အပိုင်း (၇၀၃)

166 37 0
                                    


#Unicode



ရူဟန် - ငါက လူမဟုတ်တော့ ဘူးလို့ ခံစားရတယ်။


မြောက်ပိုင်းမြစ် "သောက်ရူး လှိုင်းသုံးခု။ ကြီးမြတ်တဲ ့စိတ်ဝိညာဉ် လိပ်ပြာက လူသားစစ်စစ်ကွ။ မင်း စာကို မြန်မြန်ပြန်ဖျက်စမ်း"

System Notification: [လှိုင်းသုံးခုမှ စာအားပြန်ဖျက်လိုက်သည်။].

လှိုင်းသုံးခု "ကံကောင်းလို့ ငါအချိန်မှီလေး စာပြန်ဖျက်နိုင်ခဲ့တယ်"

ဒါပေမဲ့ ဒီအချိန်မှာပဲ ဌက်မွှေးလေး က ပေါ်လာပြီး ရေးလိုက်တယ် "ငါမင်းကို စိတ်ပျက်စေခဲ့ပြီ။ ဒါပေမဲ့ ငါက လူသားစစ်စစ် ဖြစ်ပြီးတော့ စိတ်ဝိညာဉ်လိပ်ပြာ ဆိုတာက ငါ့ရဲ့ တာအိုနာမည်ပဲ။ တခြားဘာမှမဟုတ်ဘူး။ ငါက ခူကောင်အသေးလေး မဟုတ်လို့ တာအိုရောင်းရင်း လှိုင်းသုံးခု က စိတ်ပျက်သွားပြီလား"

ရေးတဲ့ပုံစံကို ကြည့်ခြင်းအားဖြင့် ဌက်မွှေးလေး ရဲ့ အကောင့်ကို သူမ အဖေယူသုံးနေတာ ဖြစ်ပုံပေါ်ပါတယ်။

ဌက်မွှေူးလေးက လက်ရှိမှာ ကပ်လေး ကျော်ဖို့ ကိစ္စတွေ နဲ့ ပတ်သက်ပြီး အလုပ်ရှုပ်နေပါတယ်။ သူမ က လိုင်းပေါ်တက်ပြီး စကားပြောဖို့ အချိန်မရှိပါဘူး။ ဒါကြောင့် ကြီးမြတ်တဲ့ စိတ်ဝိညာဉ် လိပ်ပြာက သူမ အကောင့်ကို သုံးနေတာပါ။

ဒါကြောင့်ပဲ လှိုင်းသုံးခုက ဌက်မွှေးလေး အကောင့်ကို tag ချိတ်လိုက်တော့ ကြီးမြတ်တဲ့ စိတ်ဝိညဉ် လိပ်ပြာက ဂရုထဲကို ရောက်လာတာ ဖြစ်ပါတယ်။

လှိုင်းသုံးခု က ချက်ချင်းပဲ ရေးလိုက်တယ် "မဟုတ်ဘူး။ မဟုတ်ဘူး။ ဘယ်လိုဖြစ်နိုင်မှာလဲ။ ငါက နည်းနည်းလေး တောင်မှ စိတ်မပျက်ဘူး။ ပြောရရင် စီနီယာ စိတ်ဝိညာဉ် လိပ်ပြာက လူဖြစ်မှန်း သိရတော့ တော်တော်ကြီး ပျော်သွားခဲ့တယ်။ စီနီယာ မသိလို့ ပြောမိတာက အပြစ်မဟုတ်ဘူးလေ။ ဟုတ်တယ်မလား"

ဌက်မွှေးလေး "ဟီးဟီး"

သူက ကြီးမြတ်တဲ့ စိတ်ဝိညာဉ် လိပ်ပြာ ။ ကိစ္စအသေးလေးတွေကိုတောင်မှ အသေးစိတ် ဇီဇာကြောင်တတ်သူ တစ်ယောက်လညး် ဖြစ်ပါတယ်။ သူက လှိုင်းသုံးခု ကို ထပ်မံပြီး အမည်ပျက် စာရင်းသွင်းလိုက်ပြန်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now