အပိုင်း (၇၃၆)

162 37 0
                                    


#Unicode



အသချေင်္ စာအုပ်တောင် "ဦးလေး က မင်းတို့ကို ဘယ်လို ကင်းမြီးကောက် ထောင်လဲ ဆိုတာ ပြမယ်"

"......" ကြီးမြတ်တဲ့ အဖြူ ။

"......." ကိုးစီရင်စု က တခြားတာအိုရောင်းရင်းတွေ အားလုံးကလည်း ဆွံ့အသွားကြတယ်။

အသချေင်္စာအုပ်တောင်က မမျှော်လင့်ပဲ သက်ရှိသတ္တဝါ တစ်ကောင်ဖြစ်နေပါတယ်။

ဒီအချိန်မှာ သူတို့ဘယ်လို ပြန်ပြောရမလဲ။

အားလုံးက အတွေးနက်နေတုန်းမှာပဲ အနောက်တိုင်းသား ဘုန်းကြီးက လက်ကို ဝေ့ယမ်းပြီး အော်လိုက်တယ် "ဟယ်လို.. လူကြီးမင်းတောင်ကြီး.. ဘယ်လိုလဲ"

"....." ရူဟန်။

"ဟားဟား... ဘုန်းကြီး .. မင်းငါ့ကို ဦးလေး စာအုပ်တောင်လို့ ခေါ်မှဖြစ်မယ်။ ဟုတ်ပြီ။ ငါက ဘာကြောင့် ရုတ်တရက် နှိုးလာတာလဲ" အင်္သေချေ စာအုပ်တောင်က သူ့ရဲ့ သေးငယ်တဲ့ လက်နှစ်ဖက်ကို ဆန့်တန်းပြီး တီးတိုးပြောလိုက်တယ်။

သူ့မှာ ခြေထောက်တွေ အပြင် ၊ လက်တွေလည်း ရှိနေပါတယ်။ မျက်နှာပဲ လိုပါတော့တယ်။

ရူဟန်က မျက်ခုံးတွေ ဆက်တိုက်လှုပ်နေတယ် "ဒါ..ဒါက မွန်းစတား တစ်ကောင်အဖြစ် ပြောင်းလဲနိုင်တဲ ့တောင်တစ်ခုလား"

အားရှီလျှူက တရားထိုင်တာကနေ ရပ်ပြီး ပြောလိုက်တယ် "တောင်ကြီးက မွန်းစတား အဖြစ် ပြောင်းလဲ သွားတာ မဟုတ်လောက်ဘူး။ ဒါက ရုပ်သေးတစ်ခု နဲ့ ဆင်တူတယ်။ ဒါမှမဟုတ် မှော်ရတနာ တစ်ခုလား။"

ဒီလိုတောင်လောက်ကြီးတဲ ံမှော်ရတနာ ရှိသေးတာလား။

အားရှီလျှူကလည်း မသေချာပါဘူး။ ပြီးတော့ မှော်ရတနာ ရဲ့ ပုံစံက နည်းနည်း ကြီးနေပါတယ်။

ကိုးစီရင်စု က တာအိုရောင်းရင်းတွေ က ရုတ်တရက် အသက်ဝင်လာတဲ့ အသချေင်္စာအုပ်တောင်ကို တိတ်တဆိတ် နဲ့ ကြည့်နေကြတယ်။ ဘယ်လို သောက်ကျိုးနည်း ကိစ္စတွေ ဖြစ်နေတာလဲ။ သူတို့က ဒီကို ရုပ်ရှင်ရိုက်ဖို့ လာတာလေ။ ဘာကြောင့် တောင်တစ်ခုလုံးက ရုတ်တရက် မတ်တပ်ထရပ်လာရတာလဲ။

ကျင့်ကြံသူတို့ စကားဝိုင်းOn viuen les histories. Descobreix ara