အပိုင်း (၇၄၇)
161 36 0
#Unicode
ကစားသမား ရူဟန် က ကြက်သွန်မြိတ် ၂၀၀ ကို ရရှိခဲ့တယ်။
ရူဟန် က သူ့လက်ကို ဆန့်တန်းပြီး ထိန်းမနိုင် သိမ်းမရ ကြက်သွန်လေးကို လှမ်းဆွဲလိုက်ပြန်တယ်။
ထိနး်မနိုင် သိမ်းမရ ကြက်သွန်လေးက ဒီတစ်ကြိမ်မှာတော့ ရှောင်လို့ မရနိုင်ဘဲ အဖမ်းခံလိုက်ရပြန်တယ်။
ဒါပေမဲ့ နောက်တော့ သူမ က ကြက်သွန် အရေခွံချွတ်တဲ့ နည်းစနစ်ကို အသုံးပြုပြီး ရူဟန် လက်ထဲကနေ ထွက်လိုက်တယ်။
ရူဟန် ကတော့ တောက်ပတဲ ့အနီရောင် ကြက်သွန်အတက်လေးကို ရရှိလိုက်ပါတယ်။
ရူဟန်က တောက်ပတဲ့ ကြက်သွန်အတက်လေး နှစ်ခုကို ဆုပ်ကိုင်ပြီး ဆွံ့အနေပါတယ်။
ပြီးနောက် သူက ခေါင်းငုံ့ပြီး ရူးသွပ်နေသူ တစ်ယောက်လိုမျိုး သူ့ခြေသလုံးကို အားရပါးရ ထိုးကြျိတ်နေတဲ့ ကြက်သွန်လေးကို ကြည့်လိုက်တယ်။
သူမ သတိပြန်မဝင်လာသေးဘူးလား။
ကြက်သွန်လေး နဲ့ ထိန်းမနိုင် သိမ်းမရ နည်ိးစနစ် က ဘယ်လို ကြောင့်များ လိုက်ဖက် အသားကျနေရတာလဲ။
ဉာဏ်ပညာရေကန် က ရယ်ပြီး ပြောလိုက်တယ် "ဒီလို မဖြစိအောင် ထိန်းမနိုင် သိမ်းမရ နည်းစနစ်ကို ဖယ်ရှားနိုင်မဲ့ နည်းလမ်းရှိလားး။"
ဉာဏ်ပညာ ရေကန် က ရယ်ပြီး ပြောလိုက်တယ် "နည်းလမ်းအများကြီး ရှိတယ်။ ဒါပေမဲ့ ဆိုးတာက တစ်ခုမှ မင်းမတတ်တာပဲ"
".........." ရူဟန်။
ဒီအခြေအနေမှာ သူလုပ်နိုင်တာ မရှိပါဘူး။ ကြက်သွန်လေးက ခုန်ပြီး သူ့ဒူးခေါင်းကို ကန်လိုက်တဲ့အချိန်တိုင်းမှာ သူက သူ့ကိုယ်သူ ကာကွယ်တဲ့ အနေနဲ့ လက်နဲ့ ဖမ်းဆုပ်ပါတယ်။
ဒါပေမဲ့ ကြက်သွန်လေး ကို ဖမ်းဆုပ်မိသွားချိန်တိုင်းမှာ သူမ က အရေခွံချွတ်ခြင်း သန္ဓေစွမ်းအင်ကို အသုံးပြုပြီး ထွက်လိုက်ပါတယ်။
ရူဟန် လက်ထဲမှာရှိတဲ့ ကြက်သွန်အတက် လေးတွေက ပိုပိုများလာပါတယ်။
ရူဟန်က ကိုယ့်ကိုယ်ကိုယ ်ကာကွယ်နေတာ ဖြစ်ကြောင်း ကျိန်ဆိုပါတယ်။ သူက တကယ်ပဲ နှစ် ၂၀၀ သက်တမ်းရှိတဲ့ကြက်သွန်လေးကို ခူးချင်လို့ မဟုတ်ပါဘူး။
❄️❄️❄️
ကြက်သွန်လေးက ရူးသွပ်တဲ့ အခြေအနေကနေ လွတ်တဲ့အချိန်မှာ မယုံနိုင်လောက်အောင် အားနည်းနေပါတယ်။ သူမရဲ့ ကိုယ်ခံအားတွေရော၊ အစစ်အမှန် ချီတွေရောပါ ကုန်ဆုံးသွားတာ ဖြစ်ပါတယ်။
"ကောင်းကင်ဘုံ.. ဒီထိန်းမနိုင် သိမ်းမရနည်းစနစ် က တော်တော်ကြိး စွမ်းအား နဲ့ အစစ်အမှန် ချီတွေကို ကုန်ဆုံးစေတာပဲ။ ငါ့ခြေထောက်တွေ က အားမရှိတော့ သလိုပဲ။" ကြက်သွန်လေး ကအားပြတ်စွာ နဲ့ မြေပေါ်လှဲချ လိုက်တယ်။
"နောက်ဆုံးတော့ မင်းသတိပြန်ဝင်လာပြီပဲ" ရူဟန်က ပြောလိုက်တယ်။
ကြက်သွန်လေး က ရယ်ပြီး ရူဟန်ကို ကြည့်ကာ ပြောင်စပ်စပ် နဲ့ မေးလိုက်တယ် "ဘယ်လိုလဲ။ ငါ့ရဲ့ ထိန်းမနိုင် တားမရ နည်းစနစ်က ကြောက်စရာပဲလား"
"အင်း... ပြောရမယ်ဆိုရင် မင်းရဲ့ ထိန်းမနိုင် သိမ်းမရ နည်စနစ်က တကယ်ပဲ ကြောက်ဖို့ ကောင်းတယ်။" ရူဟန်က ခပ်တည်တည် နဲ့ ပြောလိုက်တယ်။
"ဟားဟား ... ဒီလို ဆိုရင် ငါ့ကို ပြောပြ၊ ဘယ််လိုမျိုးကြောက်ဖို့ ကောင်းတာလဲ ဆိုတာကို။ ငါက ထိန်းမနိုင် သိမ်းမရ နည်းစနစ်ကို အသုံးပြုချိန်မှာ ဘာကိုမှ မမှတ်မိဘူး ။ အခုလည်း နည်းနည်း မူးဝေဝေ ဖြစ်နေတယ်" ကြက်သွန်လေး က ရှက်ရွံစွာ နဲ့ ပြောလိုက်တယ်။
"ကောင်းပြီ" ရူဟန်က ခေါင်းလှည့်ပြီး အနားက သွေးနီရောင် ကြက်သွန် အတက်ပုံ ကြီးကို ကြည့်လိုက်တယ် "မင်းက ထိန်းမနိုင် သိမ်းမရ ဖြစ်သွားရင် မင်းက တစ်ချိ်န်လုံးအော်ဟစ်ပြီး ခြေတစ်လှမ်းမှ နောက်မဆုတ်ပဲ ရဲရဲတောက် တိုက်ခိုက်တာပေါ့"
ဒီသေးငယ်တဲ့ အနီရောင် အပုံကြီးမှာ ကြက်သွန်အတက် ၂၀၀ ကျော်ရှိနေပါတယ်။
ရူဟန် က ထိနး်မနိုင် သိမ်းမရ အခြေအနေက စွမ်းအားနဲ့ အစစ်အမှန် ချီကို တကယ်ပဲ ကုန်ဆုံးစေလား မသိပါဘူး။ ဒါပေမဲ့ အခွံချွတ် နည်းစနစ်ကတော့ တကယ်ပဲ ကြက်သွန်လေးကို ထိခိုက်စေမယ် ဆိုတာ သိပါတယ်။
ခဏလောက ်တိတ်ဆိတ်ပြီးတဲ့နောက်. ..
ကြက်သွန်လေး က တုန်ရီစွာ နဲ့ မေးလိုက်တယ် "ရူဟန် .. ဒီကြက်သွန်အတက် ပုံလေးက ဘာလဲ။ အရောင်မတူ ဘူးဆိုပေမဲ့ ဒီကနေ ငါ့ရဲ့ အနံ့ကို ငါပြန်ရနေတယ်။"
"မင်းခန့်မှန်းတာ မှန်တယ်။ အရောင်က မတူဘူး။ ဘာလို့လဲ ဆိုတော့ မတူညီတဲ့ မင်းဖြစ်နေလို့ပဲ" ရူဟန်က သူမ ရဲ့ ခန်းမှန်းချက်ကို အတည်ပြုလိုက်တယ်။
"........" ကြက်သွန်လေး ရဲ ့ခန္ဓာကိုယ် က တုန်ရီသွားတယ်။ သူမရဲ့ စိတ်က လှုပ်ရှားသွားြ့ပီး မျက်ရည်တွေ စီးကျလာတယ် "မင်းဘယ်လိုကြောင့် ဒိလောက်ရက်စက်ရတာလဲ။ငါ့ ရဲ့ ကြက်သွန် အတက်တွေ အများကြိး ပါသွားပြီ။ ဒါက နှစ်ရာကျော်လောက် ရှိမယ် ဆိုတာ သေချာတယ်။ မင်းဘာလုပ်ခဲ့တာလဲ."
"ဒီစကားလုံး ....ကြက်သွန်လေး.. မင်း ကိုရီယားဒရမ်မာ ကားတွေ ကြည့်တာ လျော့သင့်ပြီ။ ငါ့ဖုန်းကို ယူပြီး တိတ်တဆိတ်နဲ့ ကိုရီးယား အချစ်ကားတွေ ကြည့်နေတာ ငါမသိဘူး မထင်နဲ့။" ရူဟန်က သက်ပြင်းချပြီး ပြောလိုက်တယ် "ထပ်ပြောရရင် .. ဒီလို ဖြစ်ရတာ မင်းကြောင့်ပဲ"
ကြက်သွန်လေး က အံသြသွားတယ်။ မကြာမီမှာပဲ ဘာတွေဖြစ်ခဲ့တာ လဲ ဆိုတာကို သူမနားလည်သွားခဲ့တယ် "ငါ့ရဲ့ ထိန်းမနိုင် သိမ်းမရ နည်းစနစ် ကြောင့်လား" သူမ က ထိန်းမနိုင် သိမ်းမရ နည်းစနစ် ကို အသုံးပြုချိန်မှာ အရူးလိုမျိုး ကိုယ့်ဘာသာ အရေခွံ ဆွဲချွတ်ခဲ့တာလား။
"မှန်တယ်။ မင်းရဲ့ လျှို့ဝှက် နည်းစနစ် ကြောင့်ပဲ။" ရူဟန်က အတည်ပြုပေးလိုက်တယ်။
ကြက်သွန်လေး "......."
ဘယ်လို ကြောက်စရာ နည်းလမ်းလဲ။ သူမ ဒီနည်းစနစ်ကို နောက်တစ်ခါ ထပ်ပြီး အသုံးပြုမိတော့မှာ မဟုတ်ပါဘူး။
❄️❄️❄️
ဉာဏ်ပညာရေကန် အပြင်ဘက်မှာတော့ ..
ကိုးစီရင်စု က တာအိုရောင်းရင်းတွေက သူတို့ရရှိခဲ့တဲ့ လျှို့ဝှက် နည်းစနစ် နဲ့ ပတ်သက်ပြီး ဆွေးနွေးနေကြတယ်။
လက်ရှိမှာတော့ မွန်းစတား သစ်ပင်လေးက သူမရဲ့ သွေးချင်းညီနောင်တွေ ကြောင့် ထိခိုက်ခံစားမှု ဖြစ်ပေါ်နေပါတယ်။ ကြိးမြတ်တဲ့ အဖြူက သူမရဲ့ သစ်ကိုင်းတွေကို ခုတ်ပြိး တစ်ခါသုံးဓားပျံတွေ ပြုလုပ်နေပါတယ်။
မွနး်စတားသစ်ပင်လေးက ရေကန်ထဲကို လိုက်ဝင်လို့ မရခဲ့ပါဘူး။ သူမ က ငရဲဲပြည်က မိစ္ဆာလေ။ ဒီလို ထူးဆနး်တဲ့နေရာမျိုးကို သူမကိုယ်ပေါ်က မိစ္တာအငွေ့အသက်တွေ မသန့်စင်သေးချိန်မှာ ဝင်ရောက်လို့မရနိုင်ပါဘူ။
ကြီးမြတ်တဲ့အဖြူ က မြက်ခင်းပေါ်မှာ ထိုင်ပြီး တာအိုရောင်းရင်းတွေ ဆွေးနွေးနေတာကို နားထောင်ရင်း တစ်ခါသုံး ဓားပျံ ၀၀၅ ကို ထုတ်လုပ်နေပါတယ်။
ငရဲပြည်က မိစ္ဆာတွေနဲ့ တိမ်ဖြူကျောင်း ရဲ့ တိုက်ပွဲက မကြာခင်မှာ စတင်တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် သူက ဓားပျံတေ ွအမျုားကြီးကို ထုတ်လုပ်ပြီး ကိုးစီရင်စုက တာအိုရောင်းရင်းတွေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ ပေးအပ်ထားချင်တာပါ။
❄️❄️❄️
အားရှီလျှူက ကြီးမြတ်တဲ့ သစ်ပင်ကြီးပေါ်မှာ ထိုင်ပြီး အလင်းကန်ရှိရာဘက်ကို ကြည့်ပြီး တီးတိုးရေရွတ်လိုက်တယ် "ရူဟန် ထွက်မလာသေးပါလား"
ဘယ်လိုအရေးကြီး ကိစ္စရှိတာမလို့ ဉာဏ်ပညာရေကန် က ရူဟန်ကို ခဏဆက်နေဖို့ ပြောခဲ့တာလဲ။
သူမ အတွေးနက်နေတုန်းမှာပဲ ရူဟန်က အလင်းကန် တစ်ဖက် တည်နေရာကနေ ထွက်ပြီး မြေပေါ်ဆင်းသက် လာပါတယ်။
ရူဟန် ဒီတည်နေရာကနေ ထွက်လာပြီးတဲ့နောက် ကောင်းကင်ပေါ်က အလင်းကန်ကြီးက တဖြည်းဖြည်း နဲ့ ပျောက်ကွယ် သွားပါတယ်။ ပြီးနောက် ဉာဏ်ပညာရေကန် အဝင်ပေါက် က သူတို့ မျက်စိရှေ့က ပျောက်ကွယ်သွားပါတော့တယ်။
"သူငယ်ချင်းလေး ရူဟန် ထွက်လာပြီ" မြောက်ပိုင်းမြစ်က ပြုံးကာ ပြောလိုက်တယ်။
ကြီးမြတ်တဲ့ အဖြူက ခေါင်းလှည့်ကြည့်လိုက်တယ် "အိုး.. ရူဟန် ထွက်လာပြိလား။ ဉာဏ်ပညာရေကန် က ဘာကြောင့် မင်းကို ခဏနေဖို့ ပြောတာလဲ"
ရူဟန်က ပြုံလိုက်တယ် ။ ပြီးနောက် သူ့လက်ထဲ က အလင်းကျောက်ကို မြှောက်ပြ လိုက်ပြီး "တကယ်တော့ ကြက်သွန်လေးကြောင့်ပဲ။ ကြက်သွန်လေးကလည်း လျှို့ဝှက်နည်းစနစ် တစ်ခုကို ရရှိဖို့ ထိုက်တန်တယ်လို့ ဉာဏ်ပညာရေကန် က ပြောခဲ့တယ်။ ဒါကြောင့် ငါ့ကို ခဏနေခိုင်းပြိး ကြက်သွန်လေးကို လျှို့ဝှက် နည်းစနစ် သင်ပေးတာပဲ။"
ကြီးမြတ်တဲ့ အဖြူ က ခေါင်းညိတ်လိုက်တယ်။
ဒီအချိနမှာပဲ အရူးစွမး်အင် လွှဲပြောင်းပေးသူ က ရောက်ရှိလာပြီး မေးလိုက်တယ် "မွန်းစတားလေးက ဘယ်လို နည်းစနစ်ကို ရခဲ့လဲ။ ဒါကို နားလည်ဖို့ အချိန်အကြာကြီး ယူလိုက်ရသေးလား"
နည်းစနစ် က ပိုမို ရှုပ်ထွေးလေ နားလည်ဖို့ အချိန်ပိုလိုလေပါပဲ။
တာအိုဘုန်းကြီး ဟော်ရီဇုံက ကြက်သွန်လေးကို တပည့်အဖြစ် လိုချင်နေပါတယ်။ ဒါကြောင့် သူမ ကို စိတ်ပူနေတာ ဖြစ်တယ်။
"တကယ်တော့ ဒီလျှို့ဝှက် နည်းစနစ်ကို နားလည်ဖို့ သူမ အချိန်သိပ်မယူလိုက်ရဘူး။ ဒါပေမဲ့ လျှို့ဝှက် နည်းစနစ်က တော်တော်ကြီး စိတ်ဝင်စားစရာ ကောင်းတာကြောင့် သူမက သင်ယူပြီးတာနဲ့ ချက်ချင်း စမ်းသပ်ကြည့်ဖို့ ကြိုးစားခဲ့တယ်။ ဒါကြောင့် နည်းနည်း ကြာသွားတာ" ရူဟန်က ရှင်းပြလိုက်တယ်။
ကြက်သွန်လေးက ခက်ခက်ခဲခဲ နဲ့ ခေါင်းမော့ပြီး ရူဟန်ကို ကြည့်လိုက်တယ်။
ရူဟန်က ပြုံးပြီး စီနီယာ ဆေးဆရာ ဘေးကို မြန်မြန်ပဲ သွားလိုက်တယ် "စီနီယာ .. ကြက်သွန်လေး က လျှို့ဝှက် နည်းစနစ်ကို အသုံးပြုရင်း စွမ်းအားကုန်သွားလို့။ဒါကြောင့်သူမရဲ့ စွမ်းအားတွေ မြန်မြန်ပြန်ကောင်းလာမယ့် နည်းလမ်းရှိလားမေးချင်တယ်။"
မိနစ်တော်တော်များများ ကြာတာတောင်မှ ကြက်သွန်လေး က အားနည်းနေတုန်းပါပဲ။ အရင်တုန်းက ဆိုလို ခဏလောက်နားနေပြီးရင် အားပြန်ပြည့်ပါပြီ။ ဒါကြောင့် သူမ ကလည်း လက်ရှိအခြေအနေကို စိတ်ပူနေပါတယ်။
ရူဟန်ကတော့ သူ့လက်ထဲကို ရောက်လာတဲ့ ကြက်သွန်အတက် နှစ်ရာကျော်အတွက် အားတုံ့အားနာ ဖြစ်နေပါတယ်။ ဒါကြောင့် စိနီယာ ဆေးဆရာကို အကူအညီတောင်းရင်း ပေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။
"ဘယ်လို နည်းစနစ် အမျိုးအစား ကို သူမ အသုံးပြုခဲ့တာလဲ" ဆေးဆရာက ဇဝေဇဝါ နဲ့ မေးလိုက်တယ်။
"ထိန်းမနိုင် သိမ်းမရ နည်းစနစ်" ရူဟန် က ပြန်ပြောလိုက်တယ်။ ကြက်သွန်အရေခွံ ချွတ်တာကတော့ သူ ဘယ်လိုရှင်းပြရမလဲ မသိပါ်ဘူး။
"ဒါဆိုရင် သူမက အချိန်တိုတစ်ခု အတွင်း ကိုယ်ခံအားကို တော်တော် သုံးလိုက်လို့ နေမယ်။ ဒါက ကိစ္စကြီး တစ်ခု မဟုတ်ဘူး။ ငါက သင့်တော်တဲ ဆေးရည်ပေးလိုက်မယ်။ မင်းကသူမကို ဆေးရည်လောင်းပေးလိုက်" ဆေးဆရာက ပြုံးပြီး ပြောလိုက်တယ်။
"ကျေးဇူးပါ. ..စီနီယာ ဆေးဆရာ။" ရူဟန်က ပြောလိုက်တယ်။ ပြိးနောက် သူက တစ်စုံတစ်ခုကို သတိရသွားတယ်။
ဒါကြောင့် သူရဲ့ အရွယ်အစား လျော့ချခြင်း အိတ်ထဲကနေ အနီရောင်တောက်နေတဲ့ ကြက်သွန်အတက်လေး ဆယ်ခုလောက်ကို ထုတ်ယူလိုက်တယ်။ "စိနီယာဆေးဆရာ နောက်ဆုံအကြိမ်တုန်းက မင်းငါ့ကို ဆေးရည်စိမ်းဆေးညွှန်း ပေးခဲ့တယ်လေ။ ဒါကို ခုချိန်ထိ ကျေးဇူးမဆပ်ရသေးဘူး။ ဒါကြောင့် ဒါကို လက်ခံပေးပါ"
ဆေးရည်စိမ် ဆေးညွှန်းမှ မဟုတ်ပါဘူး။ ဆေးဆရာက ရူဟန်က ရဲ့ ကျင့်ကြံခြင်းလမ်းကြောင်း စတင်ရာမှာ အများကြီး ကူညီခဲ့ပါသေးတယ်။ ဒါပေမဲ့ ရူဟန်ကတော့ ဘာတစ်ခုမှ ကျေးဇူးမဆပ်ရသေးဘူးလေ။
ဒါပေမဲ့ ဆေးဆရာက ဆေးရည်စိမ် ဆေးညွှန်းပေးခဲ့တဲ့အချိန်မှာသူ့ကို နှစ်ရာချီတဲ့ ကြက်သွန်စိမ်းေးလ အကြောင်း မေးခဲ့ဖူးပါတယ်။ ဆေးအသစ် စမ်းသပ်ဖို့ဖြစ်ကြောင်း ပြောခဲ့ဖူးတယ်။
ဆေးဆရာက ကြက်သွန်မြိတ် ၁၀ ပင်ကို ကြည့်ပြီး အံ့အားသင့်စွာ နဲ့ ပြောလိုက်တယ် "ဒါမများဘူးလား"
"ငါ့မှာတော်တော်များများ ရှိသေးတယ်။ ဒါကြောင့် စီနီယာ ဆေးဆရာ က အားနာစရာ မလိုဘူး. ။ ကျေးဇူးပြုပြီး လက်ခံပေးပါ" ရူဟန်က ပြုံးပြီး ပြောလိုက်တယ်။
"ကောင်းပြီ. တကယ်တော့ စမ်းသပ်မှု တစ်ချို ပြုလုပ်ဖို့ ကြက်သွန်မြိတ်လေးကို လိုချင်နေတာ။ ဒါဆိုရင် ငါ ဆေးအသစ် ဖော်စပ်ဖန်တီးလို့ ရပြီ။ ပြိးရင် မင်းကို ငါ တစ်ခုခု ပြန်ပေးမယ်။" ဆေးဆရာက ရယ်ပြီး ကြက်သွန်မြိတ် ၁၀ ခုကို လက်ခံလိုက်တယ်။
ရူဟန်က ပြောလိုက်တယ် "ဒီလိုဆိုရင် မင်းရဲ့ စမ်းသပ်မှု အောင်မြင်ပါစေလို့ ငါဆုတောင်းပေးမယ်။"
သူ့လက်ထဲမှာ ရှိနေတဲ့ ကြက်သွန်မြိတ်လေးက မျက်စိတွေ ချာချာလည်နေတယ်။ သူမရဲ့ကြက်သွန်မြိတ် ကို အသုံးပြုပြီး တခြားလူကို မျက်နှာလုပ်နေတယ်လေ။ ဘယ်လို လူလဲ။
❄️❄️❄️
ရူဟန်က သူ့ရဲ့ အရွယ်အစား လျော့ချခြင်း အိတ်ထဲက အစိမ်းရော် ကြက်သွန်မြိတ်ပုံကြီးကို ကြည့်ပြီး ဒါတွေ ဘယ်လိုလုပ်ရမလဲ ဆိုတာကို စဉ်းစားလိုက်တယ်။ အင်မော်တယ်ဘိုင်ဇူးကို ရှာပြီး အင်မော်တယ် ဟင်းပွဲတွေနဲ့ လဲလှယ်ရမှာလား။
ဘိုင်ဇူးကို တွေးလိုက်တာနဲ့တပြိုင်နက် ရူဟန်က သွားရည် ကျလာတယ်။ သာမာန်အင်မော်တယ် ဟင်းပွဲတွေထက် ပိုကောင်းတဲ့ အင်မော်တယ် စားပွဲက ဟင်းပွဲတွေကို စားလိုက်ရရင် ဘယ်လောက် အရသာ ရှိလိမ့်မလဲ ဆိုတာကို သူစဉ်းစားလိုက်မိတယ်။
"ဟေး.. တာအိုရောင်းရင်းတို့" ဒီအချိန်မှာပဲ မိုးကြိုးပစ်ချသံ လို ကျယ်လောင်တဲ့ အသံကြီးတစ်ခုက ထွက်ပေါ်လာတယ်။
တာအိုရောင်းရငး် အားလုံးက ခေါင်းမော့ကြည့်လိုက်တော့ အသချေင်္စာအုပ်တောင် ကြီးက ခေါ်နေတာ ဖြစ်ကြောင်း တွေ့လိုက်ရတယ်။
"တာအိုရောင်းရင်းတို့ .. မင်းတို့ ဒီဦးလေး က ဒီတိုင်းထားတော့မှာလား။ ဒီဦးလေးရဲ့ ခြေထောက်တွေက ထုံနေပြီ။ ပြီးတော့ဒီလောက်ရှက်ဖို့ ကောင်းတဲ့ ပုံသဏ္ဍာန်နဲ့ နေနေရတာလေ။ ငါ့ကို ညှာတာ ကြပါအုန်း" အသချေင်္စာအုပ်တောင် က အသံတွေ တုန်ရီစွာနဲ့ ပြောလိုက်တယ်။
ကြိးမြတ်တဲ့ အဖြူက လက်ခုပ်တီးပြိး ပြောလိုက်တယ် "ငါ ဒိုင်မေးရှင်းထဲကနေ ထွက်လာတော့ တစ်ခုခု မေ့နေပါတယ်လို့ စဉ်းစားနေမိတာ။ အသချေင်္ တောင်ကြီးက မူလအတု်င်း ပြန်ထားပေးဖို့ မေ့နေတာပဲ"
"....." အသချေင်္ စာအုပ်တောင်။
"တာအိုရောင်းရင်းတို့ စကားပြောတာ ခဏရပ်ပြီး အရင်ဆုံး အသချေင်္စာအုပ်တောင်ကြီးကို ပြန်ထားလိုက်ရအောင်" ကြီးမြတ်တဲ့အဖြူ က ရယ်ရင်း ပြောလိုက်တယ်။
ဒါကြောင့် ကိုးစီရင်စု က တာအိုရောင်းရင်းတွေက ပြုံးပြီး ထရပ်လိုက်ကြတာ်။
အားရှီလျှူက သစ်ပင်ပေါ်က ခုန်ချပြီး ရူဟန်ဘေးကို ရောက်လာတယ်။
ရူဟန်က လက်ထဲမှာ မြက်ဓားအနည်းငယ်ကို ကိုင်ပြီး တစ်စုံတစ်ခုကို တွေးနေပုံပေါ်တယ်။
"ဒီမြက်ဓားတွေက ဓားမော့ဆန္ဒရဲ့ နက်နဲတဲ့ နည်းဥပဒေသတွေ ပါဝင်နေတာ မဟုတ်လား" အားရှီလျှူက ချက်ချငး်ပဲ မြက်ဓားတွေကို မှတ်မိလိုက်တယ်။
#Zawgyi
အပိုင်း (၇၄၇)ကစားသမား ရူဟန် က ကြက်သွန်မြိတ် ၂၀၀ ကို ရရှိခဲ့တယ်။
ထိန်းမနိုင် သိမ်းမရ ကြက်သွန်လေးက ဒီတစ်ကြိမ်မှာတော့ ရှောင်လို့ မရနိုင်ဘဲ အဖမ်းခံလိုက်ရပြန်တယ်။
ပြီးနောက် သူက ခေါင်းငုံ့ပြီး ရူးသွပ်နေသူ တစ်ယောက်လိုမျိုး သူ့ခြေသလုံးကို အားရပါးရ ထိုးကျြိတ်နေတဲ့ ကြက်သွန်လေးကို ကြည့်လိုက်တယ်။
ကြက်သွန်လေး နဲ့ ထိန်းမနိုင် သိမ်းမရ နညိးစနစ် က ဘယ်လို ကြောင့်များ လိုက်ဖက် အသားကျနေရတာလဲ။
ဥာဏ်ပညာရေကန် က ရယ်ပြီး ပြောလိုက်တယ် "ဒီလို မဖြစိအောင် ထိန်းမနိုင် သိမ်းမရ နည်းစနစ်ကို ဖယ်ရှားနိုင်မဲ့ နည်းလမ်းရှိလားး။"
".........." ရူဟန်။
❄️❄️❄️
"ကောင်းပြီ" ရူဟန်က ခေါင်းလှည့်ပြီး အနားက သွေးနီရောင် ကြက်သွန် အတက်ပုံ ကြီးကို ကြည့်လိုက်တယ် "မင်းက ထိန်းမနိုင် သိမ်းမရ ဖြစ်သွားရင် မင်းက တစ်ချိန်လုံးအော်ဟစ်ပြီး ခြေတစ်လှမ်းမှ နောက်မဆုတ်ပဲ ရဲရဲတောက် တိုက်ခိုက်တာပေါ့"
ကြက်သွန်လေး "......."
❄️❄️❄️
ဥာဏ်ပညာရေကန် အပြင်ဘက်မှာတော့ ..
မွန်းစတားသစ်ပင်လေးက ရေကန်ထဲကို လိုက်ဝင်လို့ မရခဲ့ပါဘူး။ သူမ က ငရဲပြည်က မိစ္ဆာလေ။ ဒီလို ထူးဆန်းတဲ့နေရာမျိုးကို သူမကိုယ်ပေါ်က မိစ္တာအငွေ့အသက်တွေ မသန့်စင်သေးချိန်မှာ ဝင်ရောက်လို့မရနိုင်ပါဘူ။
❄️❄️❄️
ဘယ်လိုအရေးကြီး ကိစ္စရှိတာမလို့ ဥာဏ်ပညာရေကန် က ရူဟန်ကို ခဏဆက်နေဖို့ ပြောခဲ့တာလဲ။
❄️❄️❄️
တာအိုရောင်းရင်း အားလုံးက ခေါင်းမော့ကြည့်လိုက်တော့ အသင်္ချေစာအုပ်တောင် ကြီးက ခေါ်နေတာ ဖြစ်ကြောင်း တွေ့လိုက်ရတယ်။
"....." အသင်္ချေ စာအုပ်တောင်။
"တာအိုရောင်းရင်းတို့ စကားပြောတာ ခဏရပ်ပြီး အရင်ဆုံး အသင်္ချေစာအုပ်တောင်ကြီးကို ပြန်ထားလိုက်ရအောင်" ကြီးမြတ်တဲ့အဖြူ က ရယ်ရင်း ပြောလိုက်တယ်။
"ဒီမြက်ဓားတွေက ဓားမော့ဆန္ဒရဲ့ နက်နဲတဲ့ နည်းဥပဒေသတွေ ပါဝင်နေတာ မဟုတ်လား" အားရှီလျှူက ချက်ချင်းပဲ မြက်ဓားတွေကို မှတ်မိလိုက်တယ်။
ကျင့်ကြံသူတို့ စကားဝိုင်းOpowieści tętniące życiem. Odkryj je teraz