို႔ အရမ္းကို ခက္ခဲပါတယ္။ ဒါေပမဲ ့စီနီယာအျဖဴက ၾကာပန္းေစ့ နဲ႔ ဆိုရင္ ေပ်ာ္ေပ်ာ္ႀကီးလဲစားမွာပါ။
ေျမာက္ပိုင္းျမစ္က ၿပံဳးၿပီး ေျပာလိုက္တယ္ "သူငယ္ခ်င္းေလး ရူဟန္ .. မင္းက ဒါကို အခြင့္ေကာင္းယူၿပိး ေနာက္ထပ္ ၾကာပန္းေစ့ တစ္ိခုကို ထပ္ၿပီး သန္႔စင္လိုက္ပါလား။"
ရူဟန္က ခဏေလာက္စဥ္းစားၿပီး ေျပာလိုက္တယ္ "ဒီေန႔ေတာ့ ေတာ္ၿပီ"
သူ႔ရဲ့ လည္ပင္းနဲ႔ ဝမး္ဗိုက္တို႔က နာက်င္မွဳကို ခံစားေနရပါတယ္။ ေဆးဆရာဆီက ေဆးေတာင္းၿပီးေတာ့မွာ ေနာက္တစ္ခါ ထပ္စားဖို႔ ႀကိဳးစားရပါမယ္။
❄️❄️❄️
အခ်ိန္ေတြ ကုန္ဆံုးသြားတယ္။
ညနက္နက္မွာပဲ ထာဝရမီးနဲ႔ သူ႔ရဲ့ ေက်ာင္းေတာ္သားတပည့္ေတြက ဒဏ္ရာမ်ားစြာ ရရွိထားတဲ့ အသေခ်ၤစာအုပ္ေတာင္ကို ျပန္လည္ ျပုျပင္ ကုသေနၾကတယ္။
ကိုးစီရင္စု က တာအိုေရာင္းရင္းေတြက ဂ်ာေကာ့ဘ္ ရိုက္ကူးေရးအဖြဲ႔သားေတြကို ႏွိဳးၿပီး က်န္တဲ့ဇာတ္ဝင္ခန္းကို ၿပီးေအာင္ ဆက္ရိုက္လိုက္ၾကတယ္။
သူတို႔က ရူတင္ၿပီးတဲ့ေနာက္ ရိုက္ကူးေရးအဖြဲ႔သားေတြကို ေလွပ်ံႀကီးေပၚ တင္ကာ တိမ္ျဖဴၿမိဳ႕နဲ႔ ေဝးရာဆီကို ေခၚသြားလိုက္ၾကတယ္။
ငရဲျပည္က မိစၦာေတြက အခ်ိန္မေရြးေရာက္လာႏိုင္ပါတယ္။ တိမ္ျဖဴၿမိဳ႕မွာ ေနရင္ သာမာန္လူသားေတြ အတြက္ အရမ္းကို အႏၱရာယ္မ်ားမွာ ျဖစ္တယ္။ ဒါေၾကာင့္ေနာက္ထပ္ ရိုက္မယ့္ ဇာတ္ဝင္ခနး္ေနရာဆီကို သြားလိုက္ၾကတာ အေကာင္းဆံုးပါပဲ။
ၿပီးေနာက္ လိုင္ခ်ီးရဲ့ စီစဥ္မွဳ ေအာက္မွာပဲ ဂ်ာေကာ့ဘ္ရိုက္ကူးေရးအဖြဲ႔က ကင္မရာေတြကို ခ်န္ထားခဲ့ရပါတယ္။ အခ်ိန္ေရာက္လာရင္ ႀကီးျမတ္တဲ့အျဖဴ က မိစၱာေတြကို တိုက္ခိုက္မွာ ျဖစ္ၿပီး သူမ က ကင္မရာ နဲ႔ မွတ္တမ္းတင္ရမွာပါ။
အားလံုးၿပီးသြားတဲ့ေနာက္ ထာဝရမီး က မိစၦာေတြနဲ႔ ထိပ္တိုင္ရင္ဆိုင္ခ်ိန္မွာ အားရွိသေလာက္ အေသခ်ၤစာအုပ္ေတာင္ႀကီးကို ကာကြယ္သြားဖို႔ စီစဥ္ထားပါတယ္။ ၿပီးေတာ့ အသေခ်ၤစာအုပ္ေတာင္ႀကီးထဲမွာ ဥာဏ္ပညာေရကန္ က ရွိေနပါတယ္။ ဒါက သူတို႔ တိမ္ျဖဴေက်ာင္းကို အရင္လို ေအာင္ျမင္မွဳေတြ ျပန္ယူလာ ေပးႏိုင္မဲ့ တစ္ခုတည္းေသာ ေမွ်ာ္လင့္ခ်က္ပဲ မဟုတ္လား။
❄️❄️❄️
ေကာင္းကင္ႀကီး တစ္ခုလံုးက မဲေမွာင္ေနပါတယ္။
ညစာစားၿပီးတဲ့ေနာက္ ရူဟန္က တိမ္ျဖဴေက်ာင္းက စီရင္ေပးထားတဲ့ သူ႔ေနရာကို ေရာက္ရွိလာခဲ့တယ္။
ငရဲျပည္က မိစၦာေတြ လာတိုက္တာကို အခြင့္အေရးယူၿပီး သူက သူ႔ရဲ့ အားအင္ကို တိုးျမင့္ဖို႔ စီစဥ္ထားပါယတ္။
ရူဟန္က ပထမဆံုးအေနနဲ႔ စီနီယာ ႏွင္းဝံပုေလြဆီကေန မိစၦာနဂါးေဆး နဲ႔ လဲလွယ္ခဲ့တဲ့ သန္မာတဲ့ေလျပင္းဓားေမာ့ ကို ေလ့က်င့္ဖုိ႔ ႀကိဳးစားလိုက္တယ္။
ရူဟန္ ရဲ့ ပါရမီက ဓားေမာ့နဲ႔ ပတ္သက္ရင္ ထြန္းေျပာင္တယ္လို႔ ေျပာရမွာ ျဖစ္ပါတယ္။ နာရီအနည္းငယ္ေလာက္ ေလ့က်င့္ၿပီးခ်ိန္မွာေတာ့ သူက သန္မာတဲ့ ေလျပင္းဓားေမာ့နည္းစနစ္ ကို လံုးဝ ဆုပ္ကိုင္မိသြားပါၿပီ။
ဒီဓားေမာ့ နည္းစနစ္ ရဲ့ ၾကမ္းရမ္းတဲ့ေပါက္ကြဲအားကို ထုတ္ေဖာ္ႏိုင္ဖုိ႔ သူ႔အေနနဲ႔ အခ်ိန္အနည္းငယ္ပဲ လိုအပ္ပါေတာ့တယ္။
ဓားေမာ့နည္းစနစ္ကို ေလ့က်င့္ၿပီးတဲ့ေနာက္ ရူဟန္က သူ႔အိတ္ထဲက စုတ္တံကိုထုတ္ယူလိုက္တယ္။
ဒါက ေကာင္းကင္နဲ႔ ေျမႀကီး ဝတ္ျပဳျခင္း စုတ္တံပဲ ျဖစ္ၿပီး တတိယအဆင့္ ေက်ာင္းေတာ္သား ရတနာတစ္ခုပါ။ စာေမးပြဲေျဖၿပီးေနာက္ ရတဲ့ ဆုလဒ္တစ္ခုလည္း ျဖစ္ပါတယ္။
ရူဟန္က စုတ္တံကို လက္ထဲမွာ ကိုင္ထားရင္း ဗုဒၵရဲ့ မဖ်က္ဆီးႏိုင္တဲ့ ေက်ာင္းေတာ္သား ခႏၶာကိုယ္ ထဲက သမာဓိခႏၶာကိုယ္ႀကံခိုင္ျခင္း ကဗ်ာကို ျပန္စဥ္းစားလိုက္တယ္။
သမာဓိ ခႏၵာကိုယ္ႀကံခိုင္ျခင္း ခႏၶာကိုယ္ကို စိတ္ထဲမွာ အျပန္အလွန္ ရြတ္ဆိုၿပီးတဲ့ေနာက္ ရူဟန္က စုတ္တံကို ကိုင္ၿပီး စာရြက္ျဖဴေပၚမွာ စာလံုးေတြကို ေရးခ်လိုက္တယ္။
ေလးလိုက္တာ .. သူက စာလံုးေတြကို စတင္ေရးခ် ေနုတုန္းမွာပဲ သူ႔ညာဘက္လက္မွာ ကိုင္ထားတဲ့ ေကာင္းကင္နဲ႔ ေျမႀကီး ဝတ္ျပဳျခင္း စုတ္တံ က မယံုႏုိင္ေလာက္ေအာင္ ေလးလံလာပါတယ္။ သူက စုတ္တံကို ကိုင္ထားတာ မ်ိဳး မဟုတ္ပဲ့ ေလးလံတဲ့ သံေခ်ာင္းႀကီးကို ကိုင္ထားသလိုမ်ိဳး ခံစားေနရတယ္။
ဒီလိုဖိအားေတြေအာက္မွာ သူ႔လက္နဲ႔ သမာဓိ ခႏၶာကိုယ္ ႀကံခိုင္ျခင္း ကဗ်ာကို ေရးသားဖို႔ ဆိုတာ စိန္ေခၚမွဳ တစ္ခုပါပဲ။
သူအရင္တုန္းက ေတြးထားတာထက္ စာရင္ တကယ္တန္းေလ့က်င့္ ေရးဆြဲခ်ိန္မွာေတာ့ လံုးဝကို ခက္ခဲတယ္ဆိုတာကို သိသြားခဲ့တယ္။
"ငါသာ သံမဏိလက္ကို ေလ့က်င့္မထားရင္.. ၿပီးေတာ့ ေကာင္းကင္နဲ႔ ေျမႀကီး ဝတ္ျပဳျခင္း စုတ္တံသာ မရွိဘူးဆိုရင္ သူက စာလံုးတစ္လံုးေတာင္မွ ေရးႏိုင္မွာ မဟုတ္ပါဘူး။
သမာဓိခႏၶာကိုယ္ကဗ်ာရဲ့ ပထမစာလံုးကို ေရးသားဖို႔ သူ႔အေနန႔ဲ ႏွစ္မိနစ္ ၾကာျမင့္ခဲ့ပါတယ္။
ရူဟန္က ေခၽြးတေတာက္ေတာက္ က်ေနတယ္။ တစ္ခ်ိန္ထဲမွာပဲ သူ႔ကိုယ္ထဲမွာ တစ္ခါမွ မခံစားဖူးတဲ့ ထူးျခားတဲ့ စြမ္းအင္ေတြက စီးဆင္းေနတယ္လို႔ ခံစားမိေနၿပီး သူ႔ရဲ့ ခႏၶာကိုယ္ႀကံခိုင္မွဳကို ပိုမို တိုးတက္ေနေစတယ္။
ေျပာရမယ္ဆိုရင္ ဒီနည္းစနစ္က သူေတာ္စင္ႀကီး ဖန္တီးေပးထားတဲံ အရာတစ္ခုေလ။ ဒီနည္းစနစ္ ကို အသံုးျပဳေနခ်ိန္မွာ သမာဓိလို႔ ေခၚတဲ့ စြမ္းအင္ေတြ ကို ေျမဆြဲအာတစ္ခု အျဖစ္သို႔ ေျပာင္းလဲသြားၿပီး ရူဟန္ရဲ့ ခႏၶာကိုယ္ေပၚကို ဖိႏွိပ္ထားတယ္။
ရူဟန္က ပထမဆံုးစာလံုးတစ္လံုးပဲ ေရးရပါေသးတယ္။ သူ႔ခႏၶာကိုယ္ကိုေတာ့ ငါးကီလိုမီတာေလာက္ ေလးလံတဲ့အရာတစ္ခုက ဖိထားတယ္လို႔ ခံစားေနမိတယ္။ အေလးခ်ိန္ ဒီ့ထက္ တိုးလာမယ္ဆိုရင္ သူေတာင္ခံႏုိင္ပါ့မလား။
ရူဟန္က အသက္ျပင္းျပင္းရႈၿပီး အံကို ႀကိတ္ကာ ကဗ်ာရ့ဲ က်န္တဲ့စာလံုးေတြကို ဆက္ေရးလိုက္တယ္။
သူက စာလံုးတစ္လံုးစီကို ေရးသားခ်ိန္မွာေတာ့ က်င့္ႀကံျခင္း လမ္းေၾကာင္းကို စတင္ေလွ်ာက္လွမ္းကာစ အေျခခံဗုဒၶလက္သီးနည္းစနစ္ က်င့္ႀကံခ်ိန္ကို သြားသတိရလိုက္တယ္။ ဒီလိုခံစားခ်က္ကို စာလံုးေတြ ေရးသားရင္း သူက ရရွိေနပါတယ္။
တစ္ခ်ိန္တည္းမွာပဲ သူ႔ရဲ့ ကိုယ္ခႏၶာႀကံခိုင္မွဳက အနည္းငယ္ တုိးတက္လာပါတယ္။ ၿ႔ပီးေတာ့ သူ႔ခႏၶာကိုယ္ကို ဖိထားတဲ့ အားအင္ကလည္း ပိုမို တိုးလာတယ္။
❄️❄️❄️
အခ်ိန္ေတြကုန္လြန္သြားၿပီး
ၾသဂုတ္လ ၁၃ရက္၊ အဂၤါေန႔ ။
ညနက္နက္။
ရူဟန္က စုတ္တံကို လက္ႏွစ္ဖက္ နဲ႔ ကိုင္ထားပါတယ္။ သူက လက္ရွိသူ႔ရဲ့ ပံုစံ ဘယ္လိုျဖစ္ေနတယ္ ဆိုတာကို ဂရုစိုက္ဖို႔ အခ်ိ္န္မရွိပါဘူး။ ဒီအခ်ိန္မွာေတာ့ သူ႔ရဲ့ မ်က္ႏွာက စားပြဲခံုေပၚမွာ ေမွာက္ရက္ ရွိေနၿပီး စားပြဲခံက ေတာ္ေတာ္ႀကီးေတာင့္တင္းလို႔ပါ။ ဒါေၾကာင့္ သူ႔ခႏၶာကိုယ္ အေလးခ်ိန္ႀကီးကို တင္ထားရတာေတာင္မွ မက်ိဳးက် ေသးတာ ျဖစ္ပါတယ္။
ရူဟန္က အံကို ႀကိတ္ၿပီး ေျပာလိုက္တယ္ "ေနာက္ဆံုးစာလံုးပဲ"
ဒီအခ်ိန္မွာေတာ့ သူ႔တကိုယ္လံုးက ေခၽြးေတြ ရႊဲေနပါတယ္။ ေရခ်ိးခန္းထဲက ထြက္လာတဲ့အတို္င္းပါပဲ။ အေစာပိုင္းတုန္းက မိစၦာနဂါးေဆးေၾကာင့္ ျဖစ္ေနတဲ့ ဗလႀကီးကလည္း ပံုမွန္အျဖစ္ကို ျပန္ေရာက္သြားပါၿပီ။
သူ႔ခႏၶာကိုယ္ကို သန္မာေမာင္ျပဳလုပ္ေနစဥ္မွာပဲ ဗုဒၵရဲ့ မဖ်က္ဆီးႏိုင္တဲ့ ေက်ာင္းေတာ္သား ခႏၶာကိုယ္ က လည္း မိစၦာနဂါးေဆးရဲ့ အစြမ္းေတြကို စုပ္ယူေပးပါတယ္။
ရူဟန္က စုတ္တံကို လက္ႏွစ္ဖက္နဲ႔ ကိုင္ၿပီး ေနာက္ဆံုးမွာေတာ့ ကဗ်ာရဲ့ ေနာက္ဆံုးစာလံုးကို ေရးနိုင္ခဲ့ပါၿပီ။ ၿပီးေနာက္ တကိုယ္လံုးက အားေတြ ျပတ္ေတာက္ၿပီး စားပြဲေပၚလဲက်သြားတယ္.။
"ခရက္"
ေနာက္ဆံုးမွာေတာ့ ေတာင့္တင္းတဲ့ စားပြဲခံုက လဲက်သြားပါေတာ့တယ္။
ရူဟန္ က လွဳပ္ရွားဖို႔ အားတစ္စက္ေတာင္ မက်န္ေတာ့တာေၾကာင့္ မေရြ႔လ်ားႏိုင္ေတာ့ဘဲ စားပြဲႀကီး မ်က္ႏွာအက္ရက္သားနဲ႔ အိပ္ေပ်ာ္သြားပါေတာ့တယ္။
သူေရးသားထားတဲ့စာလံုးေတြက ေတာက္ပလာၿပိး အသက္တရွိဳက္စာ အၾကာမွာေတာ့ ေပ်ာက္ကြယ္သြားခဲ့တယ္။
တစ္ခ်ိ္န္ထဲမွာပဲ သမာဓိစြမး္အင္ေတြက ရူဟန္ခႏၶာကို္ယ္ထဲမွာ အထက္ေအာက္ ေရြ႔လ်ားေနတယ္။ ၿပီးေနာက္ သူ႔ခႏၶာကိုယ္မွာ ဝန္းရံေနတဲ့ ၾကယ္အလင္းကေန လအလင္းအျဖစ္သို႔ ေျပာင္းလဲသြားတယ္။
တတိယအဆင့္ က်င့္ႀကံသူ တစ္ေယာက္ ကို အပိုင္းလိုက္ ခြဲျခားမယ္ဆိုရင္ ေလးပိုင္းရွိပါတယ္။ ေတာက္ပၾကယ္၊ တိမ္ဖံုးလ၊ ရဲရဲေတာက္ေန ၊ ရုပ္မဲ့ျဒပ္မဲ့ ဘုရင္ ဆိုတဲ့ မရီဒန္ ေလးခု န႔ဲ ခြဲျခားထားပါတယ္။
ဒီအခ်ိန္မွာ ရူဟန္ က တတိယအဆင့္ စဦး အဆင့္တစ္ေယာက္ ျဖစ္ၿပီး မရီဒန္ေတြ ဖြင့္ဖို႔ ျပင္စပါ။
ဒါေပမဲ့ လက္ရွိမွာေတာ့ ရူဟန္က သူ႔ရဲ့ ကိုယ္ခႏၶာႀကံခိုင္မွဳ တစ္ခုတင္ ဒုတိယအဆင့္ တိမ္ဖံုးလ မရီဒန္ အဆင့္ကို ေရာက္ရွိသြားပါၿပီ။
ဒီတိုင္းသာ ဆက္ၿပီး တိုးတက္သြားမယ္ဆိုရင္ သူက စီနီယာ ဓမၼဘုရင္လို ျဖစ္သြားမွာပါ။ စီနီယာ ဓမၼဘုရင္က အဆင့္ငါးက်င့္ႀကံသူ တစ္ေယာက္ ျဖစ္ေပမဲ့ သူ႔ရဲ့ ခႏၶာကိုယ္ ႀကံခိုင္မွဳက အဆင့္ေျခာက္ က်င့္ႀကံသူ တစ္ေယာက္ နဲ႔ ႏွိဳင္းယွဥ္လို႔ ရပါတယ္။
ဒီလိုသာဆို ရူဟန္ကလည္း တတိယအဆင့္မွာ ရွိေနတုန္းမွာပဲ စတုတၳအဆင့္ ခႏၶာကိုယ္ကို ရရွိေနမွာ ျဖစ္ပါတယ္။
❄️❄️❄️
ရူဟန္ ရဲ့ အရြယ္အစားေလ်ာ့ခ်ျခင္း အိတ္ထဲမွာေတာ့ၾကက္သြန္ၿမိတ္ေလးက ၾကက္သြန္ၿမိတ္ပံုႀကီး ေပၚမွာ ထိုင္ၿပီး မ်က္ရည္အရႊဲသားနဲ႔ ျဖစ္ေနပါတယ္။
လက္ရွိအခ်ိန္မွာ ရူဟန္က သတိေမ့ေနပါတယ္။
ကိုးစီရင္စု က တာအိုေရာင္းရငး္ေတြကလည္း ဒီနားမွာ မရွိပါဘူး။ အားရွီလွ်ူ လို႔ ေခၚတဲ့မိန္းကေလး ေတာင္မွာ ဒီေန႔ ရူဟန္ နားမွာ ရွိမေနပါဘူး။ ယုေက်ာင္းေက်ာင္း နဲ႔ ႀကီးျမတ္တဲ့အျဖဴ တို႔ကလည္း ဘယ္ေရာက္ေနလဲ မသိပါဘူး။
သူမ က ထြက္ေျပးခ်င္တယ္ ဆိုရင္ ဒီထက္ေကာင္တဲ့ အခြင့္အေရး မရႏိုင္ေတာ့ေလာက္ေအာင္ ေကာင္းမြန္တဲ့အေျခအေနကို ရရွိေနပါတယ္။
ဒါေပမဲ့ ထိန္းမႏိုင္ သိမ္းမရ နည္းစနစ္ကို ထုတ္သံုးလိုက္တာေၾကာင့္ သူမ ရဲ့ ၾကက္သြန္ၿမိတ္ေလးေတြကိ အခူးခံလိုက္ရၿပီး လွဳပ္ရွားဖိဳ႔ ေတာင္ အားမရွိေတာ့ပါဘူး။
ၾကက္သြန္ၿမိတ္ေလးက သက္ျပင္းခ်ၿပီး မ်က္ရည္သုတ္လိုက္တယ္။
အမွန္ကို ေျပာရမယ္ဆိုရင္ သူမက ထြက္ေျပးဖို႔ကိုလည္း ခုေနာက္ပိုင္းမွာ သိပ္စိတ္မဝင္စားေတာ့ ပါဘူး။
❄️❄️❄️
အိပ္ေမာက်သြားၿပီးတဲ့ေနာက္ ရူဟန္က ထူးဆန္းတဲ့ အေျခအေနတစ္ခုကို ေတြးမိလိုက္တယ္။
ခ်ီးတဲ့မွ .. ေရွးမဟူရာဂိုဏ္းက က်ိန္စာကို ငါေမ့ေနတာပဲ။ အိမ္မက္ထဲ ေနာက္တစ္ခါ ထပ္ေရာက္အုန္းမွာလား။ ရူဟန္ ေတြးလိုက္တယ္။
ဒီတစ္ခါလည္း စီနီယာအျဖဴႏွစ္ကို ေတာင္းပန္ၿပီး အကူအညီေတာင္းရအုန္းမွာလာ။
ဒါေပမဲ့ ဒီတစ္ႀကိမ္မွာေတာ့ သူက က်ိန္စာ အိမ္မက္ထဲကို ေရာက္ရွိေနတာမဟုတ္မွန္း သတိျပဳမိလိုက္တယ္။
ဒီအခ်ိန္မွာေတာ့ သူျမင္ျမင္သမွ် အရာအားလံုး ၃၆၀ ဒီဂရီလိုမ်ိဳး ျဖစ္ေနပါတယ္။
သူ႔နားက အရာအားလံုးက မိစၦာဓာတ္ေတြ ျပည့္ႏွက္ေနတယ္။
ၾကည့္ရတာ ဒါငရဲျပည္ပဲ။
အိမ္မက္ထဲမွာ ငရဲျပည္ ေရာက္ျပန္ၿပီလား။ ဒီတစ္ခါ ဘယ္သူ႔ေနရာကေန ၾကည့္ရမွာလဲ။
တစ္စံုတစ္ေယာက္ ရဲ့ ဘဝကို အိမ္မက္မက္အုန္းမွာလား။
ရူဟန္က ရုတ္တရက ္ဆိုသလိုပဲ သူ႔ရဲ့ သေႏၶစြမ္းအင္ကို ေတြးလိုက္မိတယ္။



ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now