အပိုင်း (၇၀၆)

176 37 0
                                    


#Unicode


ဗလကြီးဟန် နဲ့ စီနီယာ အဖြူ တို့ ပိုးအိမ်တည်ဆောက်ခြင်း။

ယုကျောင်းကျောင်းက ရူဟန် ပိုးအိမ်ဆောက်တဲ့ဗီဒီယိုကို ကိုးစီရင်စု ဂရုထဲ တင်လိုက်ပြီးတဲ့နောက် လူသားတစ်ယောက်က ပိုးအိမ်ဆောက်တဲ့ ရှားရှားပါးပါး မြင်ကွင်းကို ကြည့်ရဖို့ များပြားလှတဲ့ စီနီယာ တွေက ရောက်ရှိလာခဲ့ကြတယ်။ သူတို့က ပျင်းရိနေတာ နဲ့ အတော်ပါပဲ။ သူငယ်ချင်းလေး ရူဟန် ပိုးအိမ် ဆောက်တာကို ကြည့်ပြီး အချိန်ဖြုန်းလို့ ရပြီလေ။

ကံဆိုးတာက သူတို့အနေနဲ့ ပိုးအိမ်တည်ဆောက်တဲ့ အစပိုင်းကို လွတ်သွားတာပါပဲ။ ဒါက စိတ်ဝင်စားစရာ အကောင်းဆုံး အပိုင်းပဲလေ။

ဒါပေမဲ့ ဒီအချိန်မှာပဲ ကြီးမြတ်တဲ့ အဖြူ က မေးလိုက်တယ် "ရူဟန် .. မင်းပိုးအိမ်မှာ လည့်တာ ပြီးပြီးလား။ ငါပြောတာ ကြားလား"

ရူူဟန် က လျှို့ဝှက် အသံပို့နည်းစနစ် နဲ့ ပြန်ပြောလိုက်တယ် "ငါပြီးခါနီးနေပြီ။ ပါးစပ်ထဲက ထွက်လာတဲ့ ပိုးမျှင်တွေ မကြာခင် ကုန်တော့မယ်လို့ ငါခံစားနေမိတယ်။ ပိုးမျှင်တွေ ထွက်ထွက် လာတဲ့ နှုန်းကလည်း နှေးလာပြီ။

"ဆက်လုပ်ထာ။ ငါတို့အားလုံးက မင်းကို ကြည့်ပြီး အားပေးနေတယ်။" ကြီးမြတ်တဲ ့အဖြူ က ပြောလိုက်တယ်။ ပြီးနောက် သူက ခေါင်းလှည့်ပြီ ရောင်စုံလိပ်ပြာကြီးကို ကြည့်ကာ မေးလိုက်တယ် "ကျိုးကူ .. ငါအခု ဒီပိုးအိမ်ကို ထိပုတ် လို့ရပြီလား"

ကျိးကူ က ခဏလောက် စဉ်းစားလိုက်တယ်။ ပြီးနောက် "ဘာပြဿနာ မှမရှိလောက်တော့ ဘူးလို့ ငါထင်တယ်။ မင်းက ပုတ်တဲ့ အချိန်မှာ အားအရမ်း မထည့်ဖို့တော့ လိုတာပေါ့။ ဒါဆိုရင် ပိုးအိမ်ကို ဘာမှ ထိခိုက်စေမှာ မဟုတ်ဘူး။"

"ဒါဆိုရင် ငါစမ်းပြီး ထိကြည့်လိုက်မယ်" ကြီးမြတ်တဲ့ အဖြူ က ပိုးအိမ်ကြီးနားကို သွားပြီး လက်ချောင်းတွေ ဆန့်တန်းပြီး ပုတ်လိုက်တယ်။

"ဒါက တကယ့်ကို ပိုးအိမ်ပဲ။. တကယ်မာတယ်။ ဒါကို ပိုးဝတ်စုံ လုပ်ဝတ်လို့ မရနိုင်ဘူးလား။ ဒါက တော်တော်မာတယ်။" ကြီးမြတ်တဲံ အဖြူ က တီးတိုးရေရွတ်လိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now