အပိုင်း (၆၉၅)

222 39 0
                                    

#Unicode


အသွင်တူ အိမ်သူ ဖြစ်။


ဘယ်လို အဓိပ္ပါယ်မရှိတာလဲ။ အသစ်ပြန်လည်မွေးဖွားတဲ့ စွမ်းရည်ကို မွန်းစတားကြက်သွန် လေ့ကျင့်နိုင်တာမျိုး မင်းမြင်ဖူးလို့လား။ မြေတီကောင် ဒါမှမဟုတ် အိမ်မြှောင်လို မွန်းစတား မျိုးမှ ဒါကို လေ့ကျင့်နိုင်မှာ မဟုတ်လား။

ကြက်သွန်လေး က ယုကျောင်းကျောင်း ရဲ့ မျက်နှာကို တံတွေးနဲ့ ထွေးချင်စိတ် ပေါက်သွားတယ်။ ဒါက အထူး အသစ် ပြန်လည်မွေးဖွားခြင်း စွမ်းရည် မဟုတ်ဘူး။ အရေခွံ ခွာနေတာဟဲ့။ ငါ့အရေခွံကို သူက တိုက်ရိုက်ခွာချ နေတာ။

ကြက်သွန်လေး က နာကျင်မှုကြောင့် သွေးတောင် အန်ထွက်ချင်တာတယ်။

အစောပိုင်းတုန်း ကသူ မ က တော်တော်ကြိ နာကျင်တယ် ဆိုပေမဲ့ လက်ရှိမှာတော့ တော်တော်ကြိး နေလို့ကောင်းသွားပါပြီ။ အသစ်ဖြစ်တည်လာတဲ့ ကြက်သွန် အညှောင့်လေး က လေထဲမှာ ယိမ်းထိုးနေပြိး အေးမြလက်ဆတ်တဲ့ ခံစားချက်ကို ကြက်သွန်လေး က ခံစားမိနေတယ်။

ဥပမာအားဖြင့် ကိုက်ခဲနေတဲ ့သွားကို ဆွဲနှုတ်လိုက်သလိုပါပဲ။ ဆွဲနှုတ်နေချိန်မှာ နာကျင်တယ် ဆိုပေမဲ့ ပြီးသွားရင်တော့ ခံစားလို့ အရမ်းကောင်းမွန်ပါတယ်။

"ဒါက အထူး အသစ်ပြန်လည်မွေးဖွားခြင်း မဟုတ်ဘူး။ သူမ ခန္ဓာကိုယ်က အပေါ်ယံ အလွှာကို ဆွဲချွတ်မိတုန်းပဲ ရှိသေးတယ်။ ဒါက တော်တော် ထူးဆန်းတယ်။ အလယ်မှာလဲ အခေါင်းပေါက်လေးဖြစ်သွားတယ် တွေ့လား။ ဒါက တကယ့်ကြက်သွန့်အညှောင့်ကို ဆွဲဖြတ်မိတာ နဲ့ မခြားနားဘူး။" ကြီးမြတ်တဲ့ အဖြူ က ပြောလိုက်တယ်။ ပြီးနောက် ထပ်ပြောလိုက်တယ် "ဘာပဲဖြစ်ဖြစ်.. သူမကို မနာကျင်စေပဲ အလင်းကျောက်ကနေ ခွာဖို့ နညးလမ်းကို ငါတွေးလို့ မရဘူး။ ကိုးစီရင်စု က တာအိုရောင်းရင်းတွေ နဲ့ ငါ နည်းနည်း ဆွေးနွေးလိုက်အုန်းမယ်။ သူတို့ဆီမှာ ကောင်းမွန်တဲ့ဖြေရှင်းနည်း ရှိလား ကြည့်ရမယ်။"

ပြောပြီးတဲ့နောက် ကြီးမြတ်တဲ့ အဖြူ က အလင်းကျောက် နဲ့ ကြက်သွန်လေး တို့ကို ရူဟန် ဆီ ပေးလိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now