အပိုင်း (၇၇၃)

172 40 0
                                    


#Unicode


အရာရှိ အဖြူ က တာဝန်အတွက် သတင်းပို့ပါတယ်။

ဒီတောက်ပတဲ ့ကျောင်းတော်သားရဲ့ အသက်သွေး နတ်ဘုရား လက်နက်တောင်မှ အစိတ်စိတ် အမွှာမွှာဖြစ်သွားတာကို ရူဟန် က မှတ်မိပါတယ်။ သူက လုံးဝ သေဆုံးသွားခဲ့ပြီ ဖြစ်ပြီး အသက်ပြန်ရှင်လာနိုင်စရာ လမ်းမရှိပါဘူး။

ဒါဆိုရင် စက္ကန့်ပိုင်းအတွင်း ကောင်းကင်ပေါ်က အဆင့်ရှစ် မိစ္ဆာတွေကို သတ်ဖြတ်သွားခဲ့ တောက်ပတဲ့ကျောင်းတော်သားက ဘယ်သူလဲ။

တစ်စုံတစ်ယောက်က တောက်ပတဲ့ကျောင်းတော်သား ဆီက အမွေကို ဆက်ခံပြီး ကပ်ဘေးလွန် အဆင့် ထိ ရောက်အောင် ကျင့်ကြံခဲ့မယ်။ ပြီးတော့ တိမ်ဖြူကျောင်း ဒုက္ခရောက်နေချိန်မှာ ဝင်ရောက် ကူညီလှုပ်ရှားပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီလိုလား။

မဖြစ်နိုင်ဘူး။ ဒီလို လုံးဝ မဖြစ်နိုင်ဘူး။ တောက်ပတဲ ့ကျောင်းတော်သား ဆီက အမွေဆက်ခံမယ် ဆိုရင် ဘာလို့ ကိုယ်မျက်နှာနဲ ့ကိုယ်မလာတာလဲ။ အခု လာတဲ့သူရဲ ့မျက်နှာက သူ့ရဲ ့စိတ်ဝိညာဉ်ကောင်ကို ဌားရမ်းသွားတဲ ့စီနီယာနဲ့ တစ်ပုံစံ တည်းပါပဲ။

ဒါဆိုရင် ဒီတောက်ပတဲ ့ကျောင်းတော်သားက ဘာလဲ။

❄️❄️❄️

အဆင့်ရှစ် မိစ္ဆာတွေကို သတ်ဖြတ်ပြီးတဲ့နောက် တောက်ပတဲ ့ကျောင်းတော်သား က သူ့ဓားရှည်ကို ဓားအိမ်ထဲ ပြန်ထည့်လိုက်တယ်။

ပြီးနောက် သူက စစ်ထုတ်ခြင်း ပိုက်ကွန် ကို အတွေးနက်တဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။

တစ်ချိန်တည်းမှာပဲ အစတုန်းမှာ တုန်လှုပ်နေတဲ ့ကျောင်းတော်သား အိုကြီးက အသိပြန်ဝင်လာပါတယ်။ ခန္ဓာကိုယ်ကနေ တောက်ပတဲ့ အလင်းရောင် တွေ ထွက်ပေါ်နေတဲ့ ကျောင်းတော်သားက သူတော်စင်ကြီး လက်အောက်မှာ ရှိတဲ့ ကပ်ဘေးလွန်ဆယ့်သုံးယောက်ထဲက တစ်ယောင် နဲ့ အရမ်းကို ဆင်တူပါတယ်။ အသွင်အပြင်က မတူညီပေမဲ့ သူတို့ရဲ့ ကိုယ်အမူအရာ နဲ့ ခန္ဓာကို်ယ် တည်ဆောက်ပုံတွေက ထပ်တူညီနေတယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now