အပိုင်း (၇၅၆)

211 38 2
                                    

#Unicode


မိစ္တာဆယ်ကောင်ရဲ့ ဖိအား။

အစောပိုင်းတုန်းက မိစ္ဆာက ကြီးမြတ်တဲ့အဖြူ လေထဲကို တစ်ခါသုံးဓားပျံတွေ ပစ်လွှတ်လိုက်တာ မြင်တယ်ဆိုပေမဲ့ သိပ်ဂရုမစိုက်ပါဘူး။

ပြီးတော့ ကြီးမြတ်သူအဆင့် လူသားကျင့်ကြံသူက သူ့ကိုမြင်တာ မဟုတ်ပါဘူး။ ကောင်းကင်ပေါ်ကို ကြုံသလို ပစ်လွှတ်လိုက်တာပါ။

ထပ်ပြောရရင် ဓားပျံက သိပ်မမြန်တာကြောင့် မိစ္ဆာက လွယ်လွယ်ကူကူပဲ ရှောင်နိုင်ပါတယ်။

ဒါပေမဲ့ သူ့ရဲ့ ကြီးမားတဲ့ ခန္ဓာကိုယ်ကြီးက သစ်သားဓားကို ရှောင်ခါနီးမှာပဲ နောက်ထပ် သစ်သားဓားတစ်ချောင်းက ဘယ်ကပေါ်လာမှန်း မသိဘဲ သူ့ဝမ်းဗိုက်နေရာကိုထိုးဖောက်သွားပါတယ်။ ပြီးနောက် ချက်ချင်းဆိုသလိုပဲ ပေါက်ကွဲထွက်သွားပြီး သူ့ရုပ်သဏ္ဍာန်ကို ထင်ပေါ်သွားစေတယ်။

ကောင်းကင်ကြီးက ကျယ်ပြောလွန်းလှတယ်။ ဒါပေမဲ့ ဒီလူသားကျင့်ကြံသူ ပစ်လိုက်တဲ့ ဓားပျံ ၁၀ ကြိမ်စာက သူ့ကို ထိသွားတယ်တဲ့လား။

ကြည့်ရတာ သူ ဒီနေ့ ကံမကောင်း တဲ့ပုံပဲ။

ဒါပေမဲ ့ကိစ္စမရှိပါဘူး။ သူ့ကို မြင်သွားပြီဆိုမှတော့ ထားလိုက်ပါတော့။.

ပြီးတော့ အစီအစဉ် က အစောကတည်းက အောင်မြင်နေပြီးသားလေ။

ဒီအချိန်ရောက်မှတော့ တိုက်ခိုက်မှုကို စတင်ရတော့မှာပေါ့။

ငရဲပြည်က မိစ္ဆာက ထူးဆနး်စွာ ရယ်လိုက်တယ်။ပြီးနောက် သူ့ရဲ ့ခန္ဓာကိုယ်ကြီးပေါ်က အကြေးခွံ တွေက လှုပ်ရှားသွားပြီး မတူညီတဲ့ အပေါက်တွေ ဖြစ်ပေါ်လာတယ်။

ရေတွက်လို့ မရတဲ ့မိစ္ဆာတွေက ဒီအကြေးခွံကြီးရဲ ့အောက်မှာ ရှိတဲ ့အပေါက်ကနေ ထွက်လာကြတယ်။ ပြီးနောက် တိမ်ဖြူကျောင်းဆီကိုခုန်ဆင်းလာကြတယ်။

တစ်ချိန်ထဲမှာပဲ တိမ်ဖြူကျောင်းရဲ ့ကောင်းကင်ပေါ်မှာ မဟာဗျူဟာ ကျကျ နေရယူထားတဲ့ မိစ္ဆာကိုးကောင်းက ရှိနေပါစေးတယ်။ သူတို့ကလည်း ပေါ်လာကြပြီး သူတို့ရဲ့ အကြေးခွံအောက်က အပေါက်တွေကို ဖွင့်ပြီး မိစ္ဆာတွေကို ဆင်းသက်စေတယ်။ မရေတွက်နိုင်လောက်အောင် များပြားတဲ ့မိစ္ဆာတွေက တိမ်ဖြူကျောင်းကို ဦးတည်လိုက်ကြတယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now