အပိုင်း (၈၃၀)

161 33 0
                                    


#Unicode


ရုပ်ရှင်နောက်ဆုံးပိုင်းရဲ့ လှည့်ကွက်။

အကန့်အသတ်မဲ့နတ်ဆိုးဂိုဏ်း မှ အဘိုးကြီးက အဖြူရောင်အစစ်အမှန် နတ်ဘုရားအကြောင်း သတင်းတွေကို ပြန်တွေးမိပြီး တုန်ရီသွားတယ်။

"အဖြူရောင် အစစ်အမှန် နတ်ဘုရား ဟုတ်လား" တာအိုဘုန်းကြီး ဝေဝေ က မျက်နှာပေါ်မှာ ဇဝေဇဝါ အမူအရာတွေ ပေါ်လာတယ်။ အခုချိန်ထိဆိုရင် သူက ကျင့်ကြံခဲ့တာ ၁၅၀ နှစ်စွန်းစွန်းလေး ရှိနေပါပြီ။ ဒါပေမဲ့ အဖြူရောင်အစစ်အမှန် နတ်ဘုရား တံခါးပိတ် ကျင့်ကြံနေတုန်း အချိန်မှာပေါ့။ ဒါကြောင့် တာအိုဘုန်းကြီးဝေဝေ က အဖြူရောင်အစစ်အမှန် နတ်ဘုရား အကြောင်းကို ကောင်းကောင်း မသိပါဘူး။

အကန့်အသတ်မဲ့ နတ်ဆိုးဂိုဏ်းမှ အဘိုးကြီး က အတိတ်ကို ပြန်စဉ်းစားပြီး ပြောလိုက်တယ် "သူက ..အရမ်းကြောက်ဖို့ကောင်းတဲ့ ရန်သူပဲ"

လွန်ခဲ့တဲ့ နှစ် ရာကျော်တုန်းက သူ့အနေနဲ့ အဆင့်ငါး စိတ်ဝိညာဉ်အင်ပါယာ အဆင့် တစ်ယောက်ပဲ ရှိပါသေးတယ်။ သူက အကန့်အသတ်မဲ့ နတ်ဆိုးဂိုဏ်းက အစ်ကိုတော်၊ ညီတော် ၆ ယောက် နဲ့ အတူ ရှေးဟောင်းနေရာပျက် တစ်ခုကို သွားရောက်ရှာဖွေတယ်။

ဒါပေမဲ့ သူတို့က ကံမကောင်းကြပါဘူး။ ရှေးဟောင်းနေရာပျက်ကို ရှာဖွေပြီးတဲ့နောက် သူတို့ခုနှစ်ယောက် က အမှိုက်လိခုဖြစ်နေတဲ့ စိတ်ဝိညာဉ်ကျောက်တုံးပုံ ကိုသာ တွေ့မိလိုက်ကြတယ်။ အချိန်အကြာကြီး ပေးပြီး အားစိုက်ထုတ်ခဲ့ရပေမဲ့ ဘာတစ်ခုမှ အကျိုးမရှိခဲ့ပါဘူ။

ဒီအချိန်မှာပဲ အဖွဲ့ကို ဦးဆောင်လာတဲ့ စီနီယာအစ်ကို တစ်ယောက်က တစ်စုံတစ်ယောက် က သူတို့ထက် အရင် ရှေးဟောင်းနေရာပျက်ထဲကို ဝင်ပြီး တန်ဖိုးရှိတာတွေကို ယူဆောင် သွားကြောင်း သံသယ ရှိလိုက်တယ်။

ထို့ကြောင့် သူတို့က ဒီကံကောင်းတဲ့ လူကို လိုက်ရှာဖို့ ဆုံးဖြတ်လိုက်ကြတယ်။

တစ်ဖက်လူကို ရှာတွေ့ရင် ရှေးဟောင်းနေရာပျက်မှာ ရခဲ့တဲ့ ရတနာတွေကို လက်လွှဲပေးဖို့ ဖိအားပေးမှာ ဖြစ်ပါတယ်။ တကယ်လို့ တဖက်လူကသာ ပူးပေါင်းပါဝင်မှု အားကောင်းရင် အသက်ရှင်သန်ခွင့် ပေးလိုက်ဖို့ စဉ်းစားထားပါတယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now